Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူမြို့နယ်မှာ သေဆုံးခဲ့တဲ့ ရဲကွန်မန်ဒိုတွေကို စစ်တပ်က လုံခြုံရေးယူပြီး ဆွမ်းသွပ်တရားနာ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းဝင်လာချိန် တိုက်ခိုက်ခံရလို့ သေဆုံးခဲ့တဲ့ ရဲကွန်မန်ဒိုတွေကို စစ်တပ်က လုံခြုံရေးယူပြီး ဆွမ်းသွပ်တရားနာပြုလုပ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

(လုံခြုံရေးယူနေသော စစ်သားများနဲ့ ဂျမ်မာကားကို တွေ့ရစဉ်။ ဓာတ်ပုံ − Seikphyu Media)

ဇူလိုင်−၁၇၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းဝင်လာချိန် တိုက်ခိုက်ခံရလို့ သေဆုံးခဲ့တဲ့ ရဲကွန်မန်ဒိုတွေကို စစ်တပ်က လုံခြုံရေးယူပြီး ဆွမ်းသွပ်တရားနာပြုလုပ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

“မိုင်းဆွဲခံရတဲ့နေရာမှာ ရုပ်အလောင်းတွေ ကျကျန်ခဲ့တာရှိတယ်။အဲဒါတွေကို သယ်ပြီးသက်ပျောက် ဆွမ်းလာသွပ်တာရှိတယ်”လို့ ဆိပ်ဖြူမြို့နယ် ကာကွယ်ရေး တပ်ဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

သက်ပျောက်ဆွမ်းသွပ်မှုမလုပ်မီ စစ်တပ်က အနီးပတ်၀န်းကျင်ကို သေနတ်တွေပစ်ခတ်တာ နဲ့ ဂျန်မာ(ဒရုန်းဖြတ်စက်) ကားတွေနဲ့ လုံခြုံရေးအပြည့်ယူခဲ့တယ်လို့ ဒေသခံတစ်ဦးက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဒီကနေ့(ဇူလိုင် ၁၇ ရက်)စစ်တပ်နဲ့ရဲကွန်မန်ဒို ပူးပေါင်းပြီး ဆော-ဆိပ်ဖြူလမ်းပိုင်းကို စစ်ကြောင်းထိုးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

“အခု အင်အား ၂၀၀ လောက်နဲ့ ထိုးလာတယ်။ခံလိုက်ရတဲ့ ရဲကွန်မန်ဒိုတွေပါတယ်။ဂျုပ်ချောင်ကြီး၊ဂျုပ်ချောင်လေး ပတ်ချာလည်ပေါ့”လို့ သူက ပြောပါတယ်။

မကွေးတိုင်း၊ချောက်မြို့နယ်မှာ PDF ရဲဘော်တွေကို သတ်ဖြတ်ခဲ့တဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းဟာ ဆိပ်ဖြူမြို့နယ်ကို ဆိပ်ဖြူ-ဆောလမ်းပိုင်းအတိုင်း စစ်ကား၂စီးနဲ့၀င်လာစဉ် ဇူလိုင် ၁၅ ရက်က တိုက်ခိုက်ခံရပြီး ရဲ ၅ဦးသေကာ ၇ဦး အပြင်းအထန် ဒဏ်ရာရတယ်လို့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။

အလယ်ပိုင်း မကွေးတိုင်းကို ရဲကွန်မန်ဒိုတွေ အသုံးပြုပြီး စစ်ရေးလှုပ်ရှားမယ့်အကြောင်းသိထားရတယ်လို့ မကွေးတိုင်းစစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

အခု ဇူလိုင် ၁၀ ရက်က ချောက်မြို့နယ် တောင်သာကျေးရွာမှာ စစ်တပ်နဲ့ ရဲကွန်မန်ဒိုတပ်ဖွဲ့တွေလိုက်ပါလာတဲ့ စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ရင်း မကွေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၀င်တွေနဲ့ ခရိုင် တပ်ရင်း ၂ခုက ရဲဘော်စုစုပေါင်း ၂၀ ဦးကျဆုံးခဲ့ပါတယ်။

ရဲကွန်မန်ဒိုတွေ စစ်ကြောင်းထိုးနေတဲ့ ဆိပ်ဖြူမြို့နယ်မှာ စစ်တပ်ရဲ့ကာကွယ်ရေးပစ္စည်းရုံး ကပစ (၂၁၊ ၂၂) နဲ့ အမှတ်(၉)လေကြောင်းရန်ကာ ကွယ်ရေးကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ်(လစခ) တို့ရှိပါတယ်။

အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၁)က လေတပ်သုံးဗုံးတွေထုတ်ပြီး အမှတ် (၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၂ )မှာ လက်နက်တွေ ထုတ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ချင်းပြည်တောင်ပိုင်း မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရှုံးမဲမဲတဲ့အနေနဲ့ အရပ်သားပြည်သူလူထုတွေအပေါ် သူရဲဘောကြောင်စွာ နေ့ညအချိန်မရွေး လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေလို့ ထိန်းချုပ်နယ်မြေအတွင်း ပြည်သူတွေအနေနဲ့ လေကြောင်းရန် အထူးဂရုစိုက်ကြဖို့ ထပ်မံ တိုက်တွန်းကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်း-‌ ရွှေဘို- မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်က ပေါ်တာဆွဲတာတွေကြမ်းနေလို့ အခုရက်ပိုင်း တွေမှာ လူငယ်အမျိုးသား၊အမျိုးသမီးတွေ သွားလာဖို့ မသင့်သေးဘူးလို့ ကားသမားတွေက ပြောပါတယ်။

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော