Connect with us

Hi, what are you looking for?

သတင်း

လေလှိုင်းထန်မှုကြောင့် အိန္ဒိယ လေကြောင်းပိုင်လေယာဉ် အပြင်းအထန် တုန်ခါပြီး ၁၇ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ဩဂုတ် ၄ ရက်နေ့တုန်းက ဖူးခက်ကနေ ပျံသန်းလာတဲ့ Airbus A320 အမျိုးအစား လေယာဉ်ဟာ ကာလအားဖြင့် တိုတောင်းပေမယ့် ပြင်းထန်တဲ့ လှုပ်ယမ်းမှု တစ်ခုနဲ့ ကြုံခဲ့တဲ့နောက် ပေ ၃၀၀ လောက် ရုတ်တရက် နိမ့်ဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်ရပ်အတွင်း လေယာဉ် အမှုထမ်းတွေရော၊ ခရီးသည် တချို့ပါ အလဲလဲအပြိုပြိုတွေ ဖြစ်ပြီး ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ လေယာဉ်ကိုတော့ ဒေလီမြို့တော်မှာရှိတဲ့ အင်ဒီယာဂန္ဒီ လေဆိပ်မှာ ချောချောမောမော ဆင်းသက်နိုင်ခဲ့ပါတယ်။

ခရီးသည် ၁၃၄ ဦးနဲ့ အမှုထမ်း ၈ ဦးစလုံးဟာ လေယာဉ်ပေါ်ကနေ ပုံမှန်အတိုင်း ဆင်းသက်လာနိုင်ခဲ့ပြီး အပြင်းအထန် ထိခိုက်ဒဏ်ရာရထားသူတွေ မရှိခဲ့ကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်ပါတယ်။ လေဆိပ်မှာတော့ ရှေးဦးသူနာပြု အဖွဲ့တွေက စောင့်ကြိုနေပြီး အပေါ့စား ဒဏ်ရာ ရထားသူတွေကို ကုသပေးခဲ့သလို လူ ၁၀ ယောက်လောက်ကိုတော့ လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လုပ်နိုင်အောင် ဆေးရုံ ပို့ဆောင်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လေလှိုင်းထန်မှုအတွင်း ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့သူတော့ မရှိဘူးလို့ လေကြောင်းလိုင်းက အတည်ပြုခဲ့ပါတယ်။ ဒီကိစ္စကို အသေးစိတ် စုံစမ်းသွားမှာဖြစ်ကြောင်း၊ ခရီးသည်တွေနဲ့ အမှုထမ်းတွေရဲ့ လုံခြုံဘေးကင်းရေးဟာ လေကြောင်းလိုင်းရဲ့ အမြဲတမ်း ဦးစားပေး ကိစ္စဖြစ်ကြောင်းလည်း လေကြောင်းလိုင်းဖက်က ထုတ်ပြန်ခဲ့ပါတယ်။

ပျံသန်းရင်း တုန်ခါမှု ကြုံခဲ့တဲ့ လေယာဉ်ဟာ သက်တမ်း ၇ နှစ်လောက်ပဲ ရှိပါသေးတယ်။ လေထု အပြောင်းအလဲကြောင့် ဖြစ်ပွားတဲ့ လေယာဉ် တုန်ခါမှုတွေဟာ ကမ္ဘာတစ်ဝှမ်းမှာ လေယာဉ်စီး ခရီးသည်တွေနဲ့ အမှုထမ်းတွေ ဒဏ်ရာရရှိစေမှု အများဆုံး အကြောင်းတရား တစ်ခုလည်း ဖြစ်ပါတယ်။ အများအားဖြင့်တော့ ထိုင်ခုံမှာ ရှိမနေသူတွေ၊ လုံခြုံရေး ခါးပတ် ပတ်မထားသူတွေ အဓိက ဒဏ်ရာရလေ့ ရှိပါတယ်။

လေယာဉ် အမှုထမ်းတွေကတော့ ပျံသန်းနေချိန် အများစုမှာ ထိုင်ခုံပေါ် ထိုင်မနေတာကြောင့် ဒီလိုဖြစ်ရပ်မျိုးတွေမှာ ဒဏ်ရာရနိုင်ခြေ အမြင့်ဆုံး ကြုံရတတ်ပါတယ်။

အိန္ဒိယ အရပ်ဖက် လေကြောင်း ဝန်ကြီးဌာနကတော့ အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှု ကနဦးအဆင့်ကို စတင်နေပြီလို့ ကြေညာခဲ့ပြီး လေကြောင်းလိုင်းကလည်း အပြည့်အဝ ပူးပေါင်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ကိုးကား: NDTV

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲနှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နှစ်ယောက်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သတင်း

လူသိထင်ရှား တရုတ် အနုပညာ ကြယ်ပွင့် တစ်ဦးကို တွေ့ခွင့်ရဖို့ ကြိုးစားတဲ့ တရုတ် ပရိသတ် အဖွဲ့တစ်ဖွဲ့ကို လေယာဉ်ပေါ် ပေးမတက်ခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာရှိတဲ့ သုဝဏ္ဏဘူမိ လေဆိပ်က ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မိုးရွာထဲ ဘောလုံးကန်နေတုန်း မိုးကြိုးပစ်ချလို့ ဘောလုံးသမားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

ဗြိတိန်နိုင်ငံအခြေစိုက်ရိုဟင်ဂျာအသင်း (BROUK)က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ဖမ်းဆီးပြီး တရားခံအဖြစ် လွှဲပြောင်းယူနိုင်ရေးကြိုးစားပေးဖို့အာဂျင်တီးနားတရားရေးဌာနကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။