Connect with us

Hi, what are you looking for?

သတင်း

လင်းလင်းရဲ့ Theatre 21 တကိုယ်တော်ခွေထွက်မယ်

Theatre 21 (ပြဇာတ်၂၁)လို့အမည်ပေးထားတဲ့ ခြောက်ခွေမြောက် တကိုယ်တော်ခွေကို လာမယ့် အောက်တိုဘာ ၂ ရက်မှာ ဖြန့်ချိမယ်လို့ တော်လှန်အနုပညာရှင်လင်းလင်းက အသိပေးထားပါတယ်။

စက်တင်ဘာ-၃၀၊၂၀၂၅။ဆဏ်း/People’s Spring

Theatre 21 (ပြဇာတ်၂၁)လို့အမည်ပေးထားတဲ့ ခြောက်ခွေမြောက် တကိုယ်တော်ခွေကို လာမယ့် အောက်တိုဘာ ၂ ရက်မှာ ဖြန့်ချိမယ်လို့ တော်လှန်အနုပညာရှင်လင်းလင်းက အသိပေးထားပါတယ်။

“အထူးသတိပြုရမှာကတော့ လွန်ခဲ့တဲ့နှစ် အောက်တိုဘာ ၂ ရက်နေ့က ဖြန့်ချိရောင်းချခဲ့တဲ့ ကျနော့်စာအုပ်လိုဘဲ ဒီalbum ရောင်းချလို့ ရတဲ့ငွေဟာ ကျနော်သုံးချင်တာသုံးမှာ ဖြစ်တဲ့အတွက် ဝယ်ချင်မှ ဝယ်ယူစေချင်ပါတယ်။” လို့ လင်းလင်းက သူ့ရဲ့ အခွေနဲ့ပတ်သက်ပြီးပြောထားပါတယ်။

Title သီချင်းဖြစ်တဲ့ ပြဇာတ် ၂၁(Theatre 21 ) သီချင်းက အာဏာသိမ်းခံရတဲ့ညမှာ ရေးခဲ့တာဖြစ်ပြီး ပါဝင်မယ့် သီချင်းအပုဒ်ရေကိုတော့ ပြောပြထားခြင်းမရှိပါဘူး။

Public Service Announcement

Public Service Announcement

ဒီ‌အခွေကသီချင်းတွေပါဝင်မယ့် Memory Stick နဲ့ အတူ အမှတ်တရ ပစ္စည်းလေးပါဝင်တဲ့ Package ကို ဒေါ်လာ ၅၀သတ်မှတ်ထားတယ်လို့ အသိပေးထားပါတယ်။

နိုင်ငံအလိုက်ဈေးနှုန်းတွေအနေနဲ့တော့ အမေရိကန် မှာ USD 50 ၊ ဩစတေးလျ မှာ AUD 70 ၊ ဂျပန်မှာ JPY 7000 ၊ ထိုင်းမှာ THB 1500 အသီးသီးသတ်မှတ်ထားပြီး ထပ်ပေါင်းDelivery ခ ပါဝင်မယ်လို့ Theatre21 ပေ့ခ်ျမှာကြေညာထားပါတယ်။ စင်ကာပူနိုင်ငံမှာတော့ Delivery ခ အပါအဝင် SGD 70 ကျသင့်မယ်လို့ ဆိုပါတယ်။

မှာယူချင်သူတွေ အနေနဲ့ Theatre21 ပေ့ခ်ျကနေ ဆက်သွယ်နိုင်သလို ဩစတေးလျ ၊ စင်ကာပူ နဲ့ ဂျပန်နိုင်ငံက မှာယူနိုင်မယ့် ဖေ့စ်ဘွတ်ခ်အကောင့်တွေကိုလည်း ပေ့ခ်ျမှာကြေညာပေးထားပါတယ်။

“သယ်ယူပို့ဆောင်ရာတွင် လမ်းကြာချိန်အခက်အခဲကြောင့်အချို့နိုင်ငံတွေမှာ အောက်တိုဘာ ၂ ရက်နေ့တွင် ရရှိနိုင်ပြီး၊ အချို့နိုင်ငံတွေကတော့ စောင့်ရမယ့်အချိန် ၁၀ရက်နဲ့ ၁၅ ရက်ဝန်းကျင် ကြာနိုင်ပါတယ်။”လို့ လင်းလင်းကပြောပါတယ်။

ဒီအခွေကို တော်လှန်ရေးရန်ပုံငွေပွဲအနေနဲ့ ပြုလုပ်တဲ့ ရောင်နီ ပွဲတွေမှာတော့ ရောင်းချသွားမှာ မဟုတ်ဘူးလို့ လင်းလင်းက အသိပေးထားပါတယ်။

ဒါ့အပြင် ပြည်တွင်းက မှာတာကို လက်ခံသွားမှာ မဟုတ်ပဲ ကိုယ့်နည်းကိုယ်ဟန်နဲ့ မှာယူ, သယ်ဆောင်တာမျိုးမလုပ်ဖို့ကိုလည်း လင်းလင်းက မေတ္တာရပ်ခံထားပါတယ်။

အောက်တိုဘာ ၂ ရက်က လင်းလင်းရဲ့ မွေးနေ့လည်း ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ကလည်း သံစဉ်မကြားရသော အမတများ စာအုပ်ထွက်ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။

သတင်း

ချင်းပြည်နယ်ရဲ့ တနေရာက ဆေးရုံအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်တဲ့ The Revolution ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင် လင်းလင်းက ဖိတ်ခေါ်လိုက်ပါတယ်။

သတင်း

အဆိုတော်ထူးအိမ်သင် ​ရေးဖွဲ့ထားတဲ့ "အရေးကြီးပြီ" သီချင်းကို စစ်တပ်က ဝါဒဖြန့်ချိရေးအတွက် ခိုးသုံးတဲ့ အပြင် ဒီသီချင်းကို ၁၉၆၀ ကတည်းက ရှိခဲ့တယ်လို့ လိမ်လည်နေတာတွေအပေါ် သီချင်းရဲ့ မူရင်းအဆိုရှင် မွန်းအောင်က အချက်အလက်တွေနဲ့ တုန့်ပြန်​​ပြောကြားလိုက်ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ ရောင်နီပွဲက အမေရိကန်ဒေါ်လာ တစ်သိန်းခွဲကျော်ရရှိခဲ့တာ‌ကြောင့် ရောင်နီ ၇ ပွဲကနေ အမေရိကန်ဒေါ်လာ ၅၆၉,၀၀၀ ကျော်ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။