Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကိုင်းတိုင်းဒီချုပ်ဥက္ကဌနှင့်တိုင်းဥပ​ဒေချုပ်ကို စစ်​ကောင်စီက ​ထောင် ၂ နှစ်ချ

ဦးခင်​မောင်လှအား ယခုကဲ့သို့ ထောင်ဒဏ်ချမှတ်ခြင်းကို ကန့်ကွက်ရှုတ်ချသည်ဟုလည်း စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူအချို့က ပြောသည်။

စစ်ကိုင်းတိုင်း​ဒေသကြီးဒီချုပ်ပါတီဥက္ကဌနှင့် တိုင်း​ဒေသကြီး ဥပ​ဒေချုပ်ဖြစ်သူ ဦးခင်​မောင်လှကို ပုဒ်မ ၅၀၅-ခဖြင့် စစ်ကောင်စီက ​ထောင်ဒဏ်(၂)နှစ် ချမှတ်လိုက်သည်။

ဦးခင်မောင်လှကို ယမန်နေ့(ဒီဇင်ဘာ ၁၇) က မုံရွာအကျဥ်းထောင်တွင် ထောင်တွင်း အထူးတရားရုံးဖြင့် တရားစီရင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်း​​ဒေသကြီးမှ ဒီချုပ်ပါတီဝင်များကပြောသည်။

ဦးခင်​မောင်လှအား ယခုကဲ့သို့ ထောင်ဒဏ်ချမှတ်ခြင်းကို ကန့်ကွက်ရှုတ်ချသည်ဟုလည်း စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူအချို့က ပြောသည်။

“ပြစ်မှုထင်ရှားခြင်းမရှိဘဲ မတရားအမိန့်ချမှတ်ခံရတာပါ။ဘာဖြစ်ဖြစ် NLDပါတီဝင်ဆို ​ထောင်ချမယ်ဆိုတဲ့လုပ်ရပ်ဖြစ်တယ်” ဟု ဒီချုပ်အစိုးရလက်ထက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဦးခင်မောင်လှသည် တရားစီရင်ရေးနယ်ပယ်တွင်နာမည်
ကောင်းရသူဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရပြီး ဒီချုပ်အစိုးရဖွဲ့ရာတွင် စစ်ကိုင်းတိုင်းဒေသကြီး ဥပဒေချူပ်အဖြစ် ခန့်အပ်ခံရခြင်းဖြစ်သည်။ ၎င်းသည် စစ်ကိုင်းမြို့ဇာတိဖြစ်ပြီး စစ်ကိုင်းတိုင်း​ဒေသကြီးဒီချုပ်ပါတီဥက္ကဌတာဝန်လည်း ယူထားသူ ဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲ အောင်မြင်ခဲ့သည့် ဒီချူပ်ပါတီက စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသားညီညွန်​ရေးအစိုးရမဖွဲ့ခင်ကာလမှာပင် ဦးခင်မောင်လှက စစ်ကိုင်းတိုင်းအတွင်း ဌာနဆိုင်ရာဝန်ထမ်းများအား တိုင်းဒေသကြီးအစိုးရကိုယ်စား ရုံးပိတ်ရက် ကြေငြာခဲ့သူဖြစ်သည်။ ထို့ကြောင့်ပင် စစ်ကောင်စီက ပုဒ်မ၅၀၅( ခ)တပ်ပြီး ပြစ်ဒဏ်ချခြင်းဟု စစ်ကိုင်းနိုင်ငံရေးအသိုက်အဝန်းကမှတ်ချက်ပြုသည်။

“စစ်အာဏာရှင်ကျဆုံးပါ​စေ။ဆရာလှကျန်းမာစွာဖြင့် အမြန်လွတ်​မြောက်ပါ​စေ” ဟု ဦးခင်မောင်လှအား ပုဂ္ဂိုလ်ရေးအရ ယုံကြည်လေးစားသူတစ်ဦးက ဆုတောင်းစကားပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။