Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ကချင်ပြည်နယ်နေရာအနှံ့ စစ်ရေးလှုပ်ရှားနေဟု KIAပြော

ကချင်ပြည်နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ နေ့စဉ် ပြုလုပ်နေပြီး ဒေသအချို့မှာ စစ်ရေးတင်းမာနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဒီကနေ့ ဖော်ပြပါတယ်။

ကချင်ပြည်နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ နေ့စဉ် ပြုလုပ်နေပြီး ဒေသအချို့မှာ စစ်ရေးတင်းမာနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဒီကနေ့ ဖော်ပြပါတယ်။

ဇူလိုင်-၉၊ ၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ နေ့စဉ် ပြုလုပ်နေပြီး ဒေသအချို့မှာ စစ်ရေးတင်းမာနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဒီကနေ့ ဖော်ပြပါတယ်။

KIA တပ်မဟာအလိုက် စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို အသိပေးလာတာ ဖြစ်ပါတယ်။

KIA တပ်မဟာ ၁၁ခုရှိတဲ့အနက် တပ်မဟာ ၆ခုရဲ့ နယ်မြေတွေမှာ စစ်တပ်က စစ်ရေးလှုပ်ရှား တာတွေ၊ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တွေက ပြည်သူတွေကို လူသစ်စုဆောင်းတာ တွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

KIA တပ်မဟာ(၁)နယ်မြေ ပူတာအို ခေါင်လန်ဖူးဘက်မှာ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ ပြည်သူတွေကို စုဆောင်းရေးလုပ်တာ၊ ရှေ့တန်းကို ရိက္ခာ တွေ ပို့ဆောင်စုဆောင်းတာတွေ လုပ်ဆောင်နေတယ်လို့ ဖော်ပြပါတ်ယ။

KIA တပ်မဟာ(၂)နယ်မြေ တပ်ရင်း(၁၁) ဒေသမှာလည်း မင်းဇေသန့် ပြည်သူ့စစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေလုပ်နေတယ်လို့ ဆိုပါတယ်။

မြစ်ကြီးနားဒေသမှာလည်း အာဏာသိမ်းစစ်တပ် က ပြည်သူလူထုတွေကို အစစ်အဆေးတင်းကြပ်နေပြီး KIA တပ်မဟာ(၃)နယ်မြေ မှာ နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း ဖော်ပြပါတယ်။

ဒါ့အပြင် တပ်မဟာ(၇)၊ တပ်မဟာ(၈)၊ တပ်မဟာ(၉)နယ်မြေတွေမှာလည်း အာဏာသိမ်းစစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေရှိနေတယ်လို့ အသိပေးပါတယ်။

KIAနဲ့ စစ်တပ်တို့ဟာ KIA တပ်မဟာ(၁၁)နယ်မြေ ကချင်ပြည်နယ် ရွှေကူမြို့နယ်ဘက်မှာလည်း တိုက်ပွဲတွေ နေ့တိုင်းပြင်းထန်နေတာပါ။

စစ်တပ်က ရွှေကူကတဆင့် ဗန်းမော်မြို့ကို စစ်အင်အားဖြည့်ဖို့ ရည်ရွယ်စစ်ကြောင်းထိုးနေလို့ ရွှေကူမြို့နယ်မှာ မေလဆန်းကနေ အခု ဇူလိုင်လအထိ နှစ်လကျော်ကြာ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

ဆက်စပ်သတင်းများ

သတင်း

​အထိနာတဲ့ စစ်တပ်က နေအိမ်နဲ့ကားအချို့ကို မီးရှို့၊ ပြည်သူအချို့ ဖမ်းဆီး

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက တိုက်ပွဲတွေအတွင်း စစ်တပ်က သေဆုံးမှုများနေပြီး တိုက်ပွဲ ၃ရက်မြောက်နေ့မှာ လန်ကျသွားတယ်လို့ လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဖားကန့်မြို့နယ်၊ဆည်ဇင်းရွာနဲ့ဆက်စပ်နေတဲ့ ဟုမ္မလင်းမြို့နယ်ထဲက နေရာအချို့မှာတိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေရွှေတူးတဲ့နေရာပတ်ဝန်းကျင်ကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိ​နေပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က သာဝတ္ထိကျေးရွာကို စစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook