ဇွန်-၂၄၊၂၀၂၆။People’s Spring
၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု ဒုတိယပွဲစဥ်တွေ ယှဥ်ပြိုင်ပြီးချိန် အုပ်စု ၁၂ စုရဲ့ အုပ်စုတွင်းရပ်တည်မှု အခြေအနေဖြစ်ပါတယ်။
အုပ်စု ၁၂ စု ၊အသင်းပေါင်း ၄၈ သင်းယှဥ်ပြိုင်တဲ့ ပြိုင်ပွဲမှာ ပွဲစဥ် ၂ အပြီး ၂ ပွဲစလုံးအနိုင် ရမှတ် ၆ မှတ်စီနဲ့ ရှုံးထွက်အဆင့်တက်ရောက်နိုင်တဲ့အသင်းတွေက အိမ်ရှင် မက္ကဆီကို ၊အမေရီကန် ၊ဂျာမနီ ၊ပြင်သစ် ၊နော်ဝေ ၊ အာဂျင်တီးနားနဲ့ကိုလံဘီယာတို့ဖြစ်ပါတယ်။ဒီအသင်းတွေက အုပ်စုနောက်ဆုံးပွဲ ဘယ်လိုရလဒ်ထွက်ထွက် ၃၂ သင်းရှုံးထွက်အဆင့်တက်ရောက်သွားပါပြီ ။












ကနေဒါ ၊ဘရာဇီး ၊နယ်သာလန် ၊အီဂျစ် ၊ စပိန်၊အဂ်လန်တို့ကလည်း တစ်ပွဲနိုင် တစ်ပွဲသရေ ရမှတ် ၄ မှတ်စီ နဲ့ သက်ဆိုင်ရာအုပ်စုတွေကိုဦးဆောင်နေပြီး နောက်တဆင့်တက်ဖို့အခြေအနေကောင်းနေပါတယ် ။

Public Service Announcement
အုပ်စု ၁၂ စုထဲက အုပ်စု ပထမ နဲ့ ဒုတိယအသင်း ၂ သင်းစီအပြင် အုပ်စုတတိယအကောင်းဆုံး ၈ သင်းကိုပါနောက်တဆင့်တက်ခွင့်ရမှာဖြစ်လို့ ၄ မှတ်ရတဲ့အသင်းတွေကလည်း နောက်တဆင့်တက်ခွင့်ရဖို့သေချာသလောက်ဖြစ်နေတာပါ။ဒါအပြင် ၂ပွဲစီကစားပြီးချိန် တတိယရတဲ့အသင်းတွေဟာ ရမှတ်အများဆုံး ၃ မှတ်အထိပဲရယူထားနိုင်သေးတွေ့ရပါတယ် ။
အုပ်စုနောက်ဆုံးပွဲတွေအပြီး နောက်တဆင့်တက်ဖို့ဆုံးဖြတ်တဲ့အခါ ရမှတ်တူနေရင် ထိပ်တိုက်တွေ့ဆုံမှု (head to head)အသာရတာကို အဓိကထားဆုံးဖြတ်မှာဖြစ်ပြီး ဂိုးကွာချက်ကဒုတိယဦးစားပေးဖြစ်မှာဖြစ်ပါတယ်။


















































