Connect with us

Hi, what are you looking for?

သတင်း

ပျဉ်းမနားက ဆည်မြောင်းမှာ ရေကူးသူတစ်ဦး ‌သေဆုံး

နေပြည်တော်၊ ပျဉ်းမနားမြို့မှာ ဆည်မြောင်းအတွင်း ရေဆင်းကူးတဲ့ အမျိုးသားတစ်‌ဦး သေဆုံးသွားတာကြောင့် သွားရောက်ကူညီခဲ့ရကြောင်း ပျဥ်းမနား အရန်မီးသတ်တပ်ဖွဲ့ KoHein Team က အသိပေးထားပါတယ်။

ဓာတ်ပုံ - Ko Hein/Fb

ဇွန်-၁၂၊၂၀၂၆။သတိုး/People’s Spring

နေပြည်တော်၊ ပျဉ်းမနားမြို့မှာ ဆည်မြောင်းအတွင်း ရေဆင်းကူးတဲ့ အမျိုးသားတစ်‌ဦး သေဆုံးသွားတာကြောင့် သွားရောက်ကူညီခဲ့ရကြောင်း ပျဥ်းမနား အရန်မီးသတ်တပ်ဖွဲ့ KoHein Team က အသိပေးထားပါတယ်။

ဒီနေ့(ဇွန် ၁၁) ညနေ ၄ နာရီခွဲလောက်မှာ ဆည်မြောင်းအတွင်း ရေဆင်းကူးတဲ့ အမျိုးသားတစ်ဦး ပြွန်လုံးထဲ ဝင်သွားပြီး ပြန်ထွက်မလာတော့တာကြောင့် သွားရောက်ကူညီခဲ့ရတာလို့ ပြောပါတယ်။

အဲဒီ့အမျိုးသားကို ကယ်ဆယ်ဖို့အတွက် ပျဉ်းမနားမြို့နယ်မီးသတ်စခန်းက ရေစုပ်စက် ၁ လုံး ၊ ပျဉ်းမနားမြို့နယ် အရန်မီးသတ် KoHeinTeam က ရေစုပ်စက် ၁ လုံး တို့နဲ့ ပြွန်လုံးထဲမှာရှိတဲ့ရေတွေကို စုပ်ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ပြွန်ထဲကရေတွေ စုပ်ထုတ်ပြီးချိန်မှာ အမှိုက်တွေကြားထဲ ရေနစ်သေဆုံးနေတဲ့ အမျိုးသားကို တွေ့ခဲ့ရပြီး ည ၈နာရီခွဲလောက်မှာ အပြင်ကိုထုတ်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွှတ်ကွင်းမြို့မှာ မနေ့က( ဇွန်လ ၁၅ ရက်) အသက် ၁၂ နှစ်အရွယ် အမွှာမောင်နှမအပါအဝင် ကလေးငယ်သုံးဦး ရေနစ်သေဆုံးခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီက သိရပါတယ်။

သတင်း

ပဲခူးတိုင်း၊ ဝါးမရမ်းကျေးရွာအုပ်စု၊ ဆပ်ပြာကျင်းကျေးရွာရှိ ဇလပ်ထော် ရေလှောင်တမံမှာပြီးခဲ့တဲ့ရက်ပိုင်း မေလ ၂၂ ရက်နေ့ခင်းပိုင်းမှာ ကလေးငယ်လေးဦးရေနစ်‌သေဆုံးခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်းအတွင်းမနေ့ (မေလ ၁၇ ရက်)တစ်ရက်တည်းမှာတင်ပြင်ဦးလွင်နဲ့ မဟာအောင်မြေမြို့နယ်တွေမှာကလေးလေးဦးရေနစ်သေဆုံးခဲ့တယ်လို့လူမှုကူညီရေးအဖွဲ့တွေထံကသိရပါတယ်။

သတင်း

ရန်ကုန်မြို့၊သန်လျင်မြို့နယ်က ကန်နီရေကန်မှာ လူငယ်ခြောက်ဦး ရေဆင်းကူးရာက နှစ်ဦးရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်း‌တွေက အသိပေးထားပါတယ်။