Connect with us

Hi, what are you looking for?

သတင်း

ပြည်သူ့တွေ အေးချမ်းမှုနဲ့ ပျော်ရွှင်မှုတွေပြန်လည်ထွန်းလင်းပါစေဟု NUG ကာကွယ်ရေး သီတင်းကျွတ် ဆုတောင်း

မြန်မာပြည်သူပြည်သားများအားလုံး သီတင်းကျွတ်လပြည့်နေ့ကစ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သီတင်းကျွတ်အခါသမယ ဆုတောင်းမှု ပြုလုပ်ခဲ့ပါတယ်။

အောက်တိုဘာ ၂၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

မြန်မာပြည်သူပြည်သားများအားလုံး သီတင်းကျွတ်လပြည့်နေ့ကစ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သီတင်းကျွတ်အခါသမယ ဆုတောင်းမှု ပြုလုပ်ခဲ့ပါတယ်။

ဒီကနေ့ အောက်တိုဘာ ၂၆ရက်မှာ ကျရောက်တဲ့ သီတင်းကျွတ်လပြည့်နေ့မှာ ဒေသအသီးသီးက PDF ရဲဘော်တွေက သီတင်းကျွတ်ကန်တော့ပွဲတွေ ဆင်နွှဲခဲ့ကြသလို NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း သီတင်းကျွတ်အခါသမယ ဆုမွန်ကို ထုတ်ပြန်ခဲ့ပါတယ်။

“ချစ်ခင်ရသူများနှင့် နွေးထွေးသော အချိန်များကို အတူဖြတ်သန်းကြရပြီး ပြည်သူတိုင်း၏ လွတ်လပ်ခွင့်၊ အခွင့်အရေးများနှင့် တရားမျှတမှုကို အာမခံနိုင်သော လူ့အဖွဲ့အစည်းတရပ် ပေါ်ထွန်းရေး ဆက်လက်တိုက်ပွဲဝင်သွားပါမည်။ သီတင်းကျွတ်အလင်းရောင်နှင့်အတူ ပြည်သူအားလုံး၏ ဘဝများတွင် မျှော်လင့်ချက်၊ အေးချမ်းမှုနှင့် ပျော်ရွှင်ခြင်းများ ပြန်လည်ထွန်းလင်းလာပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်” လို့ ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ PDF၊ ပအဖ၊ပကဖ ရဲဘော်တွေကလည်း တပ်ဖွဲ့ အကြီးအကဲများ၊ သက်ကြီး ရဲဘော်များကို သီတင်းကျွတ်အခါသမယ ရှိခိုးကန်တော့တာ၊ တပ်ရင်းတပ်ဖွဲ့ တာဝန်ရှိသူတွေကလည်း ရဲဘော်တွေကို မုန့်ဖိုးခွဲဝေပေးတာတွေ ပြုလုပ်ခဲ့ကြတာလည်း တွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ဇူလိုင်တိုက်ပွဲတွေအတွင်း ထိခိုက်သေဆုံးမှု အချက်အလက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ရာ အရာရှိအပါအဝင် သေဆုံးသူ ၃၁၅ဦး ရှိတယ်လို့ ဖော်ပြပါတယ်။

သတင်း

လူထုရဲ့အခုတစ်ကြိမ် ပေါက်ကွဲမှုက ခေတ်ဟောင်းရဲ့ နိဂုံး၊ခေတ်သစ်ရဲ့ နိဒါန်းဖြစ်လိမ့်မယ်လို့ ​ဖော်ပြ

သတင်း

သမိုင်းတရားခံတွေနဲ့ ခေတ်သစ်အာဏာရှင်တွေကို ဥပဒေအကြောင်းအရ တရားစီရင်ဖို့ဟာ တော်လှန်ပြည်သူတရပ်လုံးရဲ့ သမိုင်းပေးတာဝန်ဖြစ်ပြီး အဲဒီ သမိုင်းပေးတာဝန်ကို အရိုးကြေကြေ အရည်ခမ်းခမ်း၊ ဦးလည်မသုန် ထမ်းရွက်သွားမှာဖြစ်ကြောင်း သစ္စာဓိဌာန် ပြုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က အရာရှိတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ဇွန်လအတွင်းမှာ ထိခိုက်သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။