Connect with us

Hi, what are you looking for?

သတင်း

ကြေးနီတင်လာတဲ့ ရေယာဥ်တွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်

ဝမ်ပေါင်ကြေးနီစီမံကိန်းကနေ ကြေးနီတွေတင်လာပြီးနောက် ချင်းတွင်းမြစ်အတွင်း ရေကြောင်းမှားလို့ သော​င်တင်နေတဲ့ ရေယာဥ်တွေကို ဒေသတွေတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

(ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်သင်္ဘောများအား တိုက်ခိုက်နေသည်ကို တွေ့ရစဥ်။ ရုပ်သံ-CFG)

သြဂုတ် ၆၊ ၂၀၂၆။ ဇေအောင်/People’s Spring

ဝမ်ပေါင်ကြေးနီစီမံကိန်းကနေ ကြေးနီတွေတင်လာပြီးနောက် ချင်းတွင်းမြစ်အတွင်း ရေကြောင်းမှားလို့ သော​င်တင်နေတဲ့ ရေယာဥ်တွေကို ဒေသတွေတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

သြဂုတ် ၄ ရက်က ဝမ်ပေါင်ကနေ ကြေးနီတွေတင်ပြီး ချင်တွင်းမြစ်ကြောင်းအတိုင်း အောက်ဘက်ကို စုန်ဆင်းလာတဲ့ စစ်တပ်ရဲ့ ဖလပ်တွဲတွန်းရေယာဥ် ၁၅ စီးနဲ့ စစ်သင်္ဘော ၁ စီးအနက် ပလောင်ရွာအနီးမှာ ဖလပ်တွဲတွန်း ရေယာဥ် ၂ စီးနဲ့ စစ်သင်္ဘော ၁ စီးဟာ ရေကြောင်းမှားပြီး သောင်တင်ခဲ့ပါတယ်။

အဲဒီသောင်တင်ခဲ့တဲ့ ရေယာဥ်တွေကို ညနေ ၄ နာရီခန့်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group(CFG) ရဲ့တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“၅ယောက်ဒဏ်ရာရတယ်လို့ သိရတယ်။ တခြားတစ်စီးကနောက်တွန်းကလာပြီးတွန်းချသွားတာ။ အောက်ဘက်ကိုဆက်လက်စုန်းဆင်းသွားတာ”လို့ CFG တာဝန်ရှိသူက ပြောပါတယ်။

ရေယာဥ်ပေါ်က စစ်သားတွေက ပြန်လည်ပစ်ခတ်ပေမဲ့ ရဲဘော်တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Chindwin Fighter Group (C.F.G)၊ Brave Heart Army-BHA၊ Monywa Dynamite.STF အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်တပ်ဟာ ချင်းတွင်းမြစ်ရေကြီးချိန် ရေကြောင်းကနေ လက်နက်၊ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေကို သယ်ယူပို့ဆောင်လေ့ရှိပြီး အဲဒီလိုသယ်ဆောင်ချိန် မြစ်ကမ်းဘေးကျေးရွာတွေကို စစ်သင်္ဘောတွေပေါ်ကနေ လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပစ်ခက်တာ ၊ ပါရာမော်တာ ၊ ဂျိုင်ရိုကော်ပတာတွေနဲ့ ဗုံးသီးချတာတွေ ပြုလုပ်ခဲ့လို့ ပြည်သူထိခိုက်သေဆုံးမှုတွေ ရှိနေကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က စစ်တပ်ရဲ့ ကာဘိုးကျေးရွာတပ်စခန်းအနီး တိုက်ပွဲအတွင်း စစ်တပ် ထိခိုက်သေဆုံးမှုရှိပြီး လက်နက်၂လက် သိမ်းရခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။