Connect with us

Hi, what are you looking for?

သတင်း

နတ်မောက်မြို့နယ် စစ်တပ် လေကြောင်းတိုက်ခိုက်မှု အရပ်သားတွေ မိသားစုလိုက် သေဆုံး

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် အရပ်သားတွေ မိသားစုလိုက်သေဆုံးခဲ့ရတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က မနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဇွန် -၂၆၊၂၀၂၆။မိုမို/People’s Spring

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် အရပ်သားတွေ မိသားစုလိုက်သေဆုံးခဲ့ရတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က မနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဇွန်လ ၂၅ ရက် ညနေ ၄ နာရီခွဲမှာ နတ်မောက်မြို့နယ်အရှေ့ခြမ်း သမုန်းကုန်းကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာ ၂စီးနဲ့ ပေါင် ၅၀၀ ဗုံး ၄လုံးကြဲတိုက်ခိုက်တဲ့အပြင် လက်နက်တွေနဲ့ပါ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်ခံရမှုမှာ သမုန်းကုန်းကျေးရွာ နေအိမ်တစ်အိမ်က မိသားစု ၃ဦးနဲ့အတူ တခြား ၂ဦး စုစုပေါင်း ပြည်သူ ၅ဦး သေဆုံးပြီး ဒဏ်ရာပြင်းထန်သူတွေရှိတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အသက်(၃၃)နှစ်အရွယ် မသန်းသန်းမော် နဲ့သားဖြစ်သူ (၁၂)နှစ်အရွယ် မောင်အောင်ဘုန်းခန့်၊ (၈)နှစ်အရွယ် မောင်ညီဘုန်းခန့်တို့ အပါအဝင် အသက်(၃၉)နှစ်အရွယ် ကိုချစ်ဦး၊ အသက်(၆၉)နှစ်အရွယ် ဒေါ်ရီတို့ဟာ လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာမှာ သေဆုံးခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် ဒဏ်ရာပြင်းထန်တဲ့သူ ၃ဦးလည်းရှိပါတယ်။

“တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ ပြည်သူတွေ အပေါ်အခုလို အကြောင်းမဲ့လုပ်ရပ်တွေကိုနိုင်ငံတဝှမ်းလုပ်ဆောင်နေတာဖြစ်လို့ ပြည်သူများအနေနဲ့အထူးဂရုစိုက်ကြပါရန်အထူးပြောလိုပါတယ်”လို့ နတ်မောက် ပကဖ တာ၀န်ရှိသူက ပြောပါတယ်။

မကွေး – ကံပြား – နတ်မောက်လမ်းပေါ်မှာရှိပြီး နတ်မောက်မြို့နဲ့ (၇)မိုင်ခန့်အကွာက စစ်တပ် အခိုင်အမာတပ်စွဲထားတဲ့ ပိတောက်ငုတ် ပျူစောထီးကျေးရွာကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ခဲ့တာရှိပါတယ်။

နတ်မောက်မြို့နယ်အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ အခု ၂၀၂၆ဧပြီလကတည်းက လက်ရှိအချိန်ထိ မကြာခဏစစ်ကြောင်းထိုးနေပါတယ်။

ပြီးခဲ့တဲ့လပိုင်းကလည်း စစ်တပ်ဟာ ဖတ်တောရေ၊ကျီးကန်၊ ကန်ဦးကုန်း၊ ရုံးပင်ကွက် ကျေးရွာတွေက နေအိမ်တွေကို ဖောက်ထွင်းပြီး မီးရှို့တဲ့အပြင် အရပ်သား ၃ဦးထက်မနည်းကို သတ်ဖြတ်ထားပါတယ်။

အလယ်ရိုးမနဲ့ဆက်စပ်နေပြီး သစ်တောကြိုးဝိုင်းတွေရှိနေတဲ့ နတ်မောက်မြို့အရှေ့ခြမ်းက တော်လှန်ရေးတပ်စခန်းတွေ ကို ရှင်းလင်းရေးနဲ့ နယ်မြေစိုးမိုး ရေးကို စစ်တပ်က ကြိုးပမ်းနေတာဖြစ်ပါတယ်။

နေပြည်တော်-မကွေး-မန္တလေးတိုင်း သုံးခုဆုံမှတ် သဏ္ဍန်ရှိနေတဲ့ နတ်မောက်မြို့နယ်မှာ စစ်တပ်ရဲ့ ရွာမွန် ပင်မစစ်လက်နက်ပစ္စည်းတပ်(ပပနတပ်)နဲ့ ဒန့်ဒလွန်ပင် ဆက်သွယ်ရေးတပ်အခြေစိုက်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းမိထားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သားနဲ့ မိသားစုဝင်တွေ ထားရှိရာ နေရာတွေကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ၇ကြိမ် ပြုလုပ်ခဲ့ရာ ထိမ်းသိမ်းခံထားရသူ ၂၀၀ ကျော် သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို စုံစမ်းဖော်ထုတ် မှတ်တမ်းတင်ပေးနေတဲ့ MyanmarWitness...

သတင်း

ဖားကန့်မှာ စစ်ကောင်စီက ၉တန်းကျောင်းသားတစ်ဦးကိုဖမ်းဆီးသွားပြီး ငါးရက်ကြာတဲ့အထိ ပြန်မလွှတ်သေးဘဲ အဆက်အသွယ်ပြတ်နေတဲ့အတွက် မိသားစုဝင်‌တွေနဲ့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

သတင်း

ကမ္ဘာ့ ခရစ်ယာန် ဘုရားကျောင်းများ ကောင်စီ (WCC)က အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေတဲ့ အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ကို အပြင်းအထန် ရှုတ်ချကြောင်း ကြေညာခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းက အရပ်သား ၃ဦး သတ်ဖြတ်သွားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။