Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြို့က စစ်တပ်ရဲ့စစ်ဆေးရေးဂိတ် ၂ခု တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

မန္တလေးတိုင်း၊ တောင်သာမြို့က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

( တောင်သာမြို့က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေ သိမ်းပိုက်အပြီး ရတဲ့ လက်နက်ပစ္စည်းတွေ။ ဓာတ်ပုံ - MGN Army)

ဩဂုတ် -၁၊၂၀၂၆။မိုမို/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

မြို့အရှေ့ဘက်က မန်ကျည်းရိုးဂိတ်နဲ့ ဗိဿနိုးဂိတ်ကို ဇူလိုင် ၂၈ ရက်က မဟာမိတ်တွေနဲ့ စုပေါင်းပြီးတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီဂိတ်စခန်းတွေထဲမှာ ပြည်သူတွေကို လက်နက်ပြ မိုက်ကြေးခွဲငွေညစ်နေမှုမှာ အဓိကကျတဲ့ မန်ကျည်းရိုးဂိတ်ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

” တိုက်ခဲ့တဲ့ ဂိတ်စခန်းနှစ်ခုမှာ စစ်တပ်က အင်အား၅၀ ဝန်ကျင်လောက်ရှိတယ်။သေဆုံးတာတော့ နှစ်ယောက်ရှိတယ်ကြားတယ်။သွေးကွက်တွေတွေ့ခဲ့ရတယ်”လို့ အထက်ပါတာ၀န်ရှိသူက ပြောပါတယ်။

တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားတာကြောင့် လက်နက် ၂လက်သိမ်းရပြီး ဂိတ်စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲမှာ ရဲဘော် ၁ဦးဒဏ်ရာ ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

” တိုက်ပွဲက ၂၈ ရက်နေ့ မနက်အစော ၄ နာရီ ကျော်ကျော်လောက်ကတည်းက။တပ်ပေါင်းစု ပုံသဏ္ဍာန်စုဖွဲ့ပြီး တိုက်ခဲ့ကြတယ်”လို့ တောင်သာမြို့နယ်အခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

တောင်သာမြို့က ဂိတ်စခန်းတွေကို မြင်းခြံခရိုင် အမှတ် (၁၊၂၊၃၊၇၊၈)ခရိုင်တပ်ရင်းတွေနဲ့ မြင်းခြံခရိုင်ပကဖ၊ နွားထ်ိုးကြီးမြို့နယ် ပကဖ၊တောင်သာမြို့နယ် ပကဖ နဲ့ စဉ့်ကိုင် ပကဖ တို့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်ထဲကမလှိုင်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲ အာဏာသိမ်းစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းဇူလိုင်လ ၃၁ ရက်ညနေပိုင်းကအသက် ၆၀ အရွ​ယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ နယ်ခံအချို့ဆီကသိရပါတယ်။

ဆောင်းပါး

Tiktok လူမှုကွန်ရက်မှာ အမျိုးသမီးကြီးတစ်ဦးဟာ ဓါတ်ပုံလေးတွေကိုင်ပြီး ငိုကြွေးနေတဲ့ရုပ်သံတွေ တက်လာခဲ့ပါတယ်။ အဆိုပါအမျိုးသမီးကြီးဟာ ဒလမြို့နယ်ကဖြစ်ပြီး ၎င်းရဲ့သားနဲ့သမက်အပါအဝင် ယောကျာ်းလေး ၄ ဦး ပျောက်ဆုံးသွားတဲ့အတွက် Tiktok ကနေ အကူအညီတောင်းခံနေတာပါ။

ဆောင်းပါး

“အနက်ရောင်နယ်မြေထဲက စာသင်ကျောင်းတဲ့” မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ကျေးရွာတခုရဲ့ မူလတန်းကျောင်း မိဘ၊ဆရာတွေ့ဆုံပွဲက ပြန်လာကြတဲ့ ကျောင်းသားမိဘတွေဆီက ကြားရတဲ့ စကားပါ။