Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးနယ်မှာ စစ်တပ်လက်နက်ကြီးကြောင့် အရပ်သား ၅ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် လက်ပန်လှရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က ဟောင်ဝစ်ဆာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာမို့ ဒေသခံ အမျိုးသား ၄ဦးနဲ့ အမျိုးသမီး ၁ဦး စုစုပေါင်း ၅ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

(စစ်တပ်ပစ်ခတ်မှုကြောင့် ဒဏ်ရာရ ပြည်သူတချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - Wetlet Informational Network)

ဇူလိုင်-၉၊ ၂၀၂၆။ ကတ်သရင်းနှင်း/People’s Spring

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် လက်ပန်လှရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က ဟောင်ဝစ်ဆာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာမို့ ဒေသခံ အမျိုးသား ၄ဦးနဲ့ အမျိုးသမီး ၁ဦး စုစုပေါင်း ၅ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၈ရက် မနေ့ ညနေပိုင်းကစတင်ပြီး လက်ပန်လှရွာရဲ့ မြောက်ဘက် ပန်းကမ္ဘာဆီဆိုင်အနီးကနေ စဉ့်ကူးမြို့နယ် အနောက်တောင်ခြမ်းက ရွာတွေဘက်ကို ဟောင်ဝစ်ဆာ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့ညနေပိုင်းက စပစ်တာ။ မနေ့ညနေကပစ်တာတွေက ရွာတော်ရွာရဲ့ အရှေ့ဘက်က ကျွန်းပေါ်ကျတာ အထိခိုက်မရှိဘူးလို့ သိရတယ်။ ဒီနေ့(ဇူလိုင် ၉ရက်)ပစ်တာတွေက ဆင်သေရွာနားကျပြီး ပြည်သူတွေထိတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့ ဇူလိုင် ၉ရက် မနက် ၇နာရီက ပစ်ခတ်မှုမှာ အသက် ၆၂နှစ်အရွယ် ဦးထွန်းငြိမ်း၊အသက် ၅၉နှစ်အရွယ် ဦးဝင်းရွှေ၊ အသက် ၃၁နှစ်အရွယ် ကိုဖိုးတုတ်၊ အသက် ၂၈နှစ်အရွယ် ကိုဝေလင်းထွန်း၊ အသက် ၅၂နှစ်အရွယ် ဒေါ်ခင်မာနွယ်တို့ ထိမှန်ဒဏ်ရာတွေ ရခဲ့တာလို့ ဒေသခံ တွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စဉ့်ကူးမြို့နယ်မှာ မကြာခဏ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေပြီး ပြီးခဲ့တဲ့ဇွန်လအတွင်းမှာ ထုံးကြီးရွာရဲစခန်းက လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးမိခင် အမျိုးသမီးတစ်ဦး သေဆုံးပြီး ပြည်သူ ၈ဦး ပြင်းထန်ဒဏ်ရာတွေ ရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​အထိနာတဲ့ စစ်တပ်က နေအိမ်နဲ့ကားအချို့ကို မီးရှို့၊ ပြည်သူအချို့ ဖမ်းဆီး

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက တိုက်ပွဲတွေအတွင်း စစ်တပ်က သေဆုံးမှုများနေပြီး တိုက်ပွဲ ၃ရက်မြောက်နေ့မှာ လန်ကျသွားတယ်လို့ လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဖားကန့်မြို့နယ်၊ဆည်ဇင်းရွာနဲ့ဆက်စပ်နေတဲ့ ဟုမ္မလင်းမြို့နယ်ထဲက နေရာအချို့မှာတိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေရွှေတူးတဲ့နေရာပတ်ဝန်းကျင်ကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိ​နေပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က သာဝတ္ထိကျေးရွာကို စစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook