Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကိုင်မှာ ရေဘေးရှောင်စက်လှေ တိမ်းမှောက်ပြီး အမျိုးသမီး ၁ ဦးသေဆုံး

ရေကြီး၊ရေလျှံမှုဖြစ်နေတဲ့ မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်မှာ ရေဘေးရှောင်ဖို့ ထွက်ခွာလာတဲ့ စက်လှေတစ်စီးတိမ်းမှောက်ခဲ့ပြီး လူ ၁ဦးသေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

(စက်လှေမှောက်လို့ သေဆုံးတဲ့ အမျိုးသမီးကို သယ်ဆောင်လာစဉ်။ ဓာတ်ပုံ − မဏိစလ)

သြဂုတ်−၁၂၊၂၀၂၆။ တာရာ/People’s Spring

ရေကြီး၊ရေလျှံမှုဖြစ်နေတဲ့ မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်မှာ ရေဘေးရှောင်ဖို့ ထွက်ခွာလာတဲ့ စက်လှေတစ်စီးတိမ်းမှောက်ခဲ့ပြီး လူ ၁ဦးသေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

​​ဖြစ်စဥ်မှာ သြဂုတ် ၁၁ရက်မနက် ၉ နာရီခွဲခန့်က မြောက်ကိုင်းကျေးရွာဘက်ကနေ ရေဘေးရှောင်တွေစီးနင်းလာတဲ့ စက်လှေ၁စီးဟာ သံလမ်းအနီးမှာ တိမ်းမှောက်သွားပြီး စက်လှေပေါ် ပါလာတဲ့သူတွေထဲက အမျိုးသမီး ၁ဦး ရေနစ်သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ရေနစ်မြုပ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

” အမျိုးသမီး ၁ဦးရေမွန်းပြီးသေတာ။ နောက် ၁ဦးကိုလည်း အရေးပေါ်ပို့ထားရတယ်။ သူတို့တွေကရေဘေးရှောင်ဖို့ထွက်လာတာ။ အခုချိန်မှာ အကုန်လုံးဂရုစိုက်လို့ ပြောချင်တယ်။ စက်လှေတွေကိုလည်း သတိထားမောင်းပါ”လို့ ကယ်ဆယ်ရေးလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

နစ်​မြုပ်ခဲ့တဲ့ စက်လှေပေါ်မှာ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦး၊ ကလေး ၁ဦး စုစုပေါင်း ၆ဦး လိုက်ပါလာတာဖြစ်ပြီး အမျိုးသမီး ၁ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ စဉ့်ကိုင်မြို့နယ်မှာ မိုးသည်ထန်စ္စာရွာသွန်းပြီး ဒုဋ္ဌဝတီမြစ်ရေမြင့် တက်လာတာကြောင့် ဧည့်ပြ၊ တံတားဦးလေး၊ ကျွန်းဦး၊ စိတ္တရ၊ မြောက်ကိုင်း၊ ဆယ့်နှစ်ကိုင်း၊သာယာကျွန်းစတဲ့ကျေးရွာ တွေအပါအဝင်ကျေးရွာအများအပြား ရေကြီးရေလျှံမှု ဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