Connect with us

Hi, what are you looking for?

သတင်း

မလှိုင်မှာစစ်တပ်စစ်​ကြောင်းကိုPDFနဲ့ ပကဖတိုက်ခိုက်၊အလောင်းနဲ့ လက်နက်​တွေရ

မန္တလေးတိုင်း မလှိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်​ကြောင်းကို ဒေသတွေင်း PDFနဲ့ ပကဖ ပူးပေါင်းတပ်က ခုခံတိုက်ခိုက်ခဲ့ရာ ၁၅ရက် ကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြင်းခြံခရိုင် တပ်ရင်း(၁)က သတင်းထုတ်ပြန်ပါတယ်။

(စစ်တပ်ထံမှသိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ နဲ့ PDF တပ်ဖွဲ့ဝင်တဦး။ ဓါတ်ပုံ-မြင်းခြံခရိုင် တပ်ရင်း-၁ )

ဇူလိုင် ၁၀၊၂၀၂၆။ထားမြတ်/ People’s Spring

မန္တလေးတိုင်း မလှိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်​ကြောင်းကို ဒေသတွေင်း PDFနဲ့ ပကဖ ပူးပေါင်းတပ်က ခုခံတိုက်ခိုက်ခဲ့ရာ ၁၅ရက် ကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြင်းခြံခရိုင် တပ်ရင်း(၁)က သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၁၂ရက်မှာ မလှိုင်မြို့ကနေ အင်အား ၁၀၀ ပါ တပ်မ (၉၉) ပူးပေါင်းစစ်ကြောင်းကို မလှိုင်မြို့နယ် ပန်းအိုင်ရွာနဲ့ ကျောက်တွင်းရွာကြားမှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်းတပ်မ (၉၉) ဘက်တံဆိပ် အလောင်း၄ လောင်းနဲ့ လက်နက်ခဲယမ်း​တွေသိမ်းဆည်းရခဲ့ပြီး စစ်တပ်ဟာ ပန်းအိုင်ရွာဘက်ကို ဆုတ်ခွာ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်းစစ်တပ်စစ်​ကြောင်းထံက RPG အပါအဝင်လက်နက်မျိုးစုံ ၆လက် သိမ်းရခဲ့ကြောင်း သိရပါတယ်။ တိုက်ပွဲများ ၁၅ ရက်ဝန်းကျင် ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပြီး အသေးစိတ် အခြေအနေတွေကို​တော့ ထုတ်ပြန်ထားခြင်းမရှိ​သေးပါဘူး။

စစ်တပ်စစ်ကြောင်းကို မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် (၃)တပ်ရင်း၊ မိတ္ထီလာခရိုင်အမှတ် (၂)တပ်ရင်း၊ မိတ္ထီလာခရိုင် ပကဖ၊ မလိူင်မြို့နယ် ပကဖ၊ စဥ်ကိုင်မြို့နယ် ပကဖ၊ မိတ္ထီလာမြို့နယ် ပကဖတို့ ပူးပေါင်း ခုခံတိုက်ခိုက်ခဲ့တာလို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ထိခိုက်

သတင်း

မကွေးတိုင်း၊ စလင်းမြို့‌ ၀က်သည်းကန်အနီးက စစ်တပ် စစ်‌ဆေးရေးဂိတ်ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ မင်းဘူးခရိုင်အမှတ်(၅)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းက ကျေးရွာ ၇ ရွာကျော်က နေအိမ် ၃၀ ကျော် မီးရှို့ဖျက်ဆီးပြီး ယာဥ်တွေအပါအဝင် တန်ဖိုးကြီးပစ္ည်းတွေ သိမ်းယူသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့တိုက်ပွဲမှာ စစ်တပ်စစ်ကြောင်း မိုင်းထိပြီး ရှေ့မတိုးနိုင်ဘူးလို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်တချို့က ပြောပါတယ်။