Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံတကာ ခရီးသည် အဝင်အထွက် အများဆုံး ဂုဏ်ပုဒ်ကို အင်ချွန်းလေဆိပ် ပထမဆုံးအကြိမ် ပိုင်ဆိုင်လာ

တောင်ကိုရီးယားရဲ့ အင်ချွန်း နိုင်ငံတကာ လေဆိပ်ဟာ ကမ္ဘာပေါ်မှာ နိုင်ငံတကာ ခရီးသည် အဝင်အထွက် အများဆုံး၊ အလုပ်အများဆုံး လေဆိပ်အဖြစ် ပထမဆုံးအကြိမ် ရပ်တည်ခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

တောင်ကိုရီးယားရဲ့ အင်ချွန်း နိုင်ငံတကာ လေဆိပ်ဟာ ကမ္ဘာပေါ်မှာ နိုင်ငံတကာ ခရီးသည် အဝင်အထွက် အများဆုံး၊ အလုပ်အများဆုံး လေဆိပ်အဖြစ် ပထမဆုံးအကြိမ် ရပ်တည်ခဲ့ပါတယ်။

တောင်ကိုရီးယား နိုင်ငံရဲ့ အဓိက အဝင်အထွက် တံခါးပေါက်လို့ တင်စားနိုင်တဲ့ အင်ချွန်းလေဆိပ်ဟာ အခုနှစ် ပထမ ၆ လအတွင်း နိုင်ငံတကာ ခရီးသွားပြည်သူ ၃၈.၄ သန်းကို ဝန်ဆောင်မှု ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာရှိတဲ့ ဟိဿရိုးလေဆိပ်ကို ကျော်ပြီး ကမ္ဘာ့ နိုင်ငံတကာ ခရီးသွား အဝင်အထွက် အများဆုံး လေဆိပ်တွေ စာရင်းရဲ့ နံပါတ် ၁ နေရာကို ရယူလာခဲ့တာ ဖြစ်ပါတယ်။

ဟိဿရိုးကတော့ အခုနှစ် ပထမဆုံး ၆ လအတွင်း နိုင်ငံတကာ ခရီးသွား ၃၇.၇၉ သန်းကို ဝန်ဆောင်မှု ပေးခဲ့ပါတယ်။ အင်ချွန်းနဲ့ ဟိဿရိုးတို့ရဲ့ နောက်မှာတော့ စင်ကာပူရဲ့ ချန်ဂီလေဆိပ်က နိုင်ငံတကာ ခရီးသွား ဦးရေ ၃၄.၅၃ သန်းနဲ့ တတိယအဖြစ် ရပ်တည်ခဲ့ပါတယ်။

အမေရိကန်နဲ့ အီရန်ကြားက စစ်ရေးပဋိပက္ခကြောင့် အရှေ့အလယ်ပိုင်း ဒေသတွင်း ခရီးသွားတွေက ပျံသန်းမှု လမ်းကြောင်းတွေ ပြောင်းလဲ ရွေးချယ်လာတာကလည်း အင်ချွန်းလေဆိပ်ရဲ့ ခရီးသည် ဝန်ဆောင်မှု ကိန်းဂဏန်းတွေ တိုးလာခြင်းကို အထောက်အပံ့ ဖြစ်စေခဲ့ဖွယ် ရှိပါတယ်။

Public Service Announcement

Public Service Announcement

အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံမှာရှိတဲ့ ဒူဘိုင်း နိုင်ငံတကာ လေဆိပ်ကတော့ နှစ်ပတ်လည် နိုင်ငံတကာ ခရီးသွားဧည့်သည် ဝန်ဆောင်မှုတွေ စာရင်းကို ထုတ်ပြန်ချိန်မှာ သိသိသာသာ ကျဆင်းမှုတွေ တွေ့ရဖွယ် ရှိပါတယ်။ ဒူဘိုင်းလေဆိပ်ဟာ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်တွေမှာ နိုင်ငံတကာ ခရီးသွားဧည့်သည် အများဆုံး စာရင်းရဲ့ ဒုတိယ နေရာကို ရရှိခဲ့ပါတယ်။

ဟိဿရိုးကတော့ အဲဒီ ၂ နှစ်မှာ အဆင့် ၅ နဲ့ အဆင့် ၇ နေရာတွေ အသီးသီး ရပ်တည်ခဲ့ပြီး အင်ချွန်းရဲ့ အဆင့်ကတော့ ၁၂ နဲ့ ၁၃ ပါ။ အရင်က နိုင်ငံတကာ ခရီးစဉ်တွေမှာ ဒူဘိုင်း လေဆိပ်ကနေတဆင့် လေယာဉ်ပြောင်းစီးတဲ့ ခရီးသည် အများအပြားဟာ အခုအခါမှာ အင်ချွန်း လေဆိပ်ကို ပြောင်းလဲ အသုံးပြုလာနေကြောင်း သိရပါတယ်။

အင်ချွန်းလေဆိပ်ကို ၂၀၀၁ ခုနှစ်မှာ စတင်ဖွင့်လှစ်ပြီး နိုင်ငံတကာက မြို့ကြီးတွေနဲ့ ဒေသတွေ ၁၅၈ ခုဆီကို လေယာဉ်ခရီးစဉ်တွေ ပျံသန်း ပြေးဆွဲပေးနေကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သူ့ရဲ့ အဘေးဟာ ဂျပန်အလိုတော်ရိ တစ်ဦးဖြစ်ခဲ့တဲ့ သမိုင်းကြောင်းကို မသိဘဲ ဂုဏ်ယူစွာနဲ့ အဘေးအကြောင်း ပြောဆိုမိခဲ့တာကို တောင်ကိုရီးယား မင်းသမီး အန်းဟာယောင်းက ပရိသတ်တွေဆီ ဝန်ချတောင်းပန်ခဲ့ပါတယ်။

နိုင်ငံတကာ

ဒေသတွင်းမှာ ပြိုင်ဘက်နှစ်နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်မယ့် အစီအစဉ် မတိုင်ခင် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် တစ်စင်းကို စမ်းသပ် ပစ်ခတ်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့လယ်က ဘိုရှင်းဂတ်ပန်းခြံမှာ မြန်မာတွေစုပေါင်းပြီး ရှစ်လေးလုံးအရေးတော်ပုံ (၃၈) နှစ်မြောက်အဖြစ် ချီတက်ဆန္ဒပြပွဲကို ဒီကနေ့ (သြဂုတ် ၉) ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ရေကြီးရာကနေ မြောက်ကိုရီးယားဖက်ကနေ မျောပါလာတယ်လို့ ယုံကြည်ရတဲ့ မြေမြှုပ်မိုင်းတွေကို တောင်ကိုရီးယားက လိုက်လံ သိမ်းဆည်း ဖယ်ရှားနေရပါတယ်။