Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲပြင်းနေတဲ့ စစ်တွေမှာစစ်တပ်က ရိုဟင်ဂျာတွေကို မြို့ပေါ်တက်ခွင့်ကန့်သတ်

အာရက္ခတပ်တော်(AA)ရဲ့ထိုးစစ်ကိုရင်ဆိုင်နေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့အဝင် ဂိတ်တွေကို တင်း ကြပ်ထားပြီး မြို့ထဲဝင်မယ့် ရိုဟင်ဂျာတွေကိုငွေတောင်းတာ၊ ရိုက်နှက်စစ်ဆေးတာတွေ လုပ်နေတယ်လို့ မြို့ခံတွေ နဲ့ ရိုဟင်ဂျာတွေက ပြောပါတယ်။

(စစ်​တွေမြို့အပြင် ရွာတစ်ရွာ အပြင်မှာချ ထားတဲ့ စစ်တပ်ဂိတ်ကို​ ၂၀၁၂ ခုနှစ်ကတွေ့ရစဥ်။ဓါတ်ပုံ-Getty )

ဇူလိုင်-၈၊၂၀၂၆။ခိုင်မြတ်/People’s Spring

အာရက္ခတပ်တော်(AA)ရဲ့ထိုးစစ်ကိုရင်ဆိုင်နေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့အဝင် ဂိတ်တွေကို တင်း ကြပ်ထားပြီး မြို့ထဲဝင်မယ့် ရိုဟင်ဂျာတွေကိုငွေတောင်းတာ၊ ရိုက်နှက်စစ်ဆေးတာတွေ လုပ်နေတယ်လို့ မြို့ခံတွေ နဲ့ ရိုဟင်ဂျာတွေက ပြောပါတယ်။

စစ်တွေမြို့အနောက်ဘက်ခြမ်းရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေနဲ့ ကျေးရွာတွေမှ ရိုဟင်ဂျာတွေဟာ စျေးဝယ်၊ စျေး ရောင်းဖို့နဲ့ ဆေးခန်းပြဖို့ မြို့ထဲလာရင်စစ်တပ်က စစ်ဆေး၊ ဟန့်တားနေတာလို့ ဆိုပါတယ်။

“ရိုဟင်ဂျာရွာတိုင်းမှာလည်း အဝင်အထွက်စခန်းချထားတယ်။မြို့ထဲလာတဲ့လမ်းမှာလည်း ဂိတ်တွေအများကြီး ဖွင့်ထားပါတယ်။ ကျွန်တော်တို့မှာ ဆေးခန်းပြဖို့သွားရင်တောင် အလွယ်တကူသွားလို့မရဘူး။ဂိတ်တခုမှာ ငါးထောင်၊ တသောင်းလောက်ထိ ပေးရတယ်။ သူတို့မကျေနပ်ရင် ရိုက်တယ်။ အဖမ်းခံရတာတောင် ရှိတယ်” လို့သဲချောင်းရိုဟင်ဂျာကျေးရွာမှ ရိုဟင်ဂျာအမျိုးသားတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာစစ်တွေမြို့အဝင်မီးစက်ကြီးခွဆုံ၊ စစ်တွေမြို့ထဲ အစိုးရအဖွဲ့ရုံးအနီး၊ ဘုမေရွာအနီး၊ စစ်တွေတက္ကသိုလ် အနီးနဲ့ ရိုဟင်ဂျာရွာအဝင်တို့မှာ ဂိတ်တွေဖွင့်ထားတာပါ။အဲဒီဂိတ်တွေကနေတဆင့် မြို့ထဲဝင်တဲ့ရိုဟင်ဂျာတိုင်းကို စစ်ဆေးကာ ငွေတောင်းနေတာပါ။

“အေအေကို ထောက်ပံ့လား၊ မင်းတို့ အေအေလူတွေလား၊အဲလိုမျိုးတွေမေးတယ်။ ကျွန်တော်တို့က ဘယ်မှလည်း မသွားရဘူး။ ပိတ်လှောင်ခံထားရတာလေ။အဲဒါကိုတမင်အပြစ်ရှာပြီး ရိုက်တယ်။ ဖမ်းတယ်။ ဆေးကုဖို့ဆိုရင် တောင် မသွားရဲကြတော့ဘူး အခု”လို့ စစ်တွေမြို့နယ် သက္ကယ်ပြင်ရွာမှ ရိုဟင်ဂျာတဦးက ပြောပါတယ်။

ဒုက္ခသည်စခန်း၊ ကျေးရွာတွေနဲ့ စစ်တွေဂိတ်တွေမှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာအရေအတွက်ဟာ ပြီးခဲ့တဲ့မေလ၊ ဇွန် လတို့အတွင်း နှစ်ဆယ်ကျော်အထိ ရှိခဲ့ပြီဖြစ်တယ်လို့ ဒေသခံရိုဟင်ဂျာတွေက သူတို့သိထားရတဲ့အချက်အလက် တွေကို ပြောပြပါတယ်။

စစ်တွေမြို့အနောက်ဘက်နဲ့ မြောက်ဘက်မှာ ရိုဟင်ဂျာကျေးရွာနဲ့ ဒုက္ခသည်စခန်းပေါင်း နှစ်ဆယ်ဝန်း ကျင်ရှိနေပြီး အရင်ကတည်းက သူတို့ဟာ သွားလာခွင့်၊ ဆေးကုခွင့်အကန့်အသတ်တွေနဲ့ နေနေကြရတာဖြစ်ပါတယ်။ အခုတိုက်ပွဲတွေပြင်းလာချိန်မှာတော့ ပိုမိုတင်းကြပ် ကန့်သတ်၊ တားဆီးမှုတွေ ခံလာရပါတယ်။

အခုအခါ စစ်တွေမြို့ရဲ့ အရှေ့ဘက် ရွှေမင်းဂံရေတပ်စခန်းအနီးဝန်းကျင်၊ မြောက်ဘက် ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ဒကစစစ်တွေ)အနီးဝန်းကျင်နဲ့ အနောက်မြောက်ဘက် အမြင့်ကျွန်း၊ ကြွီတဲကျေးရွာအနီးဝန်းကျင်တို့မှာ အာရက္ခ တပ်တော်(AA)နဲ့ စစ်တပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က အထိနာနေတယ်လို့ ဒေသခံစစ်ရေးသတင်း ရင်းမြစ်တွေက ပြောထားကြပါတယ်။

“အစကတော့ ငါးတွေနဲ့ ငါးသီးဟင်းရွက်တွေ မြို့ပေါ်တက်ရောင်းခွင့်ရကြတယ်။ အခုတော်တော်ကြီးကိုကန့်သတ်ပစ်လိုက်တယ်။ တိုက်ပွဲတွေပြင်းလာတာနဲ့ ဆိုင်တယ်ပြောတယ်။ ဒါပေမယ့် စစ်တပ်နဲ့ နီးစပ်တဲ့ ကောင်တွေကြတော့ အေးဆေး၊ စီးပွားရေးတွေပါလုပ်လို့ရနေတယ်” လို့ စစ်တွေမြို့ထဲနေထိုင် တဲ့ ရိုဟင်ဂျာလူငယ်တဦးက ပြောပါ တယ်။

အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ဒေသတိုက်ပွဲတွေစဖြစ်ခဲ့တဲ့ ၂၀၂၃ ခုနှစ်နှောင်းပိုင်းကတည်းက စစ်တွေမြို့ပေါ်နဲ့ အ နီးဝန်းကျင်ကျေးရွာမှ ရိုဟင်ဂျာတွေအပါအဝင် ဒေသခံအရပ်သားပြည်သူ ရာချီကို ဖမ်းဆီး၊ သတ်ဖြတ်မှုတွေ ဆက် တိုက်လုပ်လာခဲ့တာဖြစ်ပြီး အချို့ကို တရားရုံးတင်အမှုဖွင့်ပေမယ့် အချို့ကိုတော့ စစ်သင်တန်းပေး၊ ရှေ့တန်းပို့တာ တွေ ဆက်တိုက်လုပ်လာခဲ့တာပါ။

ဖမ်းဆီးခံရသူတွေထဲမှာ ရိုဟင်ဂျာတွေအများစုပါဝင်ပြီး ရခိုင်ဒေသတိုက်ပွဲစဖြစ်ချိန်ကနေအခုထိ စစ်တွေမြို့နယ် အတွင်းမှ အသက်မပြည့်သေးသူတွေအပါအဝင် ဖမ်းဆီး၊ စစ်မှုထမ်းပို့ခံရတဲ့ ရိုဟင်ဂျာတရာကျော်ရှိပြီလို့ စစ်တွေ မြို့ ဘုမေရပ်ကွက်မှာ နေထိုင်တဲ့ ရိုဟင်ဂျာလူငယ်တဦးက သူသိထားတဲ့အချက်အလက်တွေကို ပြောပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့မှာ စစ်တပ်က အင်အားဖြည့်ပြီး ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ ဂွမြို့အနီးဝန်းကျင်နဲ့ ကျိန္တလီမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ၂ရက်ဆက်ပစ်ခတ်တိုက်ခိုက်တာကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သား ၆ ဦးထက်မနည်း ထိ ခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြေပါတာယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ လတ်တလော စစ်ရေးအခြေအနေတွေကြောင့် ဒေသခံတွေ စစ်ရှောင်နေကြရပြီး စားနပ်ရိက္ခာနဲ့ အမိုးအကာလိုအပ်ချက်တွေ များပြားနေကြောင်း ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ခံ ကိုထက်က ပြောပါတယ်။