Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ အောင်ဇမ္ဗူဇာတ်ပွဲ ညအိပ်လက်မှတ်တန်းစီသူတွေ မိုးမိပြီး ဒုက္ခရောက်

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

Screenshot

ဇူလိုင် ၃၀၊ ၂၀၂၆၊ မေရီ/People’s Spring

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

လာမယ့် သြဂုတ် ၄ ရက်ကနေ ၇ ရက်အထိ မန္တလေးမြို့၊ ချမ်း​မြသာစည်မြို့နယ်၊ အောင်ပင်လယ်ဘောလုံးကွင်းမှာပြုလုပ်မယ့် စစ်တပ်ရဲ့ ဝါဒဖြန့် ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို သြဂုတ် ၁ ရက်မှ လက်မှတ်ရောင်းချပေးမှာဖြစ်ပေမဲ့ ​မနေ့က ဇူလိုင် ၃၀ ရက် ညကတည်းက ပွဲခင်းမှာ ညအိပ်ကာ လက်မှတ်တန်းစီသူတွေ ရောက်ရှိလာကြောင်း ရပ်ကွက်ခံတွေက ပြောပါတယ်။

တိုက်ဆိုင်စွာပဲ ရက်​ပေါင်းများစွာ မိုးရွာသွန်းခြင်းမရှိခဲ့တဲ့ မိုးဟာ မနေ့ညက တစ်ညလုံးနီးပါး ရွာခဲ့ပြီး ဇာတ်ပွဲကြည့်ဖို့ ညအိပ်တန်းစီစောင့်သူတွေ ဒုက္ခရောက်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“မိုးက အချိန်ကောင်းမှထရွာတော့ ဘယ်ပြေးလို့ပြေးရမှန်းမသိဘူး”လို့ လက်မှတ်တန်းရင်း မိုးမိခဲ့တဲ့ အမျိုးသမီးတစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

မိုးက ပိုသည်းလာတာကြောင့် ဆောက်လက်စဇာတ်စင်မှာ ယာယီအမိုးထဲ ဝင်ခိုခဲ့ကြရပြီး တစ်ညလုံး မအိပ်ခဲ့ရဘူးလို့ သိရပါတယ်။

ဇာတ်မင်းသား အောင်ဇမ္ဗူဟာ ပြီးခဲ့တဲ့ သီတင်းကျွတ်ကာလကစလို့ အာဏာသိမ်းစစ်တပ်ရဲ့အလိုကျ တိုင်းပြည်အေးချမ်းနေသယောင် ဝါဒဖြန့်ဖို့အတွက် စစ်တပ်ထိန်းချုပ်​ရာ မြို့ကြီးတချို့မှာ ကပြဖျော်ဖြေနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကပဲ စစ်တပ်ရဲ့ ဟန်ပြလွှတ်တော်မှာ သွားရောက်ဖျော်ဖြေခဲ့ပါသေးတယ်။ ဒါ့အပြင် စစ်ခေါင်းဆောင်သမီး ခင်သီရိသက်မွန်ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလုုပ်ငန်းမှာလည်း ခေါင်း​ဆောင်မင်းသားအဖြစ် ရုပ်ရှင်ရိုက်ကူးမှုတွေ ပြုလုပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးမြို့က မီလျံနာရွှေဆိုင်ဓားပြတိုက်မှု ကျူးလွန်သူတွေဖမ်းမိပြီး ကျူးလွန်သူတွေဟာ စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ လွတ်မြောက်လာသူတွေပါဝင်တယ်လို့ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက ပြောပါတယ်။