Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံရသူအားလုံးလွှတ်ပေးဖို့ အမေရိကန် ထပ်မံတောင်းဆို

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

(​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC က မြန်မာနိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ် Mr. Arnaude de Baqque တို့​တွေ့ဆုံစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)

ဩဂုတ် ၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

ဩဂုတ် ၃ရက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့တဲ့ အခြေအနေ နဲ့ပတ်သက်ပြီး အခုလို ထုတ်ပြန်ခဲ့တာပါ။

” မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို လွှတ်ပေးရန်လည်း မိမိတို့ တောင်းဆိုပါသည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများ အဆုံးသတ်နိုင်ရေးအတွက် စစ်တပ်အနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် တိုက်တွန်းပါသည်” လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တွေ့ဆုံမှုဟာ ဒေါ်အောင်ဆန်းစုကြည်ထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပုံမှန်ဝင်ရောက်တွေ့ဆုံခွင့် ရရှိရေးအတွက် အစပြုမှုတစ်ရပ် ဖြစ်လာမယ်လို့ မျှော်လင့်ကြောင်း ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လိုအပ်သော ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုများ ရရှိနိုင်ရေး၊ မိသားစုဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများရဲ့ သွားရောက်တွေ့ဆုံခွင့်များ ရရှိနိုင်ရေးကို အာဏာပိုင်များက အာမခံပေးရန်လည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားအားလုံးထံ ပိုမိုကျယ်ပြန့်စွာ ဝင်ရောက်တွေ့ဆုံခွင့် ရရှိရေးအတွက်လည်း လမ်းဖွင့်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook