ဩဂုတ် ၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်)ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့လို့ ကလေးငယ်အပါအဝင်အရပ်သား သေဆုံးထိခိုက်မှု ရှိခဲ့ပါတယ်။
ဩဂုတ် ၁၀ရက် ညနေပိုင်းက ကျောက်ကြီးမြို့နယ် ဘုရားကြီးကျေးရွာကို ဖျက်အားပြင်းဗုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ (၃)ဦး သေဆုံးခဲ့ရပြီး (၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၃)လုံး ထိခထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။
စစ်တပ်က ဘုရားကြီးကျေးရွာအတွင်းသို့ ပေါင် (၅၀၀) ဗုံး (၂)လုံး လာရောက်ကျဲချခဲ့ရာ မာပီဖိုးကျေးရွာမှ စစ်ဘေးရှောင် (၁)ဦးဖြစ်တဲ့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့သလို ဘုရားကြီးကျေးရွာက ၉ နှစ် ကလေးငယ်နဲ့ အမျိုးသမီး ၁ဦး သေဆုံးခဲ့တယ်လို့ဆိုပါတယ်။

Public Service Announcement
ဒါအပြင် ကလေးငယ် ၄ဦး အပါအဝင် ၈ဦးဒဏ်ရာရခဲ့ကြောင်း KNU က အသိပေးထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာဆီယံ ဘုံသဘောတူညီချက် (Five-Point Consensus) အား လိုက်နာဆောင်ရွက်င်း မရှိဘဲ နိုင်ငံတစ်၀န်းရှိ အပြစ်မဲ့ အရပ်သားပြညသူများသို့ လေယာဉ်များ၊ ဒရုန်းများ၊ လက်နက်ကြီးများဖြင့် အကြမ်းဖက်တိုက်ခိုက်ခြင်း သော်လည်းကောင်း၊ အရပ်သားပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း နဲ့ စစ်ရာဇ၀တ်မှုဆိုင်ရာများအား နေ့စဉ်နဲ့အမျှ ကျူးလွန်လျှက်ရှိဟု KNU က ထုတ်ပြန်ပါတယ်။


















































