Connect with us

Hi, what are you looking for?

News

“ပြန်လာမယ်​မေ​မေ” သီချင်းနား​ထောင်ရင်း Click to Donate ကြဖို့ R ဇာနည်​တောင်းဆို

ယင်းသီချင်းကို Latt Thone Chaung Page မှ ဖြန့်ချိထား​ ခြင်းဖြစ်ပြီး အလှူငွေများများရရှိရန် မူရင်းလင့်ခ်၌ ဝင်ကြည့်ပေးစေလိုကြောင်း ၎င်းကမေတ္တာရပ်ခံထားသည်။

ပြန်လာမယ်မေမေ သီချင်းကိုကြည့်ရှု၍ တော်လှန်ရေးအတွက် ပံ့ပိုးပေးရန် အဆိုတော် R ဇာနည်ကတောင်းဆိုလိုက်သည်။

“ပြန်လာမယ်မေမေ” ဆိုတဲ့သီချင်း ကို တော်လှန်ရေးအတွက်ပေးဆပ်ရင်း အိမ်နဲ့ဝေးနေကြတဲ့ သူရဲကောင်း အားလုံးအတွက် ခရစ္စမတ်အမှီ ခွန်အားပေးလိုက်ပါတယ်။ C2D ရဲ့ထုံးစံအတိုင်း ရရှိငွေတွေကို တော်လှန်ရေးတပ်သားတွေအတွက်အသုံးပြုမှာဖြစ်လို့ သီချင်းလေး နားထောင်ရင်း အားပေးလိုက်ရအောင်” ဟု R ဇာနည်ကရေးသားထားသည်။

ယင်းသီချင်းကို Latt Thone Chaung Page မှ ဖြန့်ချိထား​ ခြင်းဖြစ်ပြီး အလှူငွေများများရရှိရန် မူရင်းလင့်ခ်၌ ဝင်ကြည့်ပေးစေလိုကြောင်း ၎င်းကမေတ္တာရပ်ခံထားသည်။

​​” Lyrics Video ကို ဒေါင်းပြီး ကိုယ်ပိုင်ပေ့တွေ ၊ ဖေ့စ်ဘွတ်အကောင့်တွေကနေ ပြန်တင်ခြင်း မလုပ်ပေးကြပါနဲ့။ တင်ထားတဲ့ C2D က တင်ထားတဲ့ link ကနေပဲ ကြည့်ပေးကြပါ။ များများကြည့်လေ များများပိုက်ဆံရလေဖြစ်လို့ ကြည့်ရင်းလှူလိုက်ကြရအောင်” ဟု Rဇာနည်ကရေးသားထားသည်။

Public Service Announcement

Public Service Announcement

ပြန်လာမယ်မေမေ သီချင်းကို လွန်ခဲ့သည့် ခြောက်နာရီတွင် https://youtu.be/Caxo49NPpLI ၌တင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိကြည့်ရှုသူ သုံးသောင်းကျော်ရှိသည်။

အသံတိတ်သပိတ်ပြုလုပ်ခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်က R ဇာနည်နှင့်လင်းလင်းတို့သီဆိုထားသည့် နောက်ဆုံးဖြစ်ရမယ် သီချင်းကို You Tube ၌ တင်ခဲ့ရာ တစ်ရက်အတွင်း ကြည့်ရှုသူတစ်သန်းကျော်အထိ အားပေးမှူရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အဆိုတော်ထူးအိမ်သင် ​ရေးဖွဲ့ထားတဲ့ "အရေးကြီးပြီ" သီချင်းကို စစ်တပ်က ဝါဒဖြန့်ချိရေးအတွက် ခိုးသုံးတဲ့ အပြင် ဒီသီချင်းကို ၁၉၆၀ ကတည်းက ရှိခဲ့တယ်လို့ လိမ်လည်နေတာတွေအပေါ် သီချင်းရဲ့ မူရင်းအဆိုရှင် မွန်းအောင်က အချက်အလက်တွေနဲ့ တုန့်ပြန်​​ပြောကြားလိုက်ပါတယ်။

သတင်း

Theatre 21 (ပြဇာတ်၂၁)လို့အမည်ပေးထားတဲ့ ခြောက်ခွေမြောက် တကိုယ်တော်ခွေကို လာမယ့် အောက်တိုဘာ ၂ ရက်မှာ ဖြန့်ချိမယ်လို့ တော်လှန်အနုပညာရှင်လင်းလင်းက အသိပေးထားပါတယ်။

သတင်း

ဒီသီချင်းကို ဖေဖော်ဝါရီ ၃ ရက်က လူသုံးသောင်းခွဲကျော် Subscribe လုပ်ထားတဲ့ Chin Tube You Tube Channel မှာတင်ခဲ့တာဖြစ်ပြီး သုံးပါတ်​ကျော်အကြာမှာ ကြည့်ရှုသူတစ်သန်းကျော်သွားခဲ့ပြီဖြစ်ပါတယ်။

သတင်း

သီချင်း၏အမည်မှာ 'ငါတို့ဒဏ္ဍာရီ' ဖြစ်ပြီး ဇေယျာသော် ၊ရန်ရန်ချန်း နှင့် R ဇာနည်တို့က သီဆိုထားသည်။