Connect with us

Hi, what are you looking for?

News

မင်းတပ်​ရောက် စစ်ကောင်စီတပ် စစ်မတိုက်ဘဲတူတူပုန်းတန်းကစား​နေဟု CDF ​ပြော

“ဒရုန်းနဲ့လိုက်ကြည့်လွန်းလို့ ရှက်ကြတာများလား။ မကြီးမငယ်နဲ့ ရွာရိုးကိုးပေါက် တူတူပုန်းတမ်း လာဆော့တာ ကျနေတာပဲ” ဟုCDF-MINDAT သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ယောမောင်က ၎င်း၏ လူမှုကွန်ရက်တွင် ယနေ့ ရေးသားထားသည်။

(ဘုရားစခန်းရွာ တွင်စစ်​ကောင်စီတပ်​ရောက်ရှိ​နေသည်ကို ဒရုန်းဖြင့်ရိုက်ကူးထား​သောပုံ-ဓါတ်ပုံ-CDF-မင်းတပ်)

ချင်းပြည်နယ် ၊မင်းတပ်သို့ ဝင်ရောက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သည် ပြည်သူ့ကာကွယ်ရေးတပ်များနှင့်မတွေ့ရေး ပုန်းရှောင်နေပြီး စစ်ကောင်စီတပ်သည် ချင်းတောင်သို့ တူတူပုန်းတမ်းလာကစားသလိုဖြစ်နေသည်ဟုCDF-မင်းတပ် မှ ပြောသည်။

စစ်ကောင်စီတပ် အင်အား ၈ဝခန့်က မင်းတပ်မြို့ ဘုရားစခန်းရွာအနီးသို့ ဒီဇင်ဘာ ၁၇ ရက် နံနက်တွင် စစ်ကြောင်းထိုးလာခဲ့ပြီး တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ထို့နောက်ပိုင်းတွင် ထိပ်တိုက်မတွေ့ဘဲ တောအတွင်း ပုန်းရှောင်နေသည်ဟုချင်း​ဒေသကာကွယ်​ရေးတပ်-မင်းတပ်( CDF-MINDAT) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက လူမှုကွန်ရက်တွင် ယနေ့(ဒီဇင်ဘာ ၂၀ရက်) ရေးသားထားသည်။

“ဒရုန်းနဲ့လိုက်ကြည့်လွန်းလို့ ရှက်ကြတာများလား။ မကြီးမငယ်နဲ့ ရွာရိုးကိုးပေါက် တူတူပုန်းတမ်း လာဆော့တာ ကျနေတာပဲ” ဟုCDF-MINDAT သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ယောမောင်က ၎င်း၏ လူမှုကွန်ရက်တွင် ယနေ့ ရေးသားထားသည်။

ယခင်တိုက်ပွဲများတွင် ပြည်သူ့ကာကွယ်ရေးတပ်များက စစ်ကောင်စီကို ထိပ်တိုက်မတိုးအောင် ရှောင်ခဲ့ရပြီး ယခုအခါ စစ်ကောင်စီနောက်သို့ ပြန်လိုက်နေရပြီဟု ယောမောင်က ဆိုသည်။သတ္တိရှိရှိရင်ဆိုင်တိုက်ခိုက်ရန်လည်း ၎င်းကဆက်လက်​ရေးသားထားသည်။

Public Service Announcement

Public Service Announcement

“တောင်ပေါ်ကို တကူးတက ရောက်အောင်လာပြီးမှ ဟိုပြေးဒီပုန်းမလုပ်ကြနဲ့ဟ။ မင်းတို့ကို ငရဲပို့ချင်လွန်းလို့ စောင့်နေတဲ့လူတွေ အလုပ်ရှုပ်တယ်” ဟု စိန်ခေါ်ထားသည်။

CDF-MINDATနှင့် အကြမ်းဖက်စစ်ကောင်စီသည်ပြီးခဲ့သည့် ဇွန်လအတွင်းက နောက်ဆုံးတိုက်ပွဲဖြစ်ခဲ့ပြီး ယခုအခါ စစ်ကောင်ဟီက ဘုရားစခန်းရွာအနီးသို့ တစ်ကျော့ပြန် နယ်ကျွံလာခြင်းဖြစ်သည်။ စစ်ကောင်စီကို မောင်းထုတ်ရေးအတွက် ယခင်ကထက် စွမ်းဆောင်ရည်ကောင်းသည့် တိုက်ခိုက်ရေးပုံစံဖြင့် စစ်ကောင်စီအား တုန့်ပြန်မည်ဟု CDF-MINDAT က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အရှေ့ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဩဂုတ် ၃၀ရက်ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့ရာ မူလတန်းကလေးငယ်အပါအဝင် ပြည်သူ ၈ဦးသေဆုံးကာ ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

Facebook