Connect with us

Hi, what are you looking for?

News

စစ်ကိုင်းတိုင်းဒီချုပ်ဥက္ကဌနှင့်တိုင်းဥပ​ဒေချုပ်ကို စစ်​ကောင်စီက ​ထောင် ၂ နှစ်ချ

ဦးခင်​မောင်လှအား ယခုကဲ့သို့ ထောင်ဒဏ်ချမှတ်ခြင်းကို ကန့်ကွက်ရှုတ်ချသည်ဟုလည်း စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူအချို့က ပြောသည်။

စစ်ကိုင်းတိုင်း​ဒေသကြီးဒီချုပ်ပါတီဥက္ကဌနှင့် တိုင်း​ဒေသကြီး ဥပ​ဒေချုပ်ဖြစ်သူ ဦးခင်​မောင်လှကို ပုဒ်မ ၅၀၅-ခဖြင့် စစ်ကောင်စီက ​ထောင်ဒဏ်(၂)နှစ် ချမှတ်လိုက်သည်။

ဦးခင်မောင်လှကို ယမန်နေ့(ဒီဇင်ဘာ ၁၇) က မုံရွာအကျဥ်းထောင်တွင် ထောင်တွင်း အထူးတရားရုံးဖြင့် တရားစီရင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်း​​ဒေသကြီးမှ ဒီချုပ်ပါတီဝင်များကပြောသည်။

ဦးခင်​မောင်လှအား ယခုကဲ့သို့ ထောင်ဒဏ်ချမှတ်ခြင်းကို ကန့်ကွက်ရှုတ်ချသည်ဟုလည်း စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူအချို့က ပြောသည်။

“ပြစ်မှုထင်ရှားခြင်းမရှိဘဲ မတရားအမိန့်ချမှတ်ခံရတာပါ။ဘာဖြစ်ဖြစ် NLDပါတီဝင်ဆို ​ထောင်ချမယ်ဆိုတဲ့လုပ်ရပ်ဖြစ်တယ်” ဟု ဒီချုပ်အစိုးရလက်ထက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဦးခင်မောင်လှသည် တရားစီရင်ရေးနယ်ပယ်တွင်နာမည်
ကောင်းရသူဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရပြီး ဒီချုပ်အစိုးရဖွဲ့ရာတွင် စစ်ကိုင်းတိုင်းဒေသကြီး ဥပဒေချူပ်အဖြစ် ခန့်အပ်ခံရခြင်းဖြစ်သည်။ ၎င်းသည် စစ်ကိုင်းမြို့ဇာတိဖြစ်ပြီး စစ်ကိုင်းတိုင်း​ဒေသကြီးဒီချုပ်ပါတီဥက္ကဌတာဝန်လည်း ယူထားသူ ဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲ အောင်မြင်ခဲ့သည့် ဒီချူပ်ပါတီက စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသားညီညွန်​ရေးအစိုးရမဖွဲ့ခင်ကာလမှာပင် ဦးခင်မောင်လှက စစ်ကိုင်းတိုင်းအတွင်း ဌာနဆိုင်ရာဝန်ထမ်းများအား တိုင်းဒေသကြီးအစိုးရကိုယ်စား ရုံးပိတ်ရက် ကြေငြာခဲ့သူဖြစ်သည်။ ထို့ကြောင့်ပင် စစ်ကောင်စီက ပုဒ်မ၅၀၅( ခ)တပ်ပြီး ပြစ်ဒဏ်ချခြင်းဟု စစ်ကိုင်းနိုင်ငံရေးအသိုက်အဝန်းကမှတ်ချက်ပြုသည်။

“စစ်အာဏာရှင်ကျဆုံးပါ​စေ။ဆရာလှကျန်းမာစွာဖြင့် အမြန်လွတ်​မြောက်ပါ​စေ” ဟု ဦးခင်မောင်လှအား ပုဂ္ဂိုလ်ရေးအရ ယုံကြည်လေးစားသူတစ်ဦးက ဆုတောင်းစကားပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းက မြို့နယ်ပေါင်း ၁၀ ခုမှာ ရေလွှမ်းမိုးမှုဖြစ်နေပြီး လူဦးရေ ၂သိန်းကျော် ရေဘေးသင့်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ် အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၈)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။