Connect with us

Hi, what are you looking for?

ဆောင်းပါး

​ခွေး အန္တရာယ်ပိုကြီးလာတဲ့ ရန်ကုန်

မှောင်စပျိုးပြီဆိုတာနဲ့ မြို့လမ်းမပေါ်သွားလာလူပ်ရှားသူ တွေတစတစလျော့နည်းလာခဲ့ပြီး တဖြေးဖြေးနဲ့ရှင်းလင်း ၊တိတ်ဆိတ်မူတွေဆီဦးတည်ကာ အထီးကျန်စရာကောင်း တဲ့ ရန်ကုန်မဆန်တဲ့ ရန်ကုန်ညရောက်ရှိလာပါတယ်။

-အောင်စိတ် ​ရေးသားသည်။

မှောင်စပျိုးပြီဆိုတာနဲ့ မြို့လမ်းမပေါ်သွားလာလူပ်ရှားသူ တွေတစတစလျော့နည်းလာခဲ့ပြီး တဖြေးဖြေးနဲ့ရှင်းလင်း ၊တိတ်ဆိတ်မူတွေဆီဦးတည်ကာ အထီးကျန်စရာကောင်း တဲ့ ရန်ကုန်မဆန်တဲ့ ရန်ကုန်ညရောက်ရှိလာပါတယ်။

အာဏာသိမ်းမူနဲ့အတူ ခိုးဆိုးလုယက်တာ၊ စစ်အုပ်စုရဲ့တရားမဲ့ဖမ်းဆီးပေါ်တာဆွဲတာစတဲ့ ရန်ပေါင်းစုံဝိုင်းရံခံထား ရတဲ့ ပြည်သူတွေရဲ့အသိထဲစွဲကပ်နေတဲ့စိတ်မလုံခြုံမူနဲ့စိုး ရွံ့စိတ်က မြို့ပြညကိုခြောက်ကပ်သွားစေမဲ့အကြောင်း တရားဖြစ်လာခဲ့ရတာပါ။

အခုလိုလမ်းတွေပေါ်မှာ လူသူရှင်းလင်းသွားချိန်မှာတာ့ည အမှောင်နဲ့အတူ စိတ်ရိုင်းဝင်နေတဲ့ဇွန်ဘီတွေလို တွေ့သမျှ သက်ရှိသတ္တဝါတွေကို ကိုက်ခဲဖို့အဆင်သင့်ဖြစ်နေတဲ့မ ထင်မှတ်လောက်စရာ လမ်းဘေးခွေးအကောင်ရေပေါင်း များစွာကလမ်းမထက်မှာစိုးမိုးနေရာယူထားတာကိုတွေ့ရ မှာ ဖြစ်ပါ တယ်။

Public Service Announcement

Public Service Announcement

“ ညဖက်လမ်းမ ပေါ်ထွက်မိတာနောင်တကောင်း ကောင်းရသွားတာ။ တစစီကိုက်ခဲဆွဲဖြဲတော့မလိုကိုခွေး အုပ်လိုက်ကြီးဝိုင်းလာတာ “ လို့ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်တဲ့ ကိုကျော်ကပြော ပါတယ်။

(ရန်ကုန်မြို့က လမ်း​ဘေး​ခွေး​တွေ။ ဓါတ်ပုံ-​​အေအက်စ်)

ကိုကျော်က တော်ရုံခွေးကြောက်တတ်သူတယောက် မဟုတ်ပေမဲ့ အမှတ်တမဲ့ညဖက်အပြင်ထွက်မိချိန်မှာကြုံ လိုက်ရတဲ့မြင်ကွင်းက သူ့အတွက်တသက်မမေ့နိူင်စရာ ဖြစ်ရသလို တွေးမိတိုင်းစိတ်ခြောက်ခြားဖို့ကောင်းနေခဲ့လို့ ညဆိုအပြင်ထွက်ဖို့အတွက် တတ်နိူင်သလောက်ရှောင် ရှားဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုဖြစ်ရပ်မျိုးက ကိုကျော်တယောက်တည်းကြုံရတာမဟုတ်ပါဘူး ။ညလူခြေတိတ်ချိန်မှာလမ်းလျှောက် ထွက်မိတဲ့ဘယ်သူမဆို ရင်ဆိုင်ရနိူင်တဲ့ပြဿနာတရပ်ဖြစ်​နေပါတယ်။ လမ်းမဘေးနှစ်ဖက်နဲ့လမ်းလယ်ကျွန်းအုတ်ခုံ တွေပေါ်လမ်းဘေးခွေးတွေရဲ့ စိုးမိုးခံထားရတဲ့ရန်ကုန် မြို့ ပြမြင်ကွင်းက အမှောင်ခေတ်ကာလရဲ့အကျည်းတန် မူကို ထင်ဟပ်နေပါတယ်။

