ဇူလိုင်-၄၊၂၀၂၆။People’s Spring
ကမ္ဘာ့ဖလား လက်ရှိချန်ပီယံ အာဂျင်တီးနားနဲ့ ကိပ်ဗာဒီတို့ရဲ့ အကြိတ်အနယ်ယှဥ်ပြိုင်ကြတဲ့ ပွဲစဥ်မှာ မက်ဆီက ၁ ဂိုးထပ်သွင်းနိုင်တာကြောင့် စံချိန်သစ် ၂ ခုထပ်တင်နိုင်ခဲ့ပါတယ်။
အာဂျင်တီးနားကို အခုနှစ်မှ ကမ္ဘာ့ဖလားနောက်ဆုံးအဆင့်ယှဥ်ပြိုင်ခဲ့ဖူးတဲ့ ကိပ်ဗာဒီက ရှိန် မနေပဲ တပြန်တလှန်ကစားခဲ့ပြီး အချိန်ပို မိနစ် ၃၀ အထိကန်ပြီး ၃ ဂိုး – ၂ ဂိုးနဲ့ ကိပ်ဗာဒီရှုံးခဲ့တာပါ။
အဖွင့်ဂိုးကိုမက်ဆီက နောက်ခံလူ မာတီနက်စ်ရဲ့ အကွက်မြင်လှတဲ့ ဖန်တီးမှုကို သေသေသပ်သပ်ထိန်းပြီး အသာအယာကန်သွင်းခဲ့တာပါ ။ ဒီသွင်းဂိုးကြောင့် မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၈ ပွဲဆက်ဂိုးသွင်းတဲ့သမိုင်တလျှောက် ပထမဆုံးကစားသမားဖြစ်လာပါတယ် ။ဒါအပြင် ကမ္ဘာ့ဖလားသွင်းဂိုး ၂၀ ရှိသွားပြီမို့ သူကိုယ်တိုင် အရင်ပွဲမှာ စံချိန်တင်ထားတဲ့ ၁၉ ဂိုးစံချိန်ကိုထပ်မံချိုးနိုင်ခဲ့ပါတယ်။

Public Service Announcement
ဒါ့အပြင် ၂၀၂၆ ကမ္ဘာ့ဖလားရွှေဖိနပ်ဆုအတွက် သွင်းဂိုး ၇ ဂိုးနဲ့ အများဆုံးဖြစ်နေပါတယ်။ ပြင်သစ်တိုက်စစ်မှူး အမ်ဘက်ပေက သွင်းဂိုးစုစုပေါင်း ၁၈ ဂိုး ၊ရွှေဖိနပ်ဆု ပြိုင်ပွဲမှာလည်း ၆ ဂိုးနဲ့ အနီးကပ်ဖိအားပေးနေပါတယ်။
အာဂျင်တီးနားနောက်ဆုံးသွင်းယူတဲ့အနိုင်ဂိုးကို မက်ဆီကန်တင်ပေးလိုက်တဲ့ထောင့်ကန်ရိုမဲယိုက ခေါင်းတိုက်တာမှာ ကိပ်ဗာတီနောက်ခံလူနဲ့ထိပြီး လမ်းကြောင်းပြောင်းဂိုးဝင်တယ်လို့သတ်မှတ်တာကြောင့်မက်ဆီက ဂိုးဖန်တီးမှု ၁ ကြိမ်နစ်နာခဲ့ပါတယ်။ကနဦး ရိုမဲယို သွင်းဂိုးလို့သတ်မှတ်ပြီး အဲဒီလိုသတ်မှတ်ခဲ့ရင် မက်ဆီဟာ ဂိုးဖန်တီးမှုအများဆုံး ၉ ကြိမ်နဲ့ ပီလီရဲ့ ၈ ကြိမ်ကိုကျော်ပြီးစံချိန်တင်နိုင်မှာဖြစ်ပါတယ် ။
ကိပ်ဗာဒီကလည်း ၂ ကြိမ်တိုင်နောက်ကလိုက်ချေပဂိုးသွင်းနိုင်ခဲ့ပြီး တတိယမြောက်ဂိုးထပ်မသွင်းနိုင်လို့ ပင်နယ်တီအဆုံးအဖြတ်ထိမရောက်ခဲ့တာပါ။ အာဂျင်တီးနားဟာ ၁၆ သင်းရှုံးထွက် ပွဲစဥ်မှာ သြစတြေးလျကိုပင်နယ်တီအဆုံးအဖြတ်နဲ့ နိုင်တဲ့ အီဂျစ်နဲ့ ယှဥ်ပြိုင်ရမှာဖြစ်ပါတယ် ။
















































