Connect with us

Hi, what are you looking for?

News

အမေရိကန်နှင့်ပြင်သစ်က MOGE ကို ပိတ်ဆို့အရေးယူရေး တောင်းဆိုသည့်အွန်လိုင်းကမ်ပိန်းစတင်

“အကြမ်းဖက်စစ်ကောင်စီကို လစဉ်ဒေါ်လာသန်းပေါင်းများစွာရှာဖွေပေးနေတဲ့ MOGE ကို စီးပွားရေးပိတ်ဆို့ အရေးယူဒဏ်ခတ်ဖို့ အားလုံးပူးပေါင်းပါဝင်ကြပါစို့” ဟု Justice for Myanmar က တောင်းဆိုသည်။

အမေရိကန်နှင့် ပြင်သစ်အစိုးရက မြန်မာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန်း(MOGE)ကို ပိတ်ဆို့အရေးယူရန် အွန်လိုင်းက တောင်းဆိုသည့်ကမ်ပိန်းတစ်ခု စတင်ကြောင်း Justice for Myanmar က ထုတ်ပြန်ကြေညာသည်။

အဆိုပါ ပိတ်ဆို့အရေးယူရေးအတွက် မြန်မာပြည်သူ လူထုပါဝင်လက်မှတ်ရေးထိုးရန် လက်မှတ်အရေအတွက် ၃ သိန်းလိုအပ်နေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“အကြမ်းဖက်စစ်ကောင်စီကို လစဉ်ဒေါ်လာသန်းပေါင်းများစွာရှာဖွေပေးနေတဲ့ MOGE ကို စီးပွားရေးပိတ်ဆို့ အရေးယူဒဏ်ခတ်ဖို့ အားလုံးပူးပေါင်းပါဝင်ကြပါစို့” ဟု Justice for Myanmar က တောင်းဆိုသည်။

အဆိုပါ အွန်လိုင်းကမ်ပိန်းကို https://bit.ly/3GPaye0 မှ ဝင်ရောက်လုပ်ဆောင်နိုင်မည်ဖြစ်ပြီး စစ်အာဏာရှင်ကို သတ္တိရှိရှိ တွန်းလှန်နေသည့် မြန်မာပြည်သူများ၏ စည်းလုံးညီညွတ်မှုကို ပြသ ရန် ယခုကမ်ပိန်းကို ပါဝင်ကာ အာဏာရှင်ဒေါင်တိုင်မှန်သမျှ ဖြတ်တောက်ရန် Justice for Myanmar က တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသမှာရှိတဲ့ အမေရိကန် တပ်တွေကို အီရန်က အငိုက်ဖမ်း တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတစ်မြို့နဲ့ အရမ်းနီးကပ်တဲ့ နေရာထိ တောမီးတွေ ကူးစက်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အောင်မြင်ဖို့ အကောင်းမြင် မျှော်လင့်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook