Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိပ်ဗာဒီအ​ပေါ် နိုင်ပွဲနဲ့အတူ မက်ဆီ စံချိန်သစ် ၂ ခုထပ်တင်

ကမ္ဘာ့ဖလား လက်ရှိချန်ပီယံ အာဂျင်တီးနားနဲ့ ကိပ်ဗာဒီတို့ရဲ့ အကြိတ်အနယ်ယှဥ်ပြိုင်ကြတဲ့ ပွဲစဥ်မှာ မက်ဆီက ၁ ဂိုးထပ်သွင်းနိုင်တာ​ကြောင့် စံချိန်သစ် ၂ ခုထပ်တင်နိုင်ခဲ့ပါတယ်။

ဓါတ်ပုံ-Getty Images

ဇူလိုင်-၄၊၂၀၂၆။People’s Spring

ကမ္ဘာ့ဖလား လက်ရှိချန်ပီယံ အာဂျင်တီးနားနဲ့ ကိပ်ဗာဒီတို့ရဲ့ အကြိတ်အနယ်ယှဥ်ပြိုင်ကြတဲ့ ပွဲစဥ်မှာ မက်ဆီက ၁ ဂိုးထပ်သွင်းနိုင်တာ​ကြောင့် စံချိန်သစ် ၂ ခုထပ်တင်နိုင်ခဲ့ပါတယ်။

အာဂျင်တီးနားကို အခုနှစ်မှ ကမ္ဘာ့ဖလား​​နောက်ဆုံးအဆင့်ယှဥ်ပြိုင်ခဲ့ဖူးတဲ့ ကိပ်ဗာဒီက ရှိန် မ​နေပဲ တပြန်တလှန်ကစားခဲ့ပြီး အချိန်ပို မိနစ် ၃၀ အထိကန်ပြီး ၃ ဂိုး – ၂ ဂိုးနဲ့ ကိပ်ဗာဒီရှုံးခဲ့တာပါ။

အဖွင့်ဂိုးကိုမက်ဆီက ​နောက်ခံလူ မာတီနက်စ်ရဲ့ အကွက်မြင်လှတဲ့ ဖန်တီးမှုကို ​သေ​သေသပ်သပ်ထိန်းပြီး အသာအယာကန်သွင်းခဲ့တာပါ ။ ဒီသွင်းဂိုး​ကြောင့် မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၈ ပွဲဆက်ဂိုးသွင်းတဲ့သမိုင်တ​လျှောက် ပထမဆုံးကစားသမားဖြစ်လာပါတယ် ။ဒါအပြင် ကမ္ဘာ့ဖလားသွင်းဂိုး ၂၀ ရှိသွားပြီမို့ သူကိုယ်တိုင် အရင်ပွဲမှာ စံချိန်တင်ထားတဲ့ ၁၉ ဂိုးစံချိန်ကိုထပ်မံချိုးနိုင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ၂၀၂၆ ကမ္ဘာ့ဖလား​ရွှေဖိနပ်ဆုအတွက် သွင်းဂိုး ၇ ဂိုးနဲ့ အများဆုံးဖြစ်​နေပါတယ်။ ပြင်သစ်တိုက်စစ်မှူး အမ်ဘက်​ပေက သွင်းဂိုးစုစု​ပေါင်း ၁၈ ဂိုး ၊​ရွှေဖိနပ်ဆု ပြိုင်ပွဲမှာလည်း ၆ ဂိုးနဲ့ အနီးကပ်ဖိအား​ပေး​နေပါတယ်။

အာဂျင်တီးနား​နောက်ဆုံးသွင်းယူတဲ့အနိုင်ဂိုးကို ​မက်ဆီကန်တင်​ပေးလိုက်တဲ့ထောင့်ကန်ရိုမဲယိုက ​ခေါင်းတိုက်တာမှာ ကိပ်ဗာတီ​နောက်ခံလူနဲ့ထိပြီး လမ်း​ကြောင်း​ပြောင်းဂိုးဝင်တယ်လို့သတ်မှတ်တာ​ကြောင့်မက်ဆီက ဂိုးဖန်တီးမှု ၁ ကြိမ်နစ်နာခဲ့ပါတယ်။ကနဦး ရိုမဲယို သွင်းဂိုးလို့သတ်မှတ်ပြီး အဲ​ဒီလိုသတ်မှတ်ခဲ့ရင် မက်ဆီဟာ ဂိုးဖန်တီးမှုအများဆုံး ၉ ကြိမ်နဲ့ ပီလီရဲ့ ၈ ကြိမ်ကို​ကျော်ပြီးစံချိန်တင်နိုင်မှာဖြစ်ပါတယ် ။

ကိပ်ဗာဒီကလည်း ၂ ကြိမ်တိုင်​နောက်ကလိုက်​ချေပဂိုးသွင်းနိုင်ခဲ့ပြီး ​တတိယ​မြောက်ဂိုးထပ်မသွင်းနိုင်လို့ ပင်နယ်တီအဆုံးအဖြတ်ထိမ​ရောက်ခဲ့တာပါ။ အာဂျင်တီးနားဟာ ၁၆ သင်းရှုံးထွက် ပွဲစဥ်မှာ သြစ​တြေးလျကိုပင်နယ်တီအဆုံးအဖြတ်နဲ့ နိုင်တဲ့ အီဂျစ်နဲ့ ယှဥ်ပြိုင်ရမှာဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာကျော် ဘောလုံးကြယ်ပွင့် လီယွန်နယ် မက်ဆီရဲ့ ဖခင်ဖြစ်သူဟာ အသက် ၆၈ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တစ်ခုကို ကုမ္ပဏီပိုင် လုပ်ငန်းအဖြစ် ပြောင်းလဲပြီး ရှယ်ယာတွေ ရောင်းချမယ်ဆိုတဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ အစီအမံဟာ တရားဝင် အဆိုမပြုနိုင်ခင် အဆင့်မှာတင် အကြီးအကျယ် ဝေဖန်ခံရလို့ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။

သတင်း

ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ ဖြစ်ပျက်ခဲ့တဲ့ အကျည်းတန်တဲ့ အခြေအနေတွေကြောင့် အာဂျင်တီးနား အသင်းအပေါ် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲပြီး ဆုဖလားကြီးကို သယ်ဆောင်လာတဲ့ စပိန်လက်ရွေးစင် ဘောလုံးအသင်းဟာ မက်ဒရစ် မြို့တော်ကို ပြန်ရောက်လာချိန်မှာ သူရဲကောင်းတွေလို သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခြင်း ခံခဲ့ရပါတယ်။

Facebook