Connect with us

Hi, what are you looking for?

သတင်း

ရိုဟင်ဂျာတွေအပေါ် ရာဇဝတ်မှုကျူးလွန်ခဲ့ကြောင်းIIMM ရဲ့စွပ်စွဲချက်အပေါ် AA ပယ်ချ

အာရက္ခတပ်တော်(AA)က ရိုဟင်ဂျာတွေအပေါ် ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျုးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် စုံစမ်းတွေ့ရှိခဲ့တယ်ဆိုတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM) ရဲ့ ထုတ်ပြန်ချက်ဟာ လုံး၀ အခြေအမြစ်မရှိတဲ့ တဖက်သတ်စွပ်စွဲချက်ဖြစ်တယ်လို့AA က တုံ့ပြန်ပါတယ်။

(ဘူသီးတောင်မြို့နယ်မှာAA တပ်ဖွဲ့၀င် ရိုဟင်ဂျာတဦးနဲ့ ဒေသခံတွေ ကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ )

ဩဂုတ်-၁၃၊၂၀၂၆။ခိုင်မြတ်/People’s Spring

အာရက္ခတပ်တော်(AA)က ရိုဟင်ဂျာတွေအပေါ် ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျုးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် စုံစမ်းတွေ့ရှိခဲ့တယ်ဆိုတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM) ရဲ့ ထုတ်ပြန်ချက်ဟာ လုံး၀ အခြေအမြစ်မရှိတဲ့ တဖက်သတ်စွပ်စွဲချက်ဖြစ်တယ်လို့AA က တုံ့ပြန်ပါတယ်။

IIMM က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ AA ဟာ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာအမျိုးသမီးတွေကို မုဒိမ်းမှုအပါအဝင် လိင်ပိုင်းဆိုင်ရာနဲ့ Gender အခြေပြုအကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့သလို ဗလီတွေကိုလည်း ဖျက်ဆီးခဲ့ကြောင်း ဖော် ပြထားတာပါ။အဲဒီအစီရင်ခံစာပါ ဖော်ပြချက်နဲ့ ပက်သက်လို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက “ဒါဟာလုံး၀ အခြေအမြစ်မရှိ တဲ့ တဖက်သတ်စွပ်စွဲချက်ဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက် ပယ်ချပါတယ်” လို့ လူထုနွေဦးကို ပြောပါ တယ်။

AAဟာဗလီတွေကိုဖျက်ဆီးပြီး အဲဒီနေရာတွေကိုရိုဟင်ဂျာမဟုတ်သူတွေပြန်လည်နေရာချထားရေးအတွက်အသုံးပြုနေကြောင်း၊ ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်နဲ့ မောင်တောဒေသတွေမှာ AA ရဲ့ထိုးစစ်တွေနဲ့ ဆက်စပ်ကာ အဲဒီလိုဆောင်ရွက်မှုတွေဟာ သိသိသာသာ ပိုမိုများပြားလာခဲ့ကြောင်း IIMM ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင်၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့နယ်​မြေရှင်းလင်းရေး​ခေါင်းစဥ်နဲ့ စစ်တပ်ရဲ့စစ်ရာဇဝတ်မှုတွေကို ပြန်လည်အမှတ်ရစေတဲ့ ပုံစံနဲ့ AA ဟာ ရိုဟင်ဂျာတွေ နေထိုင်ရာ ဒေသတခုလုံးမှ ၎င်းတို့ကို ရှင်းလင်းဖယ်ရှားခဲ့တာကြောင့် ရိုဟင်ဂျာဒုက္ခသည် အများအပြားဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နောက်တဖန် ထွက်ပြေးဝင်ရောက်လာခဲ့ကြောင်း ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်း ကျူးလွန်သူတွေဟာ ရိုဟင်ဂျာတွေကို အုပ်စုတခုလုံးအဖြစ် ပစ်မှတ်ထားရာမှာ မြန်မာစစ်တပ်က အသုံးပြုခဲ့တဲ့ ဘာသာရေးအရ စော်ကားနှိမ့်ချတဲ့ အသုံးအနှုန်းတွေသို့မဟုတ်အလားတူစကားလုံးတွေ ကို မကြာခဏ အသုံးပြုခဲ့ကြကာ “ဘင်္ဂါလီ” သို့မဟုတ် “ကုလား” ကဲ့သို့သော အသုံးအနှုန်းတွေ ပါဝင်တယ်လို့ IIMM က အစီရင်ခံမှာဖော်ပြပါတယ်။