တောင်ဥက္ကလာပမြို့နယ်မှာနေထိုင်တဲ့ အငှားယာဥ် မောင်းသူတဦးကလည်း
“ညညဆိုဘယ်ကရောက်လာတဲ့ ခွေးတွေမှန်းမသိ ဘူး။ တဖြေးဖြေးနဲ့ပိုပိုများလာတာ သတိထားမိတယ်။ ကားနဲ့ဆို ကိစ္စမရှိပေမဲ့ ခြေကျင်အပြင်ထွက်ရတဲ့သူတွေဆို ရင် အန္တရာယ်အရမ်းများတာ ” လို့ ပြောပါတယ်။

အဲဒီလမ်းဘေးခွေးတွေက ရပ်ကွက်အတွင်းလမ်းတွေ မှာပြန့်ကျဲနေသလိုလမ်းမကြီးတွေ ပေါ်အထိပါနယ်မြေချဲ့ လာတာဖြစ်ပြီး ညပိုင်းအချိန်တွေမှာအကြောက်အလန့်မ ရှိပဲ ရန်လိုတဲ့အနေအထားနဲ့အဆင်သင့်ရှိနေတတ်ကြတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ လမ်းဘေးခွေးပြဿနာကအမြစ်တွယ်နေ တာကြာပြီလို့ဆိုနိူင်ပေမဲ့ အရင်အရပ်သားအစိုးရလက် ထက်မှာအတိုင်းအတာတခုအထိကုစားဖြေရှင်းခဲ့လို့ အပြီးသတ်ကင်းစင်မသွားတောင် ပိုဆိုးမလာအောင်ထိန်းနိူင်တဲ့အဆင့်တခုရောက်ခဲ့သလို အစဥ်တစိုက်ဖြေရှင်း ဆောင်ရွက်ဖို့လမ်းစဖော်နိူင်ခဲ့တယ်လို့ မြို့တော်စည်ပင် မှာတာဝန်ယူခဲ့ဖူးသူအချို့က ​ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်မှာ​တော့ စစ်အုပ်စုက ​ခွေး​လေ​ခွေးလွင့်ပြသာနာကို ချောင်ထိုးခဲ့တာကြောင့် ပေါက်ဖွားနူန်းအထိန်းအကွပ်မရှိ ဖြစ်သွားခဲ့ပါတယ်။ ဒါ​ကြောင့်အကောင်ရေ အဆမတန်တိုးပွားမူနဲ့အတူ ဆိုးရွားအခြေအနေရောက်လာခဲ့တယ်လို့မြို့နယ်စည် ပင်ဥက္ကဌတာဝန်ယူခဲ့သူတယောက်က ပြောပါတယ်။

“ပုံမှန်ထိန်းချုပ်တာလုပ်တုန်းကတောင် ဒီပြဿနာက ထိန်းထားနိူင်တာလောက်ပဲရှိတာ။ လုံးဝကြီးလှည့်မ ကြည့်ပဲပစ်ထားခဲ့တော့ အခြေအနေကဘယ်လောက် ဆိုး နေမလဲမှန်းကြည့်လို့ရနေတာ” လို့ ပြောပါတယ်။

(ရန်ကုန်မြို့က လမ်း​ဘေး​ခွေး​တွေ။ ဓါတ်ပုံ-​​အေအက်စ်)

