Connect with us

Hi, what are you looking for?

သတင်း

အရာတော်မှာစစ်တပ်က ဗုံးကြဲလို့ ကိုယ်ဝန်​ဆောင်အမျိုးသမီးနဲ့ ဗိုက်ထဲက ရှစ်လအရွယ်က​လေးအပါအဝင် ​လေးဦး သေဆုံး

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ကံရင်းရွာ စစ်တပ်က ဂျိုင်ရို ကော်ပတာ ၃ စီးနဲ့ ဗုံးကြဲခဲ့တာ​ကြောင့် ကိုယ်ဝန်​ဆောင်အမျိုးသမီးနဲ့ဗိုက်ထဲ သမီးငယ် အပါအဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

(စစ်တပ်ဗုံးကြဲလို့​သေဆုံးခဲ့တဲ့ ကိုယ်ဝန်​ဆောင်မိခင် နဲ့ ဗိုက်ထဲမှ ၈ လအရွယ်သမီးငယ်တို့ရဲ့ရုပ်အ​လောင်း​တွေ​ဘေးမှာ ဝမ်းနည်းစွာငို​ကြွေး​နေတဲ့မိသားစုဝင်တဦး။ဓါတ်ပုံ-​ပေးပို့ )

ဇူလိုင်-၁၅၊၂၀၂၆။ကတ်သရင်းနှင်း/People’s Spring

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ကံရင်းရွာ စစ်တပ်က ဂျိုင်ရို ကော်ပတာ ၃ စီးနဲ့ ဗုံးကြဲခဲ့တာ​ကြောင့် ကိုယ်ဝန်​ဆောင်အမျိုးသမီးနဲ့ဗိုက်ထဲ သမီးငယ် အပါအဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဇူလိုင်လ၁၄ရက် ညနေ ၃နာရီ၄၄မိနစ်၊၄၅မိနစ်နဲ့ ၄၈ မိနစ်တို့မှာ မုံရွာမြို့ ၊အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကတက်လာတဲ့ဂျိုင်ရို ကော်ပတာ ၃ စီးနဲ့ ဗုံးသုံးလုံးကြဲခဲ့တာလို့ ​ဒေသခံ​တွေက​ပြောပါတယ်။

ဗုံးသုံးလုံးဟာ ကျေးရွာအတွင်းက လက်ဖက်ရည်ဆိုင် ပေါ်ကျပြီး အသက်၃၀ ကျော်အရွယ်ကိုယ်ဝန်​ဆောင် အမျိုးသမီးတဦးနဲ့ သူ့မရဲ့ ဗိုက်ထဲက ၈ လအရွယ် က​လေးငယ်၊ အသက်၅၀ ဝန်းကျင်အရွယ်အမျိုးသမီးတဦး၊ အသက်၄၀ ဝန်းကျင်အမျိုးသားတဦး စုစုပေါင်း ၄ဦး (ကိုယ်ဝန်​ဆောင်ဗိုက်ထဲမှ ၈ လအရွယ် က​လေးငယ်ပါ ပါ) သေဆုံးခဲ့တာလို့ ​ဒေသခံ​တွေက​ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဗုံးကြဲခံရပြီးကိုယ်ဝန်​ဆောင်မိခင် ​သေဆုံးသွားတာမှာ ဗိုက်ထဲမှ ၈ လအရွယ်က​လေးငယ်ကို အသက်ကယ်ဖို့ရမှာလည်း အသက်မမီခဲ့ဖူးလို့ သိရပါတယ်။ကိုယ်ဝန်ကို ခွဲပြီးချိန်မှာ က​လေးငယ် အသက်မရှိ​တော့ပဲ မိန်းက​လေး ဖြစ်​နေတာကို ကျန်ရစ်တဲ့မိသားစု​တွေက သိကြရတာပါ။ သူတို့မိသားစုမှာ အသက် ၇ နှစ်အရွယ် သားငယ်တစ်ဦးရှိပြီး ကျန်ရစ်ခဲ့တယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

