Connect with us

Hi, what are you looking for?

သတင်း

ပြင်ဦးလွင် – ဂုတ်ထိပ် ရထား လမ်းချော်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ကနေ ရှမ်းမြောက် နောင်ချိုမြို့နယ်က ဂုတ်ထိပ်တံတားနဲ့ ကူးသန်းတဲ့ ရထား လမ်းချော်ပြီး တိမ်းစောင်းခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

Screenshot

သြဂုတ် ၁၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ကနေ ရှမ်းမြောက် နောင်ချိုမြို့နယ်က ဂုတ်ထိပ်တံတားနဲ့ ကူးသန်းတဲ့ ရထား လမ်းချော်ပြီး တိမ်းစောင်းခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ သြဂုတ် ၁ ရက် မနက်ပိုင်းက ပြင်ဦးလွင်ကနေ ဂုတ်ထိပ် တံတားဘက်ပြေးဆွဲတဲ့ ရထားဟာ ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုးရွာအနီးမှာ တိမ်းစောင်းကာ တိမ်းမှောက်ကာနီးအနေအထားကို ရောက်ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

“လူထိခိုက်မှူမရှိဘူး။ လူတွေကအကုန်အောက်ဆင်းပြီး တခြားရထားတစ်စင်းလာခေါ်တာကို စောင့်နေကြတယ်”လို့ ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးက လူမှုကွန်ရက်ကနေ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အဆိုပါရထားဟာ ဂုတ်ထိပ်တံတား အပျော်စီးခရီးသည်တွေ အများဆုံးလိုက်ပါလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းကာလအတွင်း မီးရထားဝန်ထမ်းတွေ အများအပြား CDM လုပ်ခဲ့တာကြောင့် ရထားလမ်းပိုင်းတွေဟာ ပြုပြင်ထိန်းသိမ်းနိုင်ခြင်း မရှိတာကြောင့် ပျက်စီးယိုယွင်းမှုတွေရှိနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ယာဥ်တိုက်မှုကြောင့် လူ ၁၀ဦးထပ်မနည်း သေဆုံးခဲ့ရတဲ့ နယူးမန္တလာထွန်းယာဥ်လိုင်းက ဖြစ်စဥ်အတွက် Facebook လူမှုကွန်ရက်ကနေ တောင်းပန်ထားပြီး ၎င်းတို့ရဲ့ ရန်ကုန်-ပြင်ဦးလွင်ခရီးစဥ်ကို သက်ဆိုင်ရာက ပြေးဆွဲခွင့် ယာယီပိတ်သိမ်းထားကြောင်း အဆိုပါယာဥ်လိုင်းက ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေး-ပြင်ဦးလွင်အဆင်းလမ်းပိုင်း ၁၉မိုင် မှာ ဒီနေ့ညနေပိုင်းက ခရီးသည်တင်အဝေးပြေးကားလမ်းဘေးချောက်ထဲကျသွားတဲ့ဖြစ်စဉ်မှာ သေဆုံးသူ ၁၂ဦးထိရှိခဲ့တယ်လို့သိရပါတယ်။

သတင်း

မန္တလေး-ပြင်ဦးလွင်အဆင်းလမ်းပိုင်း ၁၉မိုင် မှာ ဒီနေ့ညနေပိုင်းက ခရီးသည်တင်အဝေးပြေးကားလမ်းဘေးချောက်ထဲပြုတ်ကျသွားတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် မကြာခဏလာနေတဲ့ ပြင်ဦးလွင်မြို့က 7Glory ဖုန်းဆိုင် ဓားပြတိုက်ခံရမှု ဒီကနေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ပါတယ်။