Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အဘေးဖြစ်သူကဂျပန်အလိုတော်ရိမှန်းပေါ်ပေါက်လာလို့တောင်းပန်ခဲ့ရတဲ့ တောင်ကိုရီးယားမင်းသမီး

သူ့ရဲ့ အဘေးဟာ ဂျပန်အလိုတော်ရိ တစ်ဦးဖြစ်ခဲ့တဲ့ သမိုင်းကြောင်းကို မသိဘဲ ဂုဏ်ယူစွာနဲ့ အဘေးအကြောင်း ပြောဆိုမိခဲ့တာကို တောင်ကိုရီးယား မင်းသမီး အန်းဟာယောင်းက ပရိသတ်တွေဆီ ဝန်ချတောင်းပန်ခဲ့ပါတယ်။

ဓာတ်ပုံ - Yonhap

သြဂုတ် – ၁၃ ၊၂၀၂၆

သူ့ရဲ့ အဘေးဟာ ဂျပန်အလိုတော်ရိ တစ်ဦးဖြစ်ခဲ့တဲ့ သမိုင်းကြောင်းကို မသိဘဲ ဂုဏ်ယူစွာနဲ့ အဘေးအကြောင်း ပြောဆိုမိခဲ့တာကို တောင်ကိုရီးယား မင်းသမီး အန်းဟာယောင်းက ပရိသတ်တွေဆီ ဝန်ချတောင်းပန်ခဲ့ပါတယ်။

ဩဂုတ်လ ၁၂ ရက်နေ့တုန်းက အသက် ၃၃ နှစ်အရွယ် မင်းသမီးဟာ သူ့လက်ရေးနဲ့ စာတစ်စောင်ကို လူမှုကွန်ရက် Instagramပေါ်မှာ တင်ပြီး ဖြစ်ခဲ့သမျှ အငြင်းပွားစရာ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရှင်းပြထားခဲ့ပါတယ်။

ပြဿနာရဲ့ အစကတော့ KBSက ထုတ်လွှင့်တဲ့ Problem Child in House အစီအစဉ်မှာ ဟာယောင်းက သူ့မိသားစုရဲ့ နောက်ဆုံးမျိုးဆက် ၄ ခုထဲမှာ ဆရာဝန်တွေ ရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ သူ့ရဲ့အဘေး (အဘိုးရဲ့ဖခင်)ဟာလည်း ဆရာဝန် တစ်ဦးလို့ ဟာယောင်းက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက်မှာတော့ မိသားစု မျိုးရိုးနောက်ခံကို လေ့လာ ဆန်းစစ်သူတွေက ဟာယောင်းရည်ညွှန်းတဲ့ အဘေးဖြစ်သူဟာ ဂျပန်ကိုလိုနီ ခေတ်တုန်းက ဂျပန်အလိုတော်ရိ အဖွဲ့အစည်း တစ်ခုရဲ့ အသင်းဝင်ဆိုတာ ဖော်ထုတ် တွေ့ရှိလာခဲ့ပါတယ်။

ဂျပန်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အုပ်စိုးမှုကို ကြုံတွေ့ဖြတ်သန်းခဲ့တဲ့ တောင်ကိုရီးယားမှာတော့ ဒီကိစ္စဟာ သက်ရောက်မှု အရမ်းကြီးမားတဲ့ ပြဿနာ တစ်ခုပါ။ သတင်းတွေ ထွက်ထွက်ချင်းမှာ ဟာယောင်းရဲ့ အေဂျင်စီက အဲဒီ ဖော်ပြချက်တွေဟာ အခြေအမြစ် မရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

နောက်တော့မှ ဟာယောင်းကိုယ်တိုင်က သူ့အဘေးဟာ ဂျပန် အလိုတော်ရိ တစ်ဦးဆိုတာ သူလုံးဝ မသိခဲ့တာသာ ဖြစ်တယ်လို့ ပြန်လည် ရှင်းပြခဲ့ပါတယ်။