ရန်ကုန်မြို့မှာ NLDအစိုးရလက်ထက်၂၀၁၆နဲ့ ၂၀၁၈ ကလမ်းဘေးခွေးတွေကိုဖမ်းဆီးပြီးသားဆက်ခြား တာ၊ သားအိမ်ထုတ်တာ၊ ဂေဟာပို့တာတွေကိုစီမံချက်နဲ့လုပ်ခဲ့ပါတယ်။

ဒီလုပ်ငန်းစဥ်တွေကို စဥ်ဆက်မပြတ်လုပ်ရင်းလမ်းဘေး ခွေးပြဿနာကင်းစင်အောင် တဖြေးဖြေးချင်းလျှော့ချ သွားမယ်ဆိုတဲ့ဦးတည်ချက်နဲ့မူဝါဒရေးဆွဲထားခဲ့တာတွေက အာဏာသိမ်းမူနဲ့အတူအဆုံးသတ်သွားခဲ့ရတာပဲဖြစ် တယ်။

အခုလို လမ်းဘေးခွေးတိုးပွားလာရတဲ့ နောက်ကွယ်ကအ ခြေခံအကြောင်းအရင်းမှာ ထိရောက်တဲ့ဖြေရှင်းဆောင် ရွက်မူမရှိတာအပြင် အငြင်းပွားစရာအဖြစ်အမြဲရှိနေ တတ်တဲ့ တာဝန်ယူမူမရှိပဲအစာကြွေးသူတွေရှိ နေတာ ကြောင့်လို့ ခွေးရူးပြန်ရောဂါနဲ့ပတ်သက်လို့အသိပညာ ပေးနေတဲ့အရပ်ဖက်အဖွဲ့အစည်း မှာပါဝင်ဆောင်ရွက်နေ သူတယောက် ကသုံးသပ်​ပြောပါတယ်။

“ ဒီမှာက ဘာသာရေးအယူအဆနဲ့ ရောထွေးနေတဲ့အခါ ကြတော့အသိပညာပေးရတာလည်းအတော်ကြီးခက် တယ် “ လို့ သူကပြောပါတယ်။

မြန်မာနိူင်ငံမှာကျယ်ပြန့်စွာထွန်းကားနေတဲ့ပရဟိတနဲ့ ကုသိုလ်စိတ်အခြေခံပြီး တိရိစ္ဆာန်တွေကိုကြင်နာသနား သူတွေရဲ့အစာကျွေးတတ်တဲ့ စေတနာလွန်ကဲမူအကျိုး ဆက်အနေနဲ့ လမ်းဘေးခွေးရှင်သန်ပေါက်ဖွားနှုန်းတိုးလာဖို့ဖြစ်လာခဲ့ပြီး လမ်းပေါ်သွားလာနေသူတွေရန်ပြုခံရမဲ့ အန္တရာယ်ကြီးထွားအောင်တွန်းပို့နေတာလို့ ဆိုပါတယ်။

အဲဒီလိုလုပ်သူတွေထဲမှာ အစွန်းရောက်တိရိစ္ဆာချစ်သူတွေ လည်းပါနေခဲ့ပြီး ၂၀၁၈ကလမ်းဘေးခွေးကင်းစင်ရေးစီမံ ချက်လုပ်ချိန်မှာ ကြားဖြတ်လုယူတာမျိုးဖြစ်ခဲ့ပြီး အဲဒီ လုပ်ရပ်ကိုဒုမြို့တော်ဝန်က ပြစ်တင်ပြောဆိုကာအပြစ် ပေးအရေးယူဖို့အထိ သတိပေးကြုံးဝါးခဲ့ရတဲ့ဖြစ်ရပ်ရှိခဲ့ တာဖြစ်ပါတယ်။

