သြဂုတ် ၁၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ကနေ ရှမ်းမြောက် နောင်ချိုမြို့နယ်က ဂုတ်ထိပ်တံတားနဲ့ ကူးသန်းတဲ့ ရထား လမ်းချော်ပြီး တိမ်းစောင်းခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ သြဂုတ် ၁ ရက် မနက်ပိုင်းက ပြင်ဦးလွင်ကနေ ဂုတ်ထိပ် တံတားဘက်ပြေးဆွဲတဲ့ ရထားဟာ ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုးရွာအနီးမှာ တိမ်းစောင်းကာ တိမ်းမှောက်ကာနီးအနေအထားကို ရောက်ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
“လူထိခိုက်မှူမရှိဘူး။ လူတွေကအကုန်အောက်ဆင်းပြီး တခြားရထားတစ်စင်းလာခေါ်တာကို စောင့်နေကြတယ်”လို့ ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးက လူမှုကွန်ရက်ကနေ အသိပေးပါတယ်။

Public Service Announcement
အဆိုပါရထားဟာ ဂုတ်ထိပ်တံတား အပျော်စီးခရီးသည်တွေ အများဆုံးလိုက်ပါလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းကာလအတွင်း မီးရထားဝန်ထမ်းတွေ အများအပြား CDM လုပ်ခဲ့တာကြောင့် ရထားလမ်းပိုင်းတွေဟာ ပြုပြင်ထိန်းသိမ်းနိုင်ခြင်း မရှိတာကြောင့် ပျက်စီးယိုယွင်းမှုတွေရှိနေတယ်လို့ သိရပါတယ်။

















































