Connect with us

Hi, what are you looking for?

သတင်း

ချောက်မြို့နယ်မှာ ဂွေးပင်စခန်းမှူးကား တိုက်ခိုက်ခံရပြီး စခန်းမှူး သေ၊ နယ်ထိန်း ဒဏ်ရာရ

ဇွန် -၂၂၊ ၂၀၂၆။ ထားမြတ်၊မိုမို/People’s Spring

မကွေးတိုင်း၊ ချောက်မြို့နယ်လမ်းပိုင်း တနေရာမှာ စစ်တပ်လက်အောက်ခံ ဂွေပင်စခန်းမှူးလိုက်ပါလာတဲ့ကား တိုက်ခိုက်ရာ စခန်းမှူး သေဆုံးပြီး နယ်ထိန်းရဲ ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၄ရက် မနက်အစောပိုင်းက ချောက်မြို့နယ် ဂွေးပင်ရွာရဲစခန်းမှူး လှမိုးအောင် လိုက်ပါလာတဲ့ ကားကို စောင့်ကြိုပစ်ခတ်ခဲ့တာလို့ မှတ်တမ်း ရုပ်သံဖော်ပြ အသိပေးပါတယ်။

“ဂွေးပင်က ချောက်-ရေနံချောင်း လမ်းပေါ်မှာရှိတယ်။ ပေါ်တာဆွဲငွေညစ်တာ တွေလုပ်တယ်။နယ်ထိန်းကတော့ပိုးဆိုးတယ်”လို့ ချောက်မြို့နယ် ပကဖ တာ၀န်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ပြည်သူကို မတရားဖမ်းဆီး၊ ငွေညှစ်၊ ပေါ်တာဆွဲနေသည့် စစ်ကောင်စီလက်ပါးစေများကို တိုင်း/ခရိုင်/မြို့နယ် မဟာမိတ်ပူးပေါင်းအဖွဲ့မှ ထိရောက်စွာ အပြစ်ပေးလိုက်ပြီ ဖြစ်သည်” လို့ ဖော်ပြထားပါတယ်။

ပြည်သူကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီလက်ပါးစေများနဲ့ စစ်ကြောင်းများကို ဆက်လက်ချေမှုန်းသွားမယ်လို့လည်း ချောက်ပကဖက ထုတ်ပြန်ပါတယ်။

ပူးပေါင်းတပ်ရဲ့ စစ်ဆင်ရေးကြောင့် ဂွေးပင်စခန်းမှူး လှမိုးအောင် နေရာမှာ ပွဲချင်းပြီး သေဆုံးကာ နယ်ထိန်း တင်လင်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရသွားတဲ့ နယ်ထိန်းဟာ ဒဏ်ရာပြင်းထန်လို့ ကျောက်ပန်းတောင်းဆေးရုံမှာ လက်ဖြတ်လိုက်ရသလို ခြေထောက်မှာလည်း အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ဆင်ရေးအတွင်း ပကဖနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ဘက်မှ အထိအခိုက်မရှိဟု အသိပေးပါတယ်။

ရုပ်သံ – ချောက် ပကဖ

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်က စစ်တပ်စစ်ဆေးရေးဂိတ် တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ချောက် ပ.က.ဖ )က ဒီကနေ့ ဇွန်လ ၂၃ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတဦး လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ဘက်ပူးပေါင်းပြီး အလင်းဝင်လာတယ်လို့ Chauk Revolution Army-CRA မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတင်း

မကွေးတိုင်း ၊ချောက်မြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုဒေသတော်လှန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ရာ ထိခိုက်မှုရှိပြီး ပြန်ဆုတ်သွားတယ်လို့ ချောက်မြို့နယ်တော်လှန်ရေးတပ် (CRA)ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်တပ်က ဂွေးပင်လေးရွာကို ဝင်စီးပြီး နေအိမ်တွေကို မီးရှို့ကာ ကျပ်သိန်း ၄၀၀ကျော်ဖိုး ခိုးယူသွားကြောင်း ဒေသခံများက ပြော​ပါတယ်။