“ကျန်ခဲ့တဲ့ ၇ နှစ်သား​လေးက ဗိုက်ထဲက က​​လေး​လေးက ညီမ​လေးမှန်းသိတဲ့အချိန်တုန်းက အ​မေ့နားက ခွာ​တောင်မခွာနိုင်တဲ့အထိချစ်ရှာခဲ့တာတဲ့ကွယ်။ ဖ​အေ ဖြစ်သူမှာလည်း​ရင်ကွဲမတက်” လို့ ဖြစ်စဥ်ကိုသိသူက ​ဖေစ်ဘွခ်မှ​ရေးသားထားပါတယ်။

ဗုံးကြဲခံရမှု​ကြောင့် ကိုယ်ဝန်​​ဆောင်မိခင်နဲ့ ရင်​သွေးငယ် ၊အခြားအမျိုးသမီးတို့ဟာပွဲချင်းပြီး​သေဆုံးခဲ့တာဖြစ်ပြီး အမျိုးသားတဦးက ဒဏ်ရာပြင်းထန်စွာရပြီးမှ ​သေဆုံးခဲ့တာဖြစ်ပါတယ်။

ဗုံးကြဲခံရတဲ့ ကံရင်းရွာအပါအဝင်အရာတော်မြို့နယ်ထဲက ​ညောင်ပင်၊ မလဲသည ၊လှည်းချောင်းကူး စတဲ့ရွာတွေဟာ ဆက်လျက်ရှိ​နေတာပါ ။စစ်တပ်ကအဲဒီရွာ​တွေကို မကြာခဏဗုံးလာကြဲ‌‌​နေတာဖြစ်တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ် ။

ပြီးခဲ့တဲ့လကလည်း စစ်တပ်ကလှည်း ချောင်းကူးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ပါ​သေးတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းစစ်တပ်က နိုင်ငံတစ်ဝန်းဗုံးကြဲလို့​သေဆုံးခဲ့တဲ့အ​ရေအတွက်ဟာ ​ထောင်​ပေါင်းများစွာရှိ​နေပြီဖြစ်ပါတယ် ။ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)ရဲ့ အစီရင်ခံစာအရ ၂၀၂၅ ခုနှစ် တစ်နှစ်ထဲမှာပဲ စစ်တပ်ဗုံးကြဲလို့​သေဆုံးခဲ့တဲ့ပြည်သူ ၉၈၂ ဦးရှိတယ်လို့​ဖော်ပြထားပါတယ်။ဒါအပြင်စစ်တပ်​ရွေး​ကောက်ပွဲကာလ ၂၀၂၅ သြဂုတ်လက​နေ ၂၀၂၆ ဇန်နဝါရီလအထိ့စစ်တပ်​အကြမ်းဖက်သတ်ဖြတ်လို့​သေဆုံးရတဲ့ပြည်သူ အနည်းဆုံး ၇၀၂ ဦးရှိပြီး ဗုံးကြဲခံရလို့​သေဆုံးသူ ၅၀၅ ဦးပါဝင်တယ်လို OHCHR ကထုတ်ပြန်ပါတယ် ။

ဆက်စပ်သတင်းများ

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ချင်းပြည်တောင်ပိုင်း မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရှုံးမဲမဲတဲ့အနေနဲ့ အရပ်သားပြည်သူလူထုတွေအပေါ် သူရဲဘောကြောင်စွာ နေ့ညအချိန်မရွေး လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေလို့ ထိန်းချုပ်နယ်မြေအတွင်း ပြည်သူတွေအနေနဲ့ လေကြောင်းရန် အထူးဂရုစိုက်ကြဖို့ ထပ်မံ တိုက်တွန်းကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်း-‌ ရွှေဘို- မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်က ပေါ်တာဆွဲတာတွေကြမ်းနေလို့ အခုရက်ပိုင်း တွေမှာ လူငယ်အမျိုးသား၊အမျိုးသမီးတွေ သွားလာဖို့ မသင့်သေးဘူးလို့ ကားသမားတွေက ပြောပါတယ်။

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော

Facebook