သူ့ရဲ့ တောင်းပန်စာထဲမှာတော့ အဘေးဖြစ်သူရဲ့ ဂျပန်အုပ်စိုးသူတွေနဲ့ ဆက်နွှယ်ပတ်သက်ခဲ့တဲ့ ကိစ္စအတွက် လှိုက်လှိုက်လှဲလှဲ စိတ်မကောင်း ဖြစ်ရကြောင်း ရေးသားထားပါတယ်။ သူကိုယ်တိုင်က အဘေးနဲ့ ပတ်သက်လို့ မိသားစုထဲမှာ စကားဆက်စပ် ပြောဆိုရင်း အပေါ်ယံလောက်ပဲ သိခဲ့ကြောင်း၊ တကယ့် ဇစ်မြစ်ကို သေချာ မဆန်းစစ်ဘဲ အဘေးနဲ့ ပတ်သက်လို့ ဂုဏ်ယူသလို ပြောမိဆိုမိတာကို အရမ်းရှက်မိကြောင်း ဟာယောင်းက ဆိုပါတယ်။

သူ့အနေနဲ့ မိသားစု သမိုင်းကြောင်းကို အလေးအနက် ပြန်လည် ဆန်းစစ် လေ့လာသွားပါ့မယ်လို့ ဟာယောင်းက ကတိပြုခဲ့သလို ဂျပန်ဆီကနေ လွတ်လပ်ရေးရအောင် ကြိုးစား တိုက်ပွဲဝင်ခဲ့သူတွေကိုလည်း အထူးလေးစားပါတယ်လို့ ပြောပါတယ်။

အငြင်းပွားစရာတွေ ဖြစ်လာတဲ့နောက် Samsung အပါအဝင် သူနဲ့ ကြော်ငြာစာချုပ် ချုပ်ဆိုထားတဲ့ ကုမ္ပဏီတချို့ဟာ ဟာယောင်းရဲ့ ကြော်ငြာတွေကို အများပြည်သူ ကြည့်ရှုလို့ မရအောင် ပိတ်သိမ်းထားလိုက်ပါတယ်။ ဒီကိစ္စဟာ ဟာယောင်းရဲ့ အနုပညာ ဘဝကိုပါ ထိခိုက်လာနိုင်တဲ့ အလားအလာတွေ ရှိနေကြောင်း လေ့လာသူတွေက သတိပေးပါတယ်။

ဟာယောင်းဟာ The Trauma Code: Heroes on Call၊ Boyfriend on Demand၊ Teach You a Lessonတို့လို အောင်မြင်တဲ့ ကိုရီးယား စီးရီးတွေမှာ ပါဝင် သရုပ်ဆောင်ခဲ့ပြီး လတ်တလော လူကြည့်များနေတဲ့ အချစ်ဟာသ စီးရီးသစ် Our Sticky Loveမှာလည်း ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ထားပါတယ်။

ကိုးကား – Korea Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်ကိုရီးယားဖက်က ထိပါးခြိမ်းခြောက်တာမျိုးတွေ ရှိလာရင် ပြတ်ပြတ်သားသား တုံ့ပြန်ဖို့ နယ်ခြားစောင့် စစ်တပ်တွေကို မြောက်ကိုရီးယားက ညွှန်ကြားထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား နိုင်ငံက စူပါမားကက်တစ်ခုမှာ ဓားကိုင်တိုက်ခိုက်မှု တစ်ခုကြောင့် လူ ၈ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြည်တွင်းမှာ တီထွင်ထုတ်လုပ်ထားတဲ့ ပထမဆုံး ဟိုက်ပါဆောနစ် ဒုံးကျည်ကို တောင်ကိုရီးယားက စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေနဲ့ လုံးဝ မပတ်သက်ကြောင်း မြောက်ကိုရီးယား အစိုးရက ငြင်းဆိုခဲ့ပါတယ်။