အမေရိကန်နှင့် ပြင်သစ်အစိုးရက မြန်မာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန်း(MOGE)ကို ပိတ်ဆို့အရေးယူရန် အွန်လိုင်းက တောင်းဆိုသည့်ကမ်ပိန်းတစ်ခု စတင်ကြောင်း Justice for Myanmar က ထုတ်ပြန်ကြေညာသည်။
အဆိုပါ ပိတ်ဆို့အရေးယူရေးအတွက် မြန်မာပြည်သူ လူထုပါဝင်လက်မှတ်ရေးထိုးရန် လက်မှတ်အရေအတွက် ၃ သိန်းလိုအပ်နေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
“အကြမ်းဖက်စစ်ကောင်စီကို လစဉ်ဒေါ်လာသန်းပေါင်းများစွာရှာဖွေပေးနေတဲ့ MOGE ကို စီးပွားရေးပိတ်ဆို့ အရေးယူဒဏ်ခတ်ဖို့ အားလုံးပူးပေါင်းပါဝင်ကြပါစို့” ဟု Justice for Myanmar က တောင်းဆိုသည်။
အဆိုပါ အွန်လိုင်းကမ်ပိန်းကို https://bit.ly/3GPaye0 မှ ဝင်ရောက်လုပ်ဆောင်နိုင်မည်ဖြစ်ပြီး စစ်အာဏာရှင်ကို သတ္တိရှိရှိ တွန်းလှန်နေသည့် မြန်မာပြည်သူများ၏ စည်းလုံးညီညွတ်မှုကို ပြသ ရန် ယခုကမ်ပိန်းကို ပါဝင်ကာ အာဏာရှင်ဒေါင်တိုင်မှန်သမျှ ဖြတ်တောက်ရန် Justice for Myanmar က တိုက်တွန်းသည်။

Public Service Announcement
















































