Connect with us

Hi, what are you looking for?

News

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကို ထောင် ၂ နှစ်ချ

စစ်အာဏာသိမ်းပြီးနောက် NLD ရဲ့တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်အများစုကို စစ်ကောင်စီ ဟာ တရားစွဲရာမှာ ကနဦးအနေနဲ့ ပုဒ်မ ၅၀၅ (ခ) နဲ့ စတင် စွဲဆိုတာဖြစ်ပါတယ်။

NLD ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို စစ်ကောင်စီဟာ ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) နဲ့ ဒီနေ့မှာ ထောင်ဒဏ် ၂ နှစ်ချလိုက်တယ်လို့သိရပါတယ်။

ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကို မုံရွာအကျဉ်းထောင်မှာ ဖမ်းဆီးထားတာဖြစ်ပြီး အခြားသောအမှုတွေကိုရင်ဆိုင်နေရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် NLD ရဲ့တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်အများစုကို စစ်ကောင်စီ ဟာ တရားစွဲရာမှာ ကနဦးအနေနဲ့ ပုဒ်မ ၅၀၅ (ခ) နဲ့ စတင် စွဲဆိုတာဖြစ်ပါတယ်။

အဲဒီပုဒ်မနဲ့ လက်ရှိအချိန်ထိ သမ္မတဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု ၊မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ၊မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ၊တနင်္သာရီတိုင်းဝန်ကြီးချုပ်ဦးမြင့်မောင် တို့ကို ထောင်ချထားပြီးဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook