Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်မယ့် ဘင်္ဂလားဒေ့ရှ်ရဲ့ ကမ်းလှမ်းမှုကြောင့် အိန္ဒိယ စိုးရိမ်နေ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ တရုတ်လုပ် J-10CE ဘက်စုံသုံး တိုက်လေယာဉ် အစီး ၂၀ လောက်ထိ ဝယ်ယူဖို့ ပြင်ဆင်ထားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒီအခြေအနေဟာ ပြိုင်ဘက် တရုတ်နိုင်ငံက အာရှတောင်ပိုင်း ကာကွယ်ရေး နည်းပညာ ကဏ္ဍမှာ ပိုပြီး ခြေကုပ်နေရာယူမှု ချဲ့ထွင်လာနိုင်တဲ့ သဘောမျိုး ဖြစ်နေတာကြောင့်လည်း အိန္ဒိယက စိုးရိမ်နေတာပါ။ အိန္ဒိယနဲ့ တရုတ်တို့ဟာ အာရှတိုက်ရဲ့ ဒေသတွင်း အင်အားကြီးပြိုင်ဘက် အိမ်နီးချင်းတွေအဖြစ် ရပ်တည်နေကြပါတယ်။

တရုတ်ဟာ J-10CE တိုက်လေယာဉ်တွေကို အိန္ဒိယရဲ့ ခါးသီးပြိုင်ဘက် ပါကစ္စတန်ဆီကိုလည်း ရောင်းချထားပြီး မနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ အိန္ဒိယ-ပါကစ္စတန် စစ်ရေးပဋိပက္ခမှာတော့ ပါကစ္စတန် လေတပ်ရဲ့ J-10CE တိုက်လေယာဉ် တစ်စီးဟာ အိန္ဒိယ လေတပ်က ပိုင်ဆိုင်တဲ့ ပြင်သစ်လုပ် Rafale တိုက်လေယာဉ် အနည်းဆုံး ၁ စီးကို ပစ်ချနိုင်ခဲ့ပါတယ်။

အဲဒီဖြစ်ရပ်နောက်ပိုင်း Chendu ကုမ္ပဏီက ထုတ်လုပ်တဲ့ တိုက်လေယာဉ်တွေအပေါ် နိုင်ငံတကာ စျေးကွက်ထဲမှာ စိတ်ဝင်စားမှု ပိုမို မြင့်တက်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဘင်္ဂလားဒေ့ရှ်ဟာ J-10CE တိုက်လေယာဉ်တွေ၊ ဆက်စပ် လက်နက်စနစ်တွေ၊ သယ်ယူပို့ဆောင်မှုနဲ့ လေ့ကျင့်ရေး အစီအစဉ်တွေအတွက် ဒေါ်လာ ၂.၂ ဘီလီယံတန် ကမ်းလှမ်းမှု တစ်ခုကို တရုတ်ဆီ ပေးပို့ထားတယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ရှိတ်ခ်ဟာဆီနာက ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ကာလတွေအတွင်း အိန္ဒိယနဲ့ နီးစပ်တဲ့ ဆက်ဆံရေး ရှိခဲ့ပေမယ့် ဟာဆီနာ ပြုတ်ကျသွားတဲ့နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်ကြား ပိုမို နီးစပ်တဲ့ ထိတွေ့မှုတွေ ရှိလာခဲ့ပါတယ်။

J-10CEတွေဟာ တရုတ် လေတပ်မှာ အသုံးပြုနေတဲ့ J-10Cတွေရဲ့ ပြည်ပ တင်ပို့ရောင်းချတဲ့ ဗားရှင်းတွေဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်းကို အနည်းငယ် လျှော့ချထားပါတယ်။ အဲဒီ လေယာဉ်တွေကို မျိုးဆက် ၄.၅ အဆင့် ပလက်ဖောင်းတွေပေါ်မှာ အခြေပြု တည်ဆောက်ထားတာပါ။ အဓိပ္ပါယ်ကတော့ ကမ္ဘာအနှံ့မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတဲ့ စတုတ္ထမျိုးဆက် တိုက်လေယာဉ် အများစုထက် နည်းပညာနဲ့ စွမ်းဆောင်ရည်ပိုင်း သာလွန်ပေမယ့် ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေလို ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် (stealth) စွမ်းရည်ကိုတော့ ပိုင်ဆိုင်မထားပါဘူး။

ပါကစ္စတန်နည်းတူ ဘင်္ဂလားဒေ့ရှ်ကလည်း ကာကွယ်ရေး အခင်းအကျင်းမှာ တရုတ် တိုက်လေယာဉ်တွေကို အသုံးပြုဖို့ စိတ်ဝင်စားလာတာဟာ အိန္ဒိယအတွက် အချက်ပေး ခေါင်းလောင်းသံ ဖြစ်လာကြောင်း နိုင်ငံတကာ စစ်ရေး အကဲခတ်တွေက ပြောပါတယ်။ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်မှာ တရုတ် တိုက်လေယာဉ်တွေ အခြေစိုက်လာပြီဆိုရင် အိန္ဒိယရဲ့ အရှေ့ခြမ်း လုံခြုံရေး အစီအမံတွေမှာ ဝန်ထုပ်ဝန်ပိုး ပိုမို ကြီးမားလာနိုင်ခြေ ရှိနေပါတယ်။

တရုတ် အတွက်တော့ ဘင်္ဂလားဒေ့ရှ်ဆီ တိုက်လေယာဉ်တွေ ရောင်းချပေးခဲ့မယ်ဆိုရင် ဘင်္ဂလား ပင်လယ်အော် ရပ်ဝန်းမှာ ဩဇာ ဖြန့်ကျက် လွှမ်းမိုးနိုင်ရေး မဟာဗျူဟာ အစီအမံအတွက် ထိရောက်တဲ့ တွန်းအားတစ်ရပ် ဖြစ်လာနိုင်ပါတယ်။ တရုတ်ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ စစ်လက်နက် ပစ္စည်း ၇၀ ရာခိုင်နှုန်းကျော်ကို ထောက်ပံ့ပေးထားပြီးသားပါ။

ဘင်္ဂလားဒေ့ရှ်ရဲ့ လက်နက်တိုက်ထဲမှာ တရုတ်ရဲ့ ရေငုပ်သင်္ဘောတွေ၊ သံချပ်ကာယာဉ်တွေ၊ ဒုံးကျည်စနစ်တွေ၊ တင့်ကားတွေနဲ့ လေယာဉ်တွေ ရှိနေပြီးသားပါ။ လေကြောင်း ကာကွယ်ရေး ကဏ္ဍမှာ အရေးကြီး အစိတ်အပိုင်းတွေ ဖြစ်လာနိုင်တဲ့ J-10CEတွေကိုပါ တရုတ်ဆီကနေ ဝယ်ယူမယ်ဆိုရင် ဘင်္ဂလားဒေ့ရှ် အနေနဲ့ ကာကွယ်ရေး စွမ်းရည်အတွက် တရုတ်အပေါ် ပိုမို မှီခိုရမယ့် အဓိပ္ပါယ်မျိုးလည်း သက်ရောက်လာမှာ ဖြစ်ပါတယ်။

ကိုးကား: Defence Security Asia

ဆက်စပ်သတင်းများ

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာ

လူသိများတဲ့ ခွေးလေးတစ်ကောင် အခိုးခံရပြီး ချက်စားခံလိုက်ရတဲ့ ဖြစ်စဉ်အပြီး တရုတ်နိုင်ငံက ခွေးသား ရောင်းဝယ် ဖောက်ကားမှုနဲ့ ပတ်သက်တဲ့ အငြင်းအခုံတွေ တကျော့ပြန် ဆူညံလာခဲ့ပါတယ်။