Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကာကွယ်ဆေး စတုတ္ထမြောက်တစ်လုံး ထပ်ထိုးပေးတဲ့ အစီအစဉ် အစ္စရေး စတင်

အစ္စရေးဟာ ဆယ်ကျော်သက် အရွယ်တွေကို ကာကွယ်ဆေး ထိုးစေဖို့ အစောဆုံး ထိုးခဲ့တဲ့ နိုင်ငံတစ်ခု ဖြစ်သလို ကာကွယ်ဆေး ပတ်စ်ပို့တ်လို အစီအမံတွေကို စံပြအနေနဲ့ ကျင့်သုံးခဲ့ပါတယ်။ ပြီးတော့ ကာကွယ်ဆေး တတိယတစ်လုံး Boosterထိုးဖို့ ကိစ္စမှာလည်း အစ္စရေးဟာ ရှေ့ဆုံးတန်းကနေ အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ပါတယ်။

အစ္စရေးဟာ ပြည်သူ တချို့ကို စတုတ္ထမြောက် ကာကွယ်ဆေး ထပ်ထိုးပေးတဲ့ အစီအစဉ် စတင် အကောင်အထည် ဖော်နေပြီလို့ သိရပါတယ်။

Omicronမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေက ဥရောပ တလွှားမှာ ကြီးကြီးမားမား ခြိမ်းခြောက်လာတဲ့နောက် အစ္စရေးက ကာကွယ်ဆေး Booster ထပ်ထိုးပေးဖို့ အရှိန်မြှင့် လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ အစ္စရေးဟာ ကမ္ဘာပေါ်မှာ ကာကွယ်ဆေး ထိုးနှံနိုင်စွမ်း အမြင့်ဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး နိုင်ငံသား အများအပြားဟာ ကာကွယ်ဆေး တတိယတစ်လုံး Booster ထိုးနှံပြီးသားပါ။

အစ္စရေး ဝန်ကြီးချုပ်ရုံးက အခုအခါ အသက် ၆၀ ကျော် သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ၊ ကိုယ်ခံအား ပြဿနာ ရှိသူတွေမှာ စတုတ္ထအကြိမ်မြောက် ကာကွယ်ဆေး ထိုးပေးနေပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီဇင်ဘာ ၂၁ ရက်က အစ္စရေး နိုင်ငံသား တချို့မှာ လေးကြိမ်မြောက် ကာကွယ်ဆေး ထိုးနှံမှုတွေ စတင် လုပ်ဆောင်လာပါတယ်။

အစ္စရေး နိုင်ငံသား အားလုံးနီးပါးဟာ Pfizerနဲ့ BioNTechက ပူးပေါင်း ထုတ်လုပ်တဲ့ ကာကွယ်ဆေးကို ထိုးနှံမှု ခံယူထားကြတာ ဖြစ်ပါတယ်။ အစ္စရေးမှာ ဆေးသုတေသန ပညာရှင်တွေ ဆွေးနွေးခဲ့တဲ့နောက် စတုတ္ထမြောက် ကာကွယ်ဆေးတစ်လုံး ထပ်ထိုးသင့်တယ်ဆိုတဲ့ အယူအဆကို တညီတညွတ် သဘောတူခဲ့ကြတယ်လို့ အစ္စရေး ရေဒီယိုက ဖော်ပြသွားပါတယ်။

Public Service Announcement

Public Service Announcement

စတုတ္ထမြောက် ကာကွယ်ဆေးတစ်လုံး ထပ်ထိုးခြင်းက လူ့ကိုယ်ခံအားအတွက် ဘယ်လိုဘယ်ပုံ သက်ရောက်စေမလဲ ဆိုတာကို တိကျတဲ့ အချက်အလက်တွေတော့ မကောက်ယူရသေးကြောင်း၊ တစ်ဖက်က ကြည့်ရင်လည်း ဗိုင်းရပ်စ်ရဲ့ ပျံ့နှံ့ ကူးစက်မှုဟာ တစ်ကမ္ဘာလုံးအတွက် ချောက်ချားစရာ အခြေအနေ ဖြစ်လာနေတာကို မျက်ကွယ်ပြုလို့ မရကြောင်း အစ္စရေး ကပ်ရောဂါ ထိန်းချုပ်ရေးဌာနရဲ့ ပရော်ဖက်ဆာ ဂါလီရာ ရာဟက်ဗ်က ဆိုပါတယ်။

တကယ်လို့ အစ္စရေးမှာ စတုတ္ထမြောက် ကာကွယ်ဆေးထိုးမယ့် ကိစ္စက ထူးခြားတဲ့ အကျိုးသက်ရောက်မှု ရှိလာမယ်ဆိုရင် တခြား ကမ္ဘာ့နိုင်ငံတွေကလည်း တူညီတဲ့ လမ်းစဉ်မျိုး လိုက်လာဖို့ ရာဟက်ဗ်က မျှော်လင့်နေပါတယ်။ အစ္စရေးဟာ ကာကွယ်ဆေး ထိုးနှံမှုနဲ့ ပတ်သက်ရင် အရဲကိုးတဲ့ ခြေလှမ်းတွေကို အစပြုခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

အစ္စရေးဟာ ဆယ်ကျော်သက် အရွယ်တွေကို ကာကွယ်ဆေး ထိုးစေဖို့ အစောဆုံး ထိုးခဲ့တဲ့ နိုင်ငံတစ်ခု ဖြစ်သလို ကာကွယ်ဆေး ပတ်စ်ပို့တ်လို အစီအမံတွေကို စံပြအနေနဲ့ ကျင့်သုံးခဲ့ပါတယ်။ ပြီးတော့ ကာကွယ်ဆေး တတိယတစ်လုံး Boosterထိုးဖို့ ကိစ္စမှာလည်း အစ္စရေးဟာ ရှေ့ဆုံးတန်းကနေ အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို နည်းနည်းလေး ရန်စရင်တောင် အီရန်ကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။