ပြန်လာမယ်မေမေ သီချင်းကိုကြည့်ရှု၍ တော်လှန်ရေးအတွက် ပံ့ပိုးပေးရန် အဆိုတော် R ဇာနည်ကတောင်းဆိုလိုက်သည်။
“ပြန်လာမယ်မေမေ” ဆိုတဲ့သီချင်း ကို တော်လှန်ရေးအတွက်ပေးဆပ်ရင်း အိမ်နဲ့ဝေးနေကြတဲ့ သူရဲကောင်း အားလုံးအတွက် ခရစ္စမတ်အမှီ ခွန်အားပေးလိုက်ပါတယ်။ C2D ရဲ့ထုံးစံအတိုင်း ရရှိငွေတွေကို တော်လှန်ရေးတပ်သားတွေအတွက်အသုံးပြုမှာဖြစ်လို့ သီချင်းလေး နားထောင်ရင်း အားပေးလိုက်ရအောင်” ဟု R ဇာနည်ကရေးသားထားသည်။
ယင်းသီချင်းကို Latt Thone Chaung Page မှ ဖြန့်ချိထား ခြင်းဖြစ်ပြီး အလှူငွေများများရရှိရန် မူရင်းလင့်ခ်၌ ဝင်ကြည့်ပေးစေလိုကြောင်း ၎င်းကမေတ္တာရပ်ခံထားသည်။
” Lyrics Video ကို ဒေါင်းပြီး ကိုယ်ပိုင်ပေ့တွေ ၊ ဖေ့စ်ဘွတ်အကောင့်တွေကနေ ပြန်တင်ခြင်း မလုပ်ပေးကြပါနဲ့။ တင်ထားတဲ့ C2D က တင်ထားတဲ့ link ကနေပဲ ကြည့်ပေးကြပါ။ များများကြည့်လေ များများပိုက်ဆံရလေဖြစ်လို့ ကြည့်ရင်းလှူလိုက်ကြရအောင်” ဟု Rဇာနည်ကရေးသားထားသည်။
ပြန်လာမယ်မေမေ သီချင်းကို လွန်ခဲ့သည့် ခြောက်နာရီတွင် https://youtu.be/Caxo49NPpLI ၌တင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိကြည့်ရှုသူ သုံးသောင်းကျော်ရှိသည်။
အသံတိတ်သပိတ်ပြုလုပ်ခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်က R ဇာနည်နှင့်လင်းလင်းတို့သီဆိုထားသည့် နောက်ဆုံးဖြစ်ရမယ် သီချင်းကို You Tube ၌ တင်ခဲ့ရာ တစ်ရက်အတွင်း ကြည့်ရှုသူတစ်သန်းကျော်အထိ အားပေးမှူရရှိခဲ့သည်။