အိမ်မွေးခွေးအကိုက်ခံရရင်​တောင် ပိုင်ရှင်ကတာဝန်ယူတဲ့အလေ့ အထနည်းတဲ့လူမူအသိုင်းဝိုင်းမှာလမ်းဘေးခွေးအကိုက် ခံရရင်အစာကျွေးသူမှာတာဝန်မရှိဘူးဆိုတဲ့ အယူအဆ ကလွှမ်းမိုးခံထားရတာက အခြေအနေကိုပိုဆိုးရွားစေ တယ်လို့ မြို့တော်စည်ပင်ကော်မတီဝင်အဖြစ်တာဝန်ယူ ခဲ့သူတဦးက ပြောပါတယ်။

“ယူဆချက်မှားနေတာကို အရင်ပြင်မှအဆင်ပြေမှာ၊ ပရဟိတခေါင်းစဥ်ဆွဲကပ်ပြီး လူမူပတ်ဝန်းကျင်ထိခိုက် အောင်လုပ်ခွင့်မရှိဘူးဆိုတာ ကျယ်ကျယ်ပြန့်ပြန့်အသိပညာပေးရမှာ “ လို့ သူကပြောပါတယ်။

စည်ပင်ဥပဒေမှာ လမ်းဘေးခွေးကိုအစာကျွေးရင် ထောင်ဒါဏ်အထိချနိူင်သလိုတခြားတယောက်ကိုကိုက်မိရင် အစာကျွေးတဲ့သူ ကအပြည့်အဝတာဝန်ယူရမယ်ဆိုတဲ့ပြဌာန်းချက်ရှိတာကိုသိသူနည်းပါးနေတယ်လို့ သူက ထောက်ပြပါတယ်။

မြို့တော်စည်ပင်ရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲသန့်ရှင်း ရေးဥပဒေမှာ လမ်းဘေးခွေးကိုအစာကျွေးသူကို ပိုင်ရှင် ဒါမှမဟုတ် ကျွေးမွေးစောင့်ရှောက်သူလို့အဓိပ္ပါယ်ဖွင့်ဆို ထားပြီး အကိုက်ခံရတာ၊ ပစ္စည်းဥစ္စာပျက်စီးဆုံးရူံးတာ ဖြစ်ရင် အပြည့်အဝတာဝန်ယူရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စည်ပင်ပိုင်မြေအများပြည်သူရှိရာမှာ တိရိစ္ဆာန် အစာကျွေးရင်ဒါဏ်ငွေကျပ်ငါး သောင်းကနေ တစ်သိန်းအထိဖြစ် စေ၊ ထောင် ၃လအထိဖြစ်စေ၊ ဒါဏ်နှစ်ရပ်လုံးဖြစ်စေချ မှတ်နိူင်တယ်လို့လည်းအတိအကျ ပြဌာန်းထားပါတယ်။

(ရန်ကုန်မြို့က လမ်း​ဘေး​ခွေး​တွေ။ ဓါတ်ပုံ-​​အေအက်စ်)

ဒါပေမဲ့မလိုက်နာသူနဲ့ စည်းကြပ်ရမဲ့သူတွေရဲ့ပေါ့လျော့ တာတွေကြောင့် ဥပဒေကစာအုပ်ထဲမှာပဲရှိနေခဲ့ပြီး လမ်း ဘေးခွေးတွေပေါများချင်တိုင်း ၊ပေါများနိူင်တဲ့အခွင့်အ ရေးရရှိပိုင်ဆိုင်ဖို့ဖြစ်လာပါတယ်။လက်ရှိမှာ လမ်းဘေးခွေးနဲ့ပတ်သက်လို့ ကိန်းဂဏန်းအ ချက်အလက်သိရဖို့မလွယ်ပေမဲ့ NLDအစိုးရရဲ့ ၂၀၁၈ ကနောက်ဆုံးတရားဝင်ထုတ်ပြန်ခဲ့တဲ့စာရင်းအရတနိူင်ငံလုံးမှာအကောင်ရေ ၄သန်းကျော် နဲ့ ရန်ကုန်တမြို့တည်းမှာတင်ကောင်ရေ ၂သိန်းကျော်ရှိနိူင် တယ်လို့ဆို ပါတယ်။

