Connect with us

Hi, what are you looking for?

သတင်း

ဟုမ္မလင်းမြို့နယ်အတွင်းတိုက်ပွဲပြင်းထန်​နေ၊ အရပ်သားတွေရှိတဲ့ရွှေ တောကိုစစ်တပ် ဗုံးကြဲ

ဖားကန့်မြို့နယ်၊ဆည်ဇင်းရွာနဲ့ဆက်စပ်နေတဲ့ ဟုမ္မလင်းမြို့နယ်ထဲက နေရာအချို့မှာတိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေရွှေတူးတဲ့နေရာပတ်ဝန်းကျင်ကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိ​နေပါတယ်။

ဇူလိုင်-၉၊၂၀၂၆။ဇော်ရမ်း/People’s Spring

ဖားကန့်မြို့နယ်၊ဆည်ဇင်းရွာနဲ့ဆက်စပ်နေတဲ့ ဟုမ္မလင်းမြို့နယ်ထဲက နေရာအချို့မှာတိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေရွှေတူးတဲ့နေရာပတ်ဝန်းကျင်ကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိ​နေပါတယ်။

ဟုမ္မလင်းမြို့နယ်ထဲကရေပေါ်မီးရွာအနီးက ရှမ်းနီတပ်(SNA)တပ်စွဲထားတဲ့စခန်းတွေပတ်ဝန်းကျင်မှာ ဇူလိုင်လ ၇ရက်ကစပြီး တိုက်ပွဲဖြစ်ပွား​နေတာလို့ စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။အဲဒီနေရာတွေဟာ ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းဆက်စပ် ဒေသတွေဖြစ်ပါတယ်။

ရေပေါ်မီးရွာအနီးက စစ်တပ်နဲ့ SNA ပူးပေါင်း စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ မဟာမိတ်တွေက တိုက်ခိုက်နေတာလို့သိရပါတယ်။ ဇူလိုင်လ ၈ရက်နေ့လယ်ပိုင်းမှာ စစ်တပ်က တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ဝေးတဲ့ သဲဇလောက်ရွှေမှော်ပတ်ဝန်းကျင်ကို ဗုံးကြဲလို့အရပ်သားတွေထိခိုက်သေဆုံးတယ်လို့ ဒေသခံတွေကပြောပါတယ်။

Public Service Announcement

Public Service Announcement

” SNAက သတင်းလိုက်ဖုံးနေတော့ ဘယ်သူမှမပြောရဲကြဘူး။ လေယာဉ်နဲ့ကြဲလို့ အရက်သားတွေသေတာပဲသိတယ်။ ထိခိုက်တာတွေများတယ်လို့လည်းကြားတယ်။ ဒါပေမဲ့ မေးလို့လည်းမရဘူး။ မပြောရဲကြဘူး။ ကျတော့်ညီတွေက အဲဒီရွာမှာရှိတယ်။ SNAက ဆက်သွယ်ရေးလိုင်းတွေကိုပါ ပိတ်ထားတာ”လို့ ဟုမ္မလင်းမြို့ခံတဦးကပြောပါတယ်။

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNAဟာ ကချင်နဲ့စစ်ကိုင်းတိုင်းအစပ်ကတိုက်ပွဲ​တွေမှာ စစ်တပ်နဲ့အတူ ပူး​ပေါင်း တိုက်ခိုက်နေတာပါ။ ယခုရက်ပိုင်းမှာ ဟုမ္မလင်းမြို့မြို့နယ်ထဲက ရွှေပြည်အေးမြို့အနီးမှာလည်း စစ်တပ်၊SNA ပူးပေါင်းတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ကြားတိုက်ပွဲဖြစ်ပွားနေပါတယ်။

ရွှေပြည်အေးမြို့နဲ့ မိုင်၃၀ခန့်ဝေးတဲ့ ဖောင်းပြင်မြို့ထဲက ရွှေမျောလုပ်ငန်းတွေရှိတဲ့နေရာကိုလည်း စစ်တပ်က ဇူလိုင်လ၆ရက် နေ့လယ်ပိုင်းမှာဗုံးကြဲလို့ အမျိုးသမီးတစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဖရူဆိုမြို့နယ်မှာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲက ဝန်ထမ်း ၁ဦးကို စစ်တပ်စစ်ကြောင်းက မျက်လုံးတွေဖောက်ထုတ် သတ်ဖြတ်သွားတယ်လို့ IEC တွဲဖက်အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးကို ပြောပါတယ်။