Connect with us

Hi, what are you looking for?

သတင်း

အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ဖယ်ရှား၊ ထရမ့်က သဘောတူညီမှုကို အသည်းအသန် လိုချင်ခဲ့တယ်လို့ အီရန်ပြော

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန် ဗဟိုစစ်ရေးကွပ်ကဲမှုဌာန (CENTCOM)က သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ညွှန်ကြားချက်အရ ရေတပ် ပိတ်ဆို့မှုတွေကို ပြန်လည် ရုပ်သိမ်းလိုက်ပြီလို့ ဇွန်လ ၁၈ ရက်နေ့က လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။ အီရန်နဲ့ အမေရိကန် သမ္မတတွေဟာ စစ်ပြေငြိမ်းရေး သဘောတူညီချက် နားလည်မှု စာချွန်လွှာကို ဇွန်လ ၁၇ ရက်နေ့က သီးခြားစီ လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါတယ်။

အမေရိကန်ဟာ စစ်ပွဲအတွင်း အီရန်နဲ့ အပစ်ရပ် သဘောတူညီမှု ရခဲ့တဲ့နောက် အီရန်ကို စီးပွားရေးအရ ဖိအားပေး ပိတ်ဆို့ဖို့အတွက် ရေတပ်အင်အား အလုံးအရင်း ဖြန့်ကျက်ပြီး ပိတ်ဆို့ထားခဲ့တာ ဖြစ်ပါတယ်။ အခုတော့ အဲဒီ ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးလိုက်ပြီ ဖြစ်ပေမယ့် အနီးတဝိုက် ရေပြင်မှာ အမေရိကန် စစ်သင်္ဘောတွေ ဆက်ရှိနေမယ်လို့ CENTCOMက ဆိုပါတယ်။

ဇွန်လ ၁၈ ရက်နေ့မှာတော့ အီရန် အစိုးရ အဓိပတိ မော့ဂျ်တာဘာ ခါမေနီက သူဟာ အမြင်မတူတာတွေ ရှိပေမယ့်လည်း အီရန်-အမေရိကန် ညှိနှိုင်း သဘောတူထားတဲ့ အချက်တွေကို လက်ခံပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်အပိုင်းကို အမြင်မတူတာလဲ ဆိုတာကိုတော့ သူက ထုတ်မပြောခဲ့ပါဘူး။ သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက အီရန်နိုင်ငံရဲ့ ရပိုင်ခွင့်တွေကို အစွမ်းကုန် ကာကွယ်ပါ့မယ်လို့ အာမခံ ကတိပေးခဲ့တာကြောင့်လည်း သူက ဒီကိစ္စကို လိုက်လျောခဲ့တာလို့ မော့ဂျ်တာဘာက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မော့ဂျ်တာဘာက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ သဘောတူညီမှု တစ်ခုခု ရယူဖို့ အသည်းအသန် အဆင့်မျိုး ဖြစ်နေခဲ့ပြီး အဲဒီအတွက်လည်း ညှိနှိုင်းမှု နည်းလမ်းပေါင်းစုံနဲ့ အီရန်ကို ချဉ်းကပ်ခဲ့ကြောင်း ပြောပါတယ်။

တစ်နေ့နေ့မှာ အီရန်နဲ့ အမေရိကန် အစိုးရတွေကြား မျက်နှာစုံညီ ညှိနှိုင်းမှုတွေ ရှိလာဖို့လည်း သူ့အနေနဲ့ မျှော်လင့်ကြောင်း မော့ဂျ်တာဘာက ဆိုပါတယ်။ ဒါပေမဲ့ သူ့စကားရဲ့ အဓိပ္ပါယ်က ရန်သူ တောင်းဆိုတာတွေကို လိုက်လျောပေးမယ်ဆိုတဲ့ သဘောမျိုးတော့ မဟုတ်ဘူးလို့လည်း အီရန် အဓိပတိက သတိပေးသွားပါတယ်။

ဒါဟာ အီရန်နဲ့ အမေရိကန်ကြား ဆွေးနွေး ရယူခဲ့တဲ့ သဘောတူညီမှုတွေနဲ့ ပတ်သက်ပြီး မော့ဂျ်တာဘာဆီက ပထမဆုံးအကြိမ် သဘောထားမှတ်ချက် ပေးလာခြင်းလည်း ဖြစ်ပါတယ်။ သူဟာ အီရန်စစ်ပွဲ ပထမဆုံးနေ့မှာတင် လုပ်ကြံခံခဲ့ရတဲ့ ဖခင်ဖြစ်သူ အဓိပတိယောင်း အယာတိုလာ အလီ ခါမေနီရဲ့ အရိုက်အရာကို ဆက်ခံခဲ့သူပါ။ ဒါပေမဲ့ စစ်ပွဲကာလ တလျှောက်လုံးမှာ မော့ဂျ်တာဘာဟာ လူမြင်ကွင်းရှေ့ကို အထင်အရှား ထွက်ပေါ်လာတာမျိုးကနေ ရှောင်တိမ်းနေခဲ့ပါတယ်။

မော့ဂျ်တာဘာရဲ့ စကားနဲ့ ပတ်သက်လို့ ထရမ့်က တိုက်ရိုက် မတုံ့ပြန်ပေမယ့် လက်ဘနွန် အပါအဝင် အရှေ့အလယ်ပိုင်း ဒေသက စစ်မျက်နှာ အားလုံးမှာ တိုက်ပွဲတွေ ရပ်နားသွားဖို့ သူမျှော်လင့်ကြောင်း လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားခဲ့ပါတယ်။

စစ်ပွဲရပ်စဲနိုင်ရေးအတွက် အီရန်နဲ့ အမေရိကန်တို့ဟာ အချက် ၁၄ ခုပါတဲ့ သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ အဲဒီထဲမှာ အီရန် ပိတ်ဆို့ထားတဲ့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ဖို့၊ အမေရိကန် ရေတပ်ရဲ့ ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့ ဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။ တစ်ဖက်မှာတော့ အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေက အီရန်အတွက် ပြန်လည်တည်ဆောက်ရေး ရန်ပုံငွေ အနည်းဆုံး ဒေါ်လာ ၃၀၀ ဘီလီယံလောက် ရင်းနှီးထည့်ဝင်ပေးရမယ်ဆိုတဲ့ တောင်းဆိုချက်ကို လိုက်လျောခဲ့တဲ့အတွက် အာဏာရ ရီပတ်ဘလစ်ကန် ပါတီဝင်တွေ အပါအဝင် အမေရိကန် နိုင်ငံရေး ရပ်ဝန်းမှာ ထရမ့်အပေါ် ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။