အဲဒီကာလအတောအတွင်းမှာပဲ မြန်မာနိူင်ငံမှာခွေးကိုက် ခံရတဲ့ဖြစ်စဥ်နဲ့ပတ်သက်လို့ ၂၀၁၇က ၁သိန်း ၈သောင်း ကျော်ရှိရာကနေ ၂၀၁၈မှာ၁ သိန်း၉သောင်းကျော်ဖြစ်သွား တဲ့အတွက် အရေးပေါ်ဖြေရှင်းရမဲ့စိန်ခေါ်မူတခုလို့သတ် မှတ်ပြီး ရန်ကုန်မြို့မှာလမ်းဘေးခွေးကင်းစင်ရေးစီမံချက် ကိုအကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ကမ္ဘာ့တိရိစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH)က မြန်မာနိူင်ငံမှာ ၂၀၁၇ကနေ၂၀၁၉အထိခွေး ကိုက်ခံရသူ ၅သိန်း၇ သောင်းနီးပါးရှိခဲ့ပြီး သေဆုံးသူဦး ရေ ၉၀၀ နီးပါးရှိတယ် လို့ ၂၀၂၁ကထုတ်ပြန်တဲ့အစီရင်ခံ စာမှာဖော်ပြခဲ့ပါတယ် ။ဒါ​ကြောင့် လမ်းဘေးခွေးအန္တရာယ်နဲ့ပတ် သက်လို့ မြန်မာကကမ္ဘာ့အဆိုးရွားဆုံးထိပ်တန်းနိူင်ငံအ ဖြစ် သတ်မှတ်ခဲ့ပါတယ်။

အခုလို ဘာဖြေရှင်းဆောင်ရွက်တာမှမရှိပဲ လမ်းဘေးခွေး ပေါက်ဖွားနူန်းတိုးမြင့်နေချိန်မှာ စစ်အုပ်စုကသတင်းအ ချက်အလက်ဖုံးဖိထားတာကြောင့် ကိန်းဂဏန်းမသိရပေမဲ့ ၂၀၁၈ အညွန်းကိန်းထက်ပိုဆိုး နိူင်တာကို မြေပြင်တွေ့ရှိ ချက်တွေကြည့်ပြီး မှန်းဆမြင်နိူင်တယ်လို့လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

​ခွေးကိုက်ခံရသူ​တွေကို ခွေးရူးကာကွယ်​ဆေးထိုး​ပေးတဲ့​​နေရာ။ ဓါတ်ပုံ-​​အေအက်စ်

အာဏာသိမ်းစစ်အုပ်စုကသာမန်မြင်ထားပုံရတဲ့ လမ်းဘေးခွေးပြဿနာက နိူင်ငံတကာမှာဆုံးရူံးနစ်နာမူကြီးတဲ့စိန်ခေါ်မူတခုအဖြစ်သတ်မှတ်ပြီး အလေးထားဖြေရှင်းနေ ရတဲ့ကိစ္စရပ်ဖြစ်တယ်လို့ တိ/မွေး ကုဆရာဝန်တယောက် ကဆိုပါတယ်။

“ လမ်းဘေးခွေးကပေးတဲ့နောက်ဆက်တွဲပြဿနာက အကောင်ရေတိုးပွားနှုန်းအပေါ်မူတည်ပြီး ဆုံးရူံးနစ်နာရလို့ ဦးစားပေးလုပ်ငန်းတခုလိုဖြေရှင်းနေကြတာ “လို့ သူက ပြောပါတယ်။

အရင်ဦးဆုံးအနေနဲ့လမ်းဘေးခွေးကိုက်မိရင် ထိုးရတဲ့ခွေးရူးပြန်ရောဂါကာကွယ်ဆေးအတွက် နိူင်ငံဘဏ္ဍာကနေ ဘတ်ဂျက်ကျခံသုံးစွဲနေရတာဖြစ်ပြီး ခွေးကိုက်ခံရတဲ့ဖြစ် စဥ်များရင်များသလောက် ကုန်ကျစရိတ်မြင့်တက်နေမှာ ဖြစ်ပါတယ်။ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို အပြင်ကဝယ်ထိုးမယ် ဆိုရင်တကြိမ်တလုံးကို ငါးသောင်းကျပ်နီးပါးကျသင့်ပြီး ၄ ကြိမ်ထိုးရမှာဖြစ်လို့ တော်ရုံလူအတွက်မတတ်နိူင်တဲ့ပမာဏာဖြစ်​​​နေပါတယ်။

