Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ်ရောက်နေတဲ့ စစ်တပ် စစ်ကြောင်းတားဆီးဖို့ ရဲဘော်တွေ မိုးထဲရေထဲမှာ ကြိုးစားနေဟု ပကဖ ထုတ်ပြန်

ပခုက္ကူခရိုင်ဒေသတွင်းက ရဲဘော်တွေဟာ မြိုင်မြို့နယ်အတွင်းရောက်နေတဲ့ စစ်တပ် စစ်ကြောင်းကို တားဆီးဖို့ မိုးထဲရေထဲမှာ ကြိုးစားနေတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင်-ပကဖ)က ထုတ်ပြန်ပါတယ်။

(မြိုင်မြို့နယ်အတွင်းမှာ တွေ့ရတဲ့ တော်လှန်ရေး ရဲဘော်တွေ။ ဓာတ်ပုံ - မြိုင် ပကဖ)

ဩဂုတ်-၅၊၂၀၂၆။ဖိုးသား/People’s Spring

ပခုက္ကူခရိုင်ဒေသတွင်းက ရဲဘော်တွေဟာ မြိုင်မြို့နယ်အတွင်းရောက်နေတဲ့ စစ်တပ် စစ်ကြောင်းကို တားဆီးဖို့ မိုးထဲရေထဲမှာ ကြိုးစားနေတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင်-ပကဖ)က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်တပ်မီးရှို့ခဲ့တဲ့နေအိမ်တွေကို မီးငြှိမ်း နေတာနဲ့ ရှေ့တန်းစစ်မြေပြင်က ရဲဘော်တွေရဲ့ တပ်ဖြန့်လှုပ်ရှားနေတဲ့ ဓာတ်ပုံမှတ်တမ်းတွေကိုလည်း ဖော်ပြထားပါတယ်။

“စစ်ကြောင်းကတော့ ယာကြီးပြင်မှာပဲရှိသေးတယ်။နေအိမ်တွေ မီးရှို့နေတယ်လို့တော့ ကြားတယ်။ဒီကြားထဲတိုက်ပွဲအခြေအနေက ငြိမ်နေတယ်။ယာကြီးပြင်ကိုစစ်ကြောင်းရောက်လာတဲ့ နေ့ကတော့ တိုက်ပွဲ ဖြစ်ခဲ့သေးတယ်”လို့ မြိုင်မြို့နယ်တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြိုင်မြို့နယ်အတွင်း ၂လကြာ အင်အား ၆၀၀ ခန့်နဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ယာကြီးပြင်ရွာမှာ တပ်စွဲထားတာ လေးရက်ကြာရှိနေပြီး စစ် ကြောင်းလှုပ်ရှားမှုကို စောင့်ကြည့်နေဆဲလို့ ဒေသတွင်း တော်လှန်ရေးတပ်တွေက အသိပေးပါတယ်။

“အင်အားပြန်စုနေတဲ့ အခြေအနေရှိတယ်။ပြီးခဲ့တဲ့ တရက်က ထောက်ပို့လေယာဥ်နဲ့ ကျည် ၊ ခဲယမ်းတွေ ချပေးသွားတယ်”လို့ မြိုင်မြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ပေါက်နဲ့ မြိုင်ဒေသအစပ်က တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ရေနံတွင်းတွေဆီကို စစ်တပ်စစ် ကြောင်းဦးတည်ချင်တာလို့ စစ်ရေးသတင်းရင်း မြစ်တွေက ကနဦးသုံးသပ်ထားပါတယ်။

လက်ရှိစစ်ကြောင်းရှိနေတဲ့ နေရာနဲ့ ရေနံတွင်း တွေဟာ မိုင် ၂၀ ၀န်းကျင်အကွာ အဝေးရှိနိုင်ပြီး တော်လှန်ရေးတပ်တွေရဲ့ ခုခံမှုအခြေအနေပေါ်မူတည်ကာ စစ်တပ်ရဲ့ စစ်ရေးရည်မှန်းချက်ကို ဆက်လက်စောင့်ကြည့်ရမယ်လို့ ဆိုကြပါတယ်။

ဇွန်နဲ့ဇူလိုင်လက တိုက်ပွဲတွေအတွင်း စစ်တပ်စစ် ကြောင်းဆီကလက်နက်ခဲယမ်းတွေ ရခဲ့တာရှိသလို တော်လှန်ရေးရဲဘော်တချို့လည်း ကျဆုံးခဲ့ပါတယ်။

ဇူလိုင် တစ်လတည်းမှာပဲ စစ်တပ်ကမြိုင်ဒေသမှာ လေယာဉ်မျိုးစုံအသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၂၄၀ ၀န်းကျင်ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ ကျေးရွာ ၇ရွာကို မီးရှို့ခဲ့တာကြောင့် နေအိမ်အလုံး ၂၀၀ ကျော် ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ ၂၄ ဦးကို စစ်တပ်စစ်ကြောင်းက သတ်ဖြတ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့(ပ.က.ဖ)လှုပ်ရှားတပ်ဖွဲ့မှ ရဲဘော်တဦးက ဒေသခံတစ်ဦးကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့မှုအတွက်ကျူးလွန်ခံရသူ မိသားစုထံ လှုပ်ရှားတပ်ဖွဲ့ခေါင်းဆောင်ကိုယ်တိုင် အုန်း

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့စစ်ကူပေးမယ့် စစ်တပ်စစ်ကြောင်းဟာ ဆောမြို့ကို ဦးတည်လာနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးနေတဲ့ကြားက အာဇာနည်နေ့ အခမ်းအနားကို တော် လှန်ရေးအင်အားစုတွေ ကျင်းပခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့ကိုရောက်ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ဖောင်းပြင်မြို့နယ်ကို ဆန်တက်လာလို့ မြစ်ကမ်းဘေးကျေးရွာက ဒေသခံတွေ ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ.) ဖောင်းပြင်မြို့နယ်က အရေးပေါ် သတိပေးချက် ထုတ်ပြန်ပါတယ်။