Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးပြီးဆုံးအောင်မြင်တဲ့အထိ တိုက်ပွဲဝင်မယ်လို့ SOF ပြော

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

ဓာတ်ပုံ - အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F

ဇူလိုင် ၂၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF ကို ၂၀၂၁ ဇူလိုင်မှာ ဖွဲ့စည်းခဲ့ရာ တပ်ဖွဲ့ (၅) နှစ်ပြည့်အခမ်းအနားကို ဇူလိုင် ၂၁ရက်က ပဲခူးတိုင်း၊ စစ်တောင်းမြစ်ဝှမ်းရှိ မြရာတောစခန်းမှာ ကျင်းပခဲ့တယ်လို့ အသိပေးပါတယ်။

“ဒီ ၅နှစ်ကာလအထိ SOF တပ်ဖွဲ့ကို အမြဲထောက်ပံ့အားပေးခဲ့ကြတဲ့ ထောက်ပို့ပြည်သူအားလုံးကို ကျေးဇူးတင်ပါတယ်။ တော်လှန်ရေး အချိန်ကြာလာသည့်တိုင် ယုံကြည်ချက်အပြည့်နဲ့ NUG/PDF တွေကို ထောက်ခံပေးနေတဲ့ပြည်သူတစ်ယောက်ချင်းစီကိုလည်း လေးစားလျှက်ပါ။ SOF အနေနဲ့ ဘယ်လိုအခက်အခဲ စိန်ခေါ်မှုတွေပဲရှိရှိ တော်လှန်ရေးပြီးဆုံးအောင်မြင်သည်အထိ ပြည်သူဘက်ကရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်။” လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တပ်ဖွဲ့ (၅)နှစ်ပြည့် အခမ်းအနားမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်အား အလေးပြုခြင်း၊ သစ္စာဓိဌာန်ရွတ်ဆိုခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ဦးစီးချုပ်က ပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာ ဖတ်ကြားခြင်း၊ SOF ရဲ့ စစ်ကြောင်း (၂) စစ်ကြောင်းမှူး ရဲဘော်စံရှားလေးမှ (၅) နှစ်ပြည့်မိန့်ခွန်းပြောကြားခြင်းနဲ့ စွမ်းဆောင်ရည်ကောင်းမွန်ထူးချွန် တဲ့ ရဲဘော်တွေကို ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခြင်းတွေ ပြုလုပ်ခဲ့ကြောင်း SOFက ထုတ်ပြန်ပါတယ်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ကို KNU တပ်မဟာ (၆)နယ်မြေ၊ ကရင်ပြည်နယ် ကြာအင်းဆိတ်ကြီးမြို့နယ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ တပ်ဖွဲ့အနေနဲ့ မြို့ပြစစ်ဆင်ရေးများနဲ့ ကျေးလက်စခန်းသိမ်းတိုက်ပွဲများစွာ ဆင်နွှဲခဲ့ပြီး ၂၀၂၅မှာ ပဲခူးတိုင်း၊ မွန်ပြည်နယ် စစ်တောင်းမြစ်ဝှမ်းဒေသသို့ ပြောင်းရွှေ့အထိုင်ချကာ အာဏာသိမ်း စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFအထူးလှုပ်ရှားတပ်မက တော်လှန်ရေးကာလအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။