မြန်မာနိူင်ငံမှာနိူင်ငံဘတ်ဂျတ်နဲ့အခမဲ့ထိုးပေးနေတဲ့ကာ ကွယ်ဆေးထဲမှာ ခွေးရူးပြန်ရောဂါကာကွယ်လည်း ပါလို့ ခွေးကိုက်ခံရသူအများစုကအစိုးရဆေးရုံ တွေမှာပဲသွားထိုးကြလေ့ရှိပါတယ်။အရပ်သားအစိုးရ လက်ထက် ၂၀၁၆ ကနေ ၂၀၁၉အထိခွေးရူးပြန်ရောဂါ ကာ ကွယ်ဆေးအတွက် ၁၃ဒဿမ၇၂ဘီလျံ၊ ခွေးကိုက်ခံရသူ အတွက်ဆေး ၁ဒဿမ၂ဘီလျံစုစုပေါင်းဆိုရင် ၁၄ဒဿမ ၇၄ဘီလျံ သုံးစွဲခံရတယ်လို့အန် အယ်လ်ဒီအစိုးရလက် ထက်ကျန်းမာရေး ဝန်ကြီးဒေါက်တာမြင့်ထွေးကပြောခဲ့ပါတယ်။

အဲဒီလိုခွေးကိုက်ခံရလို့ သုံးစွဲရတဲ့ကုန်ကျစရိတ်မှာကာလတူပေါက်စျေးအရ အလျားပေ ၁၂၀၊ အနံ၂၄ပေရှိတဲ့စာ သင်ခန်း ၄ခန်းတွဲကျောင်းဆောင်၄၀ ဆောက်လုပ်နိူင်တဲ့ပမာဏဖြစ်သလို အလျား ပေ၂၃၀၊ အနံပေ၅၀အကျာ်အ ဝန်းရှိတဲ့ ၂ထပ်အမြင့်ဆေးရုံ ၁ရုံဆောက်လုပ်တဲ့ ကုန်ကျ စရိတ်နဲ့ညီမျှပါတယ်။

ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို နိုင်ငံ​တော်ဘတ်ဂျက်နဲ့အခမဲ့ထိုးပေးတယ်ဆိုပေမဲ့ ဆေးရုံတိုင်းမှာထိုးလို့မရဘဲ ရန်ကုန်မှာဆိုရင် ရန်ကုန်ဆေးရုံးကြီးမှာပုံမှန်ထိုးခွင့်ရဖို့သေ ချာပြီးအင်းစိန်ဆေးရုံ၊ မြောက်ဥက္ကလာပဆေးရုံ၊ သင်္ဃန်း ကျွန်းစံပြ ဆေးရုံတို့မှာတခါတလေ ကာကွယ်ဆေးထိုး ပေးတာ ရပ်နားထားတတ်တယ်လို့မြို့ခံပြည်သူတွေက ပြောပါတယ်။

ဒါ့အပြင် ခွေးရူးပြန်ရောဂါကာကွယ်ဆေးကိုသတ်မှတ် ရက်မှာမပျက်မကွက် ၄ကြိမ်ပြည့်အောင်ထိုးရတာဖြစ်လို့ အလုပ်အကိုင်ပျက်ကွက်နိူင်ပြီး နောက်ဆက်အနေနဲ့ ဝင်ငွေထိခိုက်စရာနစ်နာမူလည်း ရှိနေပါတယ်။ဒီအခြေအနေနဲ့ပတ်သတ်လို့ကိုယ်တိုင်ကြုံခဲ့ရတဲ့ ရွှေပြည် သာမြို့နယ်မှ အထည်ချုပ်လုပ်သားတယောက်က
“ အဆောင်နားကခွေးကိုက်ခံရတာ၊ အဲဒီတုန်းကကာ ကွယ်ဆေးကို ရန်ကုန်ဆေးရုံကြီးမှာပဲထိုးပေးတော့ဆေး ထိုးရမဲ့ရက်ဆို အလုပ်ကပျက်ရော။ အလုပ်ပျက်တော့ ရက်မှန်ကြေးလည်းမရေတာ့ဘူး။ လစာလျော့သွားလို့ အဲဒီလကတော်တော်ဒုက္ခရောက်သွားတာ” လို့ ပြောပါတယ်။

လမ်းဘေးခွေးကပေးတဲ့ဒုက္ခက ဒီလောက်နဲ့မပြီးသွားပဲ ရုပ်ဝထ္တုပစ္စည်းတွေ ပျက်စီးဆုံးရူံးရတာတွေပါရှိနေခဲ့ပြီး ကိန်းဂဏန်နဲ့ဖော်ပြဖို့မလွယ်တဲ့ နစ်နာမူတွေရင်ဆိုင် ကြုံတွေ့စေ ပြန်ပါတယ်။

ညအချိန်တွေမှာ လမ်းဘေးရပ်ထားတဲ့ကားစက်ဖုံးပေါ် တက်အိပ်လို့ဆေးပွန်းပဲ့တာ၊ ကားဘန်ပါအကာတွေကို ကိုက်ခဲဖျက်စီးတာ၊ အိမ်နဲ့ ဆိုင်တွေရဲ့အကာအရံ၊အလှ ဆင်ထားတာတွေပျက်စီးရတာစတဲ့လမ်းဘေးခွေးတွေပေးတဲ့ဒုက္ခကိုရန်ကုန်မြို့ပြကလူတွေလှိမ့်ခံနေကြရတာပါ။

“တခါလည်း ဘန်ပါတွေပြုတ်၊ ဆေးတွေပွန်းကုန်လို့ တော်တော်ကုန်သွားတယ်။ ညညဆို အသံကြားရင်ထ ထကြည့်ရတဲ့ အလုပ်ကပိုလာတယ် “ လိူင်မြို့နယ်မှာနေ တဲ့အိမ်စီးကားပိုင်သူတယောက်က ပြောပါတယ်။

ဒါ့အပြင် လမ်းမတွေပေါ်အညစ်အကြေးစွန့်တာ၊အမိူက်ထုပ်နဲ့ စားစရာတွေကိုကိုက်ချီဖြဲထားခဲ့လို့ လမ်းမတွေမှာ ညစ်ပတ်ပေပွရတဲ့ မြင်ကွင်းတွေကမရိုးနိူင်အောင်နေ့ရက် တိုင်းတွေ့မြင်ရတတ် ပါတယ်။

အဲဒီလိုလမ်းဘေးခွေးအကောင်တိုးပွားမူက မြို့ခံတွေ အတွက်စိုးရိမ်စရာအနေအထားတခုအဖြစ်နဲ့ စိန်ခေါ်မူ ကြီးလာပေမဲ့ ကိုယ်ထူ၊ကိုယ်ထဖြေရှင်းလို့ဖို့ဆိုတာလည်း မလွယ်ကူတဲ့ အခြေအနေတွေရှိနေတယ်လို့ ရန်ကုန်မြို့ခံ ပြည်သူတွေက ပြောပါတယ်။

ရန်ကုန်မြို့မှာ လေလွင့်ခွေးစောင့်ရှောက်ရေးစခန်းတွေ ဖွင့်ထားတာရှိပေမဲ့ ဘတ်ဂျက်အခြေအနေအရလက်ခံ နိူင်တဲ့အကောင်ရေအကန့်သတ်ရှိတာ၊ လာရောက်ဖမ်း ဆီးခေါ်ယူဖို့အတွက် ကုန်ကျစရိတ်ကိုပတ်ဝန်းကျင် ကမျှ မခံတာအပြင် စေတနာရှင်အစာကျွေးသူတွေကလက် သင့်မခံတာမျိုးတွေရှိနေတာလို့ ကိုယ်တိုင်တွေ့ ကြုံခဲ့ရ သူတယောက်က ဆိုပါတယ်။

“ ကိုယ်နေတဲ့နားမှာ ခွေး၃၊၄ကောင်သောင်းကြမ်းနေလို့စောင့်ရှောက်ပေးတဲ့ဆီဆက်သွယ်တာ မေ့ဆေးဖိုး၊ကားခ တင်တသိန်းနီးပါးကျတယ်။ မျှခံပေးမဲ့သူမရှိတော့ အိတ်စိုက်လိုက်ရတယ်လေ။နောက်တခါဆိုတော်ပြီဖြစ် သွားတာ” လို့ သင်္ဃန်းကျွန်းမြို့နယ်မှာနေသူတယောက် က ပြောပါတယ်။

အဲဒီလိုစုပေါင်းဖြေရှင်းဖို့လူမညီသလို အာဏာသိမ်းစစ် အုပ်စုကခွေးအုပ်စုကို လွတ်လပ်ခွင့်ပေးပြီးတော့မှ ပြည် သူတွေအပေါ်ရန်ပြုဖို့ဝေမျှလမ်းဖွင့်ပေးထားဟန်အနေအ ထားကြုံနေရသလို ရန်ကုန်မြို့မှာနေထိုင်သူတွေရဲ့အ မှောင်ညက အသိတရားမဲ့၊စိတ်ရိုင်းဝင်နေတဲ့ခွေး အန္တရာယ်ကြားမှာ သတိထားဖို့ကလွဲရင်ရွေးခြယ်စရာမဲ့ နေခဲ့ ပါတယ်။

အခုလိုဖြစ်နေချိန်မှာရန်ကုန်မြို့ရဲ့လူခြေတိတ်မြန်နေခဲ့တဲ့ ညလမ်းတွေပေါ် ထွက်မိပြီဆိုရင် “ ခွေးဆွဲခံရမယ်” ဆိုတဲ့ ဗန်းစကားကလည်းချိန်သားကိုက်ထွက်ပေါ်လို့နေသလို ခွေးရန်သတိပေးသံကလူထုကြားမှာ ပြန့်နှံ့စိမ့်ဝင်နေပါတယ်။ ။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ပြီးနောက်ပိုင်း သူမရဲ့ တခြားဘယ်မိသားစုဝင်မှ တိုက်ချီဒိုလောက် နှစ်အကြာကြီး အတူမနေခဲ့ရပါဘူး။ တိုက်ချီဒိုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ၁၁ နှစ်လောက်အတူနေခဲ့ပြီး သူ့အသက် ၁၆ နှစ်အရွယ်မှာ သူ့မိခင်ကြီး ပြန်လည်လွတ်မြောက်လာမယ့်ရက်ကို စောင့်ဆိုင်းရင်း ဒီနေ့ ဇွန်လ ၂၁ ရက် ညဦးပိုင်းမှာ...

နိုင်ငံတကာ

တောင်ကိုရီးယား တိရစ္ဆာန်ရုံ တစ်ခုကနေ ထွက်ပြေး လွတ်မြောက်သွားတဲ့ ဝံပုလွေကို ၉ ရက် အကြာမှာ အောင်အောင်မြင်မြင် ပြန်လည် ဖမ်းဆီးနိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ခိုးယူသွားသူတွေ လက်ထဲကနေ အပြန်အလှန် ဖေးမရင်း စုစုစည်းစည်းနဲ့ အိမ်ပြန်လာနိုင်ခဲ့တဲ့ ခွေးလေး ၇ ကောင်ရဲ့ ခရီးစဉ်ဟာ တရုတ် လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ လူပြောအများဆုံး အကြောင်းအရာတစ်ခု ဖြစ်နေပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာရှိတဲ့ လေလွင့်ခွေးတွေကို ဖမ်းဆီးချုပ်နှောင်ထားတာမျိုး မလုပ်ဘဲ လွတ်လွတ်လပ်လပ် သွားလာခွင့် ပေးထားသင့်ကြောင်း တရားရုံးချုပ်က အဆုံးအဖြတ် ပေးခဲ့ပါတယ်။

Facebook