Connect with us

Hi, what are you looking for?

သတင်း

ဟုမ္မလင်းမြို့နယ်အတွင်းတိုက်ပွဲပြင်းထန်​နေ၊ အရပ်သားတွေရှိတဲ့ရွှေ တောကိုစစ်တပ် ဗုံးကြဲ

ဖားကန့်မြို့နယ်၊ဆည်ဇင်းရွာနဲ့ဆက်စပ်နေတဲ့ ဟုမ္မလင်းမြို့နယ်ထဲက နေရာအချို့မှာတိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေရွှေတူးတဲ့နေရာပတ်ဝန်းကျင်ကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိ​နေပါတယ်။

ဇူလိုင်-၉၊၂၀၂၆။ဇော်ရမ်း/People’s Spring

ဖားကန့်မြို့နယ်၊ဆည်ဇင်းရွာနဲ့ဆက်စပ်နေတဲ့ ဟုမ္မလင်းမြို့နယ်ထဲက နေရာအချို့မှာတိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေရွှေတူးတဲ့နေရာပတ်ဝန်းကျင်ကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိ​နေပါတယ်။

ဟုမ္မလင်းမြို့နယ်ထဲကရေပေါ်မီးရွာအနီးက ရှမ်းနီတပ်(SNA)တပ်စွဲထားတဲ့စခန်းတွေပတ်ဝန်းကျင်မှာ ဇူလိုင်လ ၇ရက်ကစပြီး တိုက်ပွဲဖြစ်ပွား​နေတာလို့ စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။အဲဒီနေရာတွေဟာ ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းဆက်စပ် ဒေသတွေဖြစ်ပါတယ်။

ရေပေါ်မီးရွာအနီးက စစ်တပ်နဲ့ SNA ပူးပေါင်း စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ မဟာမိတ်တွေက တိုက်ခိုက်နေတာလို့သိရပါတယ်။ ဇူလိုင်လ ၈ရက်နေ့လယ်ပိုင်းမှာ စစ်တပ်က တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ဝေးတဲ့ သဲဇလောက်ရွှေမှော်ပတ်ဝန်းကျင်ကို ဗုံးကြဲလို့အရပ်သားတွေထိခိုက်သေဆုံးတယ်လို့ ဒေသခံတွေကပြောပါတယ်။

Public Service Announcement

Public Service Announcement

” SNAက သတင်းလိုက်ဖုံးနေတော့ ဘယ်သူမှမပြောရဲကြဘူး။ လေယာဉ်နဲ့ကြဲလို့ အရက်သားတွေသေတာပဲသိတယ်။ ထိခိုက်တာတွေများတယ်လို့လည်းကြားတယ်။ ဒါပေမဲ့ မေးလို့လည်းမရဘူး။ မပြောရဲကြဘူး။ ကျတော့်ညီတွေက အဲဒီရွာမှာရှိတယ်။ SNAက ဆက်သွယ်ရေးလိုင်းတွေကိုပါ ပိတ်ထားတာ”လို့ ဟုမ္မလင်းမြို့ခံတဦးကပြောပါတယ်။

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNAဟာ ကချင်နဲ့စစ်ကိုင်းတိုင်းအစပ်ကတိုက်ပွဲ​တွေမှာ စစ်တပ်နဲ့အတူ ပူး​ပေါင်း တိုက်ခိုက်နေတာပါ။ ယခုရက်ပိုင်းမှာ ဟုမ္မလင်းမြို့မြို့နယ်ထဲက ရွှေပြည်အေးမြို့အနီးမှာလည်း စစ်တပ်၊SNA ပူးပေါင်းတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ကြားတိုက်ပွဲဖြစ်ပွားနေပါတယ်။

ရွှေပြည်အေးမြို့နဲ့ မိုင်၃၀ခန့်ဝေးတဲ့ ဖောင်းပြင်မြို့ထဲက ရွှေမျောလုပ်ငန်းတွေရှိတဲ့နေရာကိုလည်း စစ်တပ်က ဇူလိုင်လ၆ရက် နေ့လယ်ပိုင်းမှာဗုံးကြဲလို့ အမျိုးသမီးတစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့ လိုအပ်တဲ့ လေယာဉ်ဆီကို အာဏာသိမ်း မြန်မာစစ်တပ်က ဒီဇယ်ဆီလို့ စာရင်းလိမ် ဖော်ပြပြီး တင်သွင်းဝယ်ယူခဲ့ပါတယ်။

သတင်း

ငပြီကျွန်း​ပေါ်တိုက်ပွဲ​တွေမှာစစ်တပ်က၁၀၀ ​ကျော်​သေဆုံးပြီး (၅၀)ထက်မနည်းလက်နက်ချ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာရွှေဂူနီဘုရားဝင်းမှာ တပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေက ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၂ဦးသေဆုံးကာ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

Facebook