Connect with us

Hi, what are you looking for?

သတင်း

ဇေယျာသော်​နောက်ဆုံးသီဆိုသွားသည့် သီချင်းထုတ်လွှင့်၊ ရရှိလာသည့်ငွေများကို တော်လှန်ရေးအသုံးပြုသွားမည်ဟု ရန်ရန်ချန်းပြော

သီချင်း၏အမည်မှာ ‘ငါတို့ဒဏ္ဍာရီ’ ဖြစ်ပြီး ဇေယျာသော် ၊ရန်ရန်ချန်း နှင့် R ဇာနည်တို့က သီဆိုထားသည်။

ဇေယျာသော်​နောက်ဆုံးသီဆိုသွားသည့် သီချင်းထုတ်လွှင့်၊ ရရှိလာသည့်ငွေများကို တော်လှန်ရေးအသုံးပြုသွားမည်ဟု ရန်ရန်ချန်းပြော
ဇေယျာသော်​နောက်ဆုံးသီဆိုသွားသည့် သီချင်းထုတ်လွှင့်၊ ရရှိလာသည့်ငွေများကို တော်လှန်ရေးအသုံးပြုသွားမည်ဟု ရန်ရန်ချန်းပြော

အကြမ်းဖက်စစ်ကောင်စီ၏ မတရားသေဒဏ်ပြစ်ဒဏ်စီရင်ခံခဲ့ရသည့် ဇေယျာသော် နောက်ဆုံးသီဆိုသွားသည့် သီချင်းကို We Click ယူကျူ့၌ တင်ထားပြီး ယင်းသီချင်းမှရရှိလာသည့်ငွေများကို တော်လှန်ရေးအတွက်အသုံးပြုမည်ဟု ရန်ရန်ချန်းက အသိပေးထားသည်။

“ဒီသီချင်းလေးဟာ ဇေယျာသော်နောက်ဆုံးဆိုသွားတဲ့သီချင်းလေးဖြစ်ပါတယ်။ အမှန်ကဒီသီချင်းလေးမှာ တစ်ခြားသူငယ်ချင်းတွေပါပါသေးတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့သုံးယောက်ပဲပါနိုင်ခဲ့ပါတယ်။ တိုင်းပြည်အခြေအနေကြောင့် ကျွန်တော်တို့မထုတ်တော့ဘူးလို့ဆုံးဖြတ်ခဲ့ကြပေမယ့် ဒီအချိန်ဟာထုတ်ဖို့အသင့်ဆုံးလို့ ယူစရာရော ၊ ဒီသီချင်းလေးကို ဝိုင်းclick ရာကရတဲ့ငွေတွေကို တော်လှန်ရေးအတွက်အသုံးပြုချင်တာရောကြောင့် ထုတ်ဖြစ်ခဲ့ပါတယ်။ ” ဟု ရန်ရန်ချန်းက ရေးသားထားသည်။

သီချင်း၏အမည်မှာ ‘ငါတို့ဒဏ္ဍာရီ’ ဖြစ်ပြီး ဇေယျာသော် ၊ရန်ရန်ချန်း နှင့် R ဇာနည်တို့က သီဆိုထားသည်။

သီချင်းဖြန့်ချိသည့် ဇူလိုင် ၂၅ သည် Acid အဖွဲ့၏ ၂၂ နှစ်မြောက် နှစ်ပတ်လည်နေ့လည်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ယင်းသီချင်းကို We Click ယူကျူ့ချန်နယ်၌ ည ၉နာရီခွဲတွင်တင်ပေးမည်ဟု ကြေညာခဲ့သော်လည်း ယူကျူ့ဘက်က စီစစ်နေသောကြောင့်ဟုဆိုကာ အချိန်၁နာရီခန့်နောက်ကျ၍ တင်ခဲ့ရသည်။

ယင်းသီချင်း၏နောက်ဆုံးတွင် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများပြုလုပ်သည့် အချိန်က ဇေယျာသော်၏ အင်တာဗျူးကိုလည်း ထည့်ပေးထားသည်။

ယင်းသီချင်းကိုနားထောင်၍ ပရိသတ်များက ဇေယျာသော်ကိုသတိရကြောင်း နှင့် ၎င်းတို့၏ စိတ်ထဲတွင် အမြဲရှိနေမည့် သူရဲကောင်းတစ်ဦးဖြစ်ကြောင်း မှတ်ချက်ပေးထားကြသည်။

ယင်းသီချင်းကို ကြည့်ရှုလိုသူများအနေဖြင့်https://youtube.com/c/WECLICK2 တွင်ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

ဗီဒီယိုဖိုင်တင်ထားသည့် နှစ်နာရီကျော် အချိန်အတွင်း ဝင်ရောက်ကြည့်ရှု့သူ ငါးသောင်းကျော်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

မေးမြန်းခန်း

ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း

Facebook