မန္တလေး မဟာအောင်မြေကျောက်မျက်ရောင်းဝယ်ရေးစခန်း ပြင်ပနေရာတွေမှာ အခန်းဌားပြီး တရုတ်ကုန်သည်တွေနဲ့ ကျောက်အရောင်းအဝယ်ပြုလုပ်တဲ့နေရာကို စစ်ကောင်စီက စီးနင်းထားတယ်လို့ ကျောက်ကုန်သည်တွေထံကနေစုံစမ်းသိရပါတယ်။
ကျောက်ဝိုင်းပြင်ပ ၄၃လမ်း ၊၈၄လမ်းနဲ့ ၁၅လမ်းဘက်ရှိ အခန်းနှစ်ခုမှာ We Chatနဲ့ ကျောက်အရောင်းအဝယ်ပြုလုပ်နေတဲ့ ပွဲစား၊ ကုန်သည် လူ၃၀၀လောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီနေ့ မွန်းလွဲပိုင်းမှာ စီးနင်းဖမ်းဆီးထားတာဖြစ်ပါတယ်။
“အဲအခန်းတွေက we chatကနေ တရုတ်ကုန်သည်နဲ့ တိုက်ရိုက်လုပ်နေတာ၊သဘောက ဝိုင်းထဲမှာ ဝင်မလုပ်လို့ ဝင်ဖမ်းတဲ့သဘောပဲ၊အခုတော့ ညှိနေကြတယ်ပြောတယ်၊ပြင်ပ အခင်းဝိုင်းလေးတွေတော့ အဲလိုဝင်ဖမ်းတာမရှိသေးဘူး၊အခုတော့ အဲနားစစ်ကားတွေရောက်လာပြီ”လို့ကျောက်ကုန်သည်တစ်ဦးကပြောပါတယ်။
စစ်ကောင်စီဟာ အခွန်ရရှိဖို့အတွက် ကျောက်ဝိုင်းအတွင်းမှာ ဝင်ရောက်ပြီး အရောင်းဝယ်ပြုလုပ်ဖို့ ပြီးခဲ့တဲ့ရက်တွေက သေနတ်ပစ်ဖောက်ပြီး ခြိမ်းခြောက်တာ ၊ ဖမ်းဆီးတာတွေပြုလုပ်ခဲ့ပါတယ်။

Public Service Announcement
လက်ရှိ စီးနင်းထားတဲ့ အခန်းနှစ်ခန်းမှာ သိန်းထောင်ချီရှိ ကျောက်တွေကိုအရောင်းအဝယ်ပြုလုပ်ကြတယ်လို့သိရပါတယ်။


















































