Connect with us

Hi, what are you looking for?

သတင်း

အုပ်ချုပ်ရေးမှူးအသစ်တွေက စစ်မှုထမ်းကြေး ငွေမကောက်တော့ပဲ မဲပေါက်သူထံက ကျပ်သိန်း ရာနဲ့ချီတောင်း

မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးအသစ်တွေရွေးချယ်ပြီးနောက် စစ်မှုထမ်းကြေး‌ ငွေ ကောက်ခံမှု တိုင်ကြားခံရလို့ဆိုပြီး မဲနှိုက်မှုတွေပြန်လုပ်ကာ မဲပေါက်သူက ကျပ်သိန်းရာနဲ့ချီပို ပေးနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

(မန္တလေးနန်းတွင်း ဝင်ပေါက်အနီး တွေ့ရတဲ့ စစ်ကောင်စီတပ်သား တစ်ဦး။ ဓာတ်ပုံ - AFP)

ဇူလိုင် ၁၆၊၂၀၂၆။ကတ်သရင်းနှင်း/ People’s Spring

မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးအသစ်တွေရွေးချယ်ပြီးနောက် စစ်မှုထမ်းကြေး‌ ငွေ ကောက်ခံမှု တိုင်ကြားခံရလို့ဆိုပြီး မဲနှိုက်မှုတွေပြန်လုပ်ကာ မဲပေါက်သူက ကျပ်သိန်းရာနဲ့ချီပို ပေးနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ယခင်က စစ်မှုထမ်းကြေးဆိုပြီး ရပ်ကွက်‌‌တွေမှာ တစ်အိမ် ကျပ် ၁သောင်းကောက်ခံနေပြီး အုပ်ချုပ်ရေး မှူးအသစ်တွေခန့်ပြီးတဲ့နောက် ဒီလိုကောက်တာကို တိုင်ကြားမှုတွေရှိလို့ ဆိုပြီး ရပ်ကွက်တိုင်း ငွေကြေး မပေးရတော့ပဲ လစဉ် မဲနှိုက်ရမှာလို့ အုပ်ချုပ်ရေးမှူးက ပြောကြောင်း ပြည်ကြီးတံခွန်မြို့နယ်က ဒေသခံတဦးက ပြောပါတယ်။

အိမ်တိုင်းက စစ်မှုထမ်းကြေး မပေးရတော့ပေမယ့် ယောကျာ်းလေးရှိတဲ့ နေအိမ်တွေက မဲနှိုက်တဲ့အထဲ နာမည်စာရင်းမထည့်ဖို့ ကျပ်သိန်းဆယ်ဂဏန်းအမြင့်အထိ ပေးနေရပြီး မဲပေါက်တဲ့သူတွေက လူစားထိုးဖို့ဆိုပြီး ကျပ်သိန်းရာနဲ့ချီပေး နေရတယ်လို့ ‌‌‌‌မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” အခုကမဲ တော့နှိုက်တယ်။မဲကျတဲ့သူကလည်း စစ်မှုထမ်း မလိုက်ချင်ဘူးဆိုရင် ၇၅သိန်းက နေသိန်း၁၅၀အထိ ပေးရတယ်။အရင်က တစ်လ ၁သောင်းအိမ်တိုင်း ပေးနေရတာကနေ အခုတစ်ယောက်တလှည့် ပေးနေရတဲ့သ‌ဘောပါ့။ဒီကြားထဲ အထက်ကလူကြီး ဧည့်ခံရမှာမို့ဆိုပြီး ညဘက်ဆို နေ့တိုင်းနီးပါး ဘီယာဖိုးရှင်း ပေးပါအုံး။အဘက အရက်ဘား ရောက်နေလို့ ဒီကိစ္စလုပ်ပေးရမှာမို့အရက်ဖိုးလွှဲပါအုံးဆိုတာ တွေလည်းရှိ သေးတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်မှုထမ်းလိုက်ဖို့ မဲပေါက်သူတွေဆီက ငွေကြေးယူကာ ပေါ်တာဆွဲပြီး လူစားထိုးပြန်ထည့်တာတွေပြုလုပ်နေတာလို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ဇွန်လမှာ အုပ်ချုပ်ရေး‌‌မှူး၊ရာအိမ်မှူး၊ဆယ်အိမ်မှူးတွေ ရွေးခဲ့ပြီးနောက် ယခုလမှာ စစ်မှုထမ်းမဲနှိုက်ဖို့ ကြေညာ‌‌တာတွေရှိနေပြီလို့ မြို့ခံတွေက ပြောပါတယ်။

“အရင်က တစ်အိမ် ၁သောင်း ပေးနေရတာ။အခုတော့ အိမ်ထောင်စုစာရင်းပြန်လာယူသွားပြီး မဲနှိုက်ရမယ်လို့ပြောတယ်”လို့ ပုသိမ်ကြီးမြို့နယ်က ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

စစ်တပ်စစ်မှုထမ်တွေဟာ ဇွန်လ၂၉ ရက်က အပတ်စဉ် (၂၄)သင်တန်းဆင်းထားပြီး အပတ်စဉ် (၂၇)အတွက် လူသစ်ခေါ်ယူမှု တွေရပ်ကွက် တွေမှာပြုလုပ်နေပြီလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော

သတင်း

မန္တလေးမြို့က ချမ်းမြသာစည်နဲ့ အမရပူရမြို့နယ်တွေမှာ ရပ်ကွက်တိုင်း စစ်မှုထမ်းခေါ်ဆောင်ဖို့ မဲနှိုက်နေတဲ့အပြင် ပေါ်တာဆွဲဖမ်းဆီးတာတွေလည်း ပြုလုပ်​နေကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

နေပြည်တော်၊တပ်ကုန်းမြို့နယ်မှာ ဆိုင်ကယ်အသံကျယ်လောင်စွာမောင်းလို့ဆိုပြီး ဖမ်းဆီးခံရတဲ့ လူငယ်ဟာ စစ်မှုထမ်းပါသွားခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ စစ်တပ် သတင်းပေးအဖြစ် စေခိုင်းခံထားရတဲ့ စစ်မှုထမ်း ၁ဦးကို ဖမ်းဆီးရမိတယ်လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။