Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့တိုက်ပွဲ စစ်တပ် အင်အားဖြည့်၊ တိုက်ပွဲ ပြင်းထန်နေ

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့မှာ စစ်တပ်က အင်အားဖြည့်ပြီး ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

(မိုးဗြဲ PDF က ရဲဘော်တွေကို တေဆွ့ရစဉ်။ ဓာတ်ပုံ - Mobye People Defense Force)

ဇူလိုင်-၈၊၂၀၂၆။မိုမို/People’s Spring

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့မှာ စစ်တပ်က အင်အားဖြည့်ပြီး ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

မိုးဗြဲမြို့နဲ့ မိုင် (၂၀) ၀န်းကျင်အကွာ မိုးဗြဲ-ဒီးမော့ဆိုမြို့နယ်ကြားမှာရှိတဲ့ နန်းမယ်ခုံမြို့ကို ပြန်ရဖို့ စစ်တပ်က ဆက်တိုက်ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။

” လက်ရှိက စစ်တပ်က နောက်ထပ်တဆင့်ရှေ့တိုးဖို့ အပြင်းအထန်ကြိုးစားနေပါတယ် သူတို့ တားဂက်က နန်းမယ်ခုံ ဆင်တောင်(ဆင်တောင်ရွာ)အထိ ခြေကုပ်ယူပြီး မိုးဗြဲ-နန်းမယ်ခုံလမ်းမကြီးကိုအရယူထိန်းချုပ်ဖို့ ယူဆပါတယ်”လို့ ရှမ်းတောင်စစ်ဒေသ ဗျူဟာ(၁၄) တာ၀န်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် နေ့စဥ်ထိတွေ့တိုက်ပွဲရှိနေပြီး အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့လက်နက်ကြီးဖိအားနဲ့ တိုးနေတာလို့ အသိပေးပါတယ်။

“မဟာမိတ်တပ်ပေါင်းစုအားလုံးလည်း ခုခံနေပြီး တိုက်ပွဲဆက်လက်ပြင်းထန်ဖို့ရှိမယ်”လို့ ကရင် နီ‌ပူးပေါင်းတပ်ဖွဲ့၀င် တစ်ဦးက ‌ပြောပါတယ်။

ရှမ်း-ကယားနယ်စပ်မှာ စစ်တပ်နဲ့ KNDF ၊ KNPP ၊ AlPHA ၊ PDF ပူးပေါင်းတပ်ဖွဲ့ကြားတိုက်ပွဲပြင်းထန်နေတာကြောင့် စစ်တပ်က ဒီကနေ့ မနက် ၁၁ နာရီ မိနစ် ၂၀ထိ လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲနေတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်သူအချို့က လူမှုကွန်ရက်ကတဆင့် ဖြန့်ဝေထားပါတယ်။

ကရင်နီပြည်နယ်ရဲ့၀င်ပေါက်ဖြစ်တဲ့ ရှမ်း-ကရင်နီအစပ် မိုးဗြဲမြို့ကတဆင့် ဒီးမော့ဆိုမြို့နယ် အထက်ခြမ်းက နန်းမယ်ခုံမြို့ကို စစ်တပ်က ပြီးခဲ့တဲ့လကစပြီး အရှိန်မြှင့်ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က မိုးဗြဲမြို့ကို ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက ပြန်ထိန်းချုပ်ခဲ့ပေမယ့် မြို့အနီးမှာ တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားပါတယ်။

“နန်းမယ်ခုံရရင် မိုးဗြဲ ၊လွိုင်ကော်နဲ့ ဒီမောဆိုရှေ့ခြမ်းကို ကောင်းကောင်းထိန်းချုပ်လို့ရသွားမယ့်အခြေ အနေ”လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နန်းမယ်ခုံမြို့ကို တော်လှန်ရေးတပ်တွေက ၂၀၂၃ နှစ်ကုန်ပိုင်းကစပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ရဲ့ထိုးစစ်ကိုရင်ဆိုင်နေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့အဝင် ဂိတ်တွေကို တင်း ကြပ်ထားပြီး မြို့ထဲဝင်မယ့် ရိုဟင်ဂျာတွေကိုငွေတောင်းတာ၊ ရိုက်နှက်စစ်ဆေးတာတွေ လုပ်နေတယ်လို့ မြို့ခံတွေ နဲ့ ရိုဟင်ဂျာတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ ဂွမြို့အနီးဝန်းကျင်နဲ့ ကျိန္တလီမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ၂ရက်ဆက်ပစ်ခတ်တိုက်ခိုက်တာကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သား ၆ ဦးထက်မနည်း ထိ ခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြေပါတာယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ လတ်တလော စစ်ရေးအခြေအနေတွေကြောင့် ဒေသခံတွေ စစ်ရှောင်နေကြရပြီး စားနပ်ရိက္ခာနဲ့ အမိုးအကာလိုအပ်ချက်တွေ များပြားနေကြောင်း ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ခံ ကိုထက်က ပြောပါတယ်။