အလားတူပဲ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပက်သက်လို့ ကျောက်တော်မြို့နယ်မှာ အကျဉ်းချုံးတရားစီရင်ကာ ကွပ်မျက်မှုတွေ၊ အသက် ၁၅ နှစ်အောက် ကလေးတွေကို အတင်းအကြပ် တပ်သားအဖြစ် စုဆောင်းအသုံးပြုမှုတွေနဲ့ ပတ်သက်တဲ့ အထောက်အထားတွေကိုလည်း IIMM က စုဆောင်း၊ စိစစ်သုံးသပ်ခဲ့တယ် လို့ ဆိုပါတယ်။

IIMM ရဲ့ အဲဒီတွေ့ရှိချက်တွေဟာ မြေပြင်ကပကတိအခြေအနေကိုစနစ်တကျအသေအချာ လေ့လာစုံစမ်းမှုမရှိဘဲအွန်လိုင်းပေါ်က ကြားသမျှ ပဋိပက္ခအခြေပြုငွေကြေးရှာအတ္တဝါဒီ လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေရဲ့ လုပ်ကြံဝါဒဖြန့်အ ချက်အလက်များအပေါ်အခြေခံပြီး တဖက်သတ်စွပ်စွဲတိုက်ခိုက်နေမှုတွေဖြစ်ကာဒေသတွင်းစည်းလုံးညီညွတ်မှုကို ပျက်ပြားစေတယ်လို့ ဦးခိုင်သုခက ပြောပါတယ်။

“အာရကန်ဒေသနေလူ့အဖွဲ့အစည်းတခုလုံးရဲ့ တည်ငြိမ်မှုနဲ့ စည်းလုံးညီညွတ်မှုကိုပျက်ပြားအောင် ရည်ရွယ်ချက် ရှိရှိလုပ်ဆောင်ကြတာဖြစ်တယ်လို့ ကျွန်တော်တို့ မှတ်ယူပါတယ်” လို့ ၎င်းက​​ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာလူဦးရေအများဆုံးရှိတဲ့ မောင်တော၊ ဘူးသီးတောင်အပါအဝင် မြို့နယ် ၁၄ ခုကို AA ကသိမ်းပိုက်ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရားတွေလည်ပတ်အုပ်ချုပ်နေတာဖြစ်ပါတယ်။ AA အုပ်ချုပ်မှုအောက် မှာ ရိုဟင်ဂျာတွေ အရင်ကထက် လွတ်လပ်စွာ ခရီးသွားလာခွင့်ရတယ်လို့ ဒေသခံရိုဟင်ဂျာတွေက ပြောဆိုနေကြ သလို လူ့အခွင့်အရေးချိုးဖောက်မှုအချို့ ရှိနေတယ်ဆိုတဲ့ ဝေဖန်မှုအချို့လည်း ရှိနေတာပါ။

IIMM ရဲ့အစီရင်ခံစာထဲမှာအာဏာသိမ်းစစ်တပ်ရဲ့ ရခိုင်ပြည်နယ်အတွင်းက စစ်ရာဇဝတ်မှုကျူးလွန်တာတွေကိုလည်း စုံစမ်းဖော်ထုတ်ထားပြီး စစ်တပ်ဟာ လေကြောင်းကနေ ဗုံးကြဲတာအပါအဝင် ပြည်သူတွေကို ပစ်မှတ်ထား တဲ့ တိုက်ခိုက်မှုတွေ ဆက်လက်ကျူးလွန်နေကြောင်းဆိုထားပါတယ်။ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းပေးထားတဲ့ IIMM ဟာ၂၀၂၅ ခုနှစ် ဇူလိုင်လကနေ ၂၀၂၆ ခုနှစ် ဇွန် လထိ တနှစ်တာကာလအတွင်း ဖြစ်ရပ်တွေကို မှတ်တမ်းတင်ထားတဲ့ အစီရင်ခံစာကို အခုရက်ပိုင်းမှာ ထုတ်ပြန်ခဲ့ တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်အစိုးရက မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်​​ကျော်​တော်မြို့မှာဖြစ်ပွားခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သမ္မတအရေခြုံထားပေမယ့် လူသတ်ကောင်စရိုက် မပျောက်သေးကြောင်း ကျောက်တော်မြို့ အိန္ဒိယဈေးကို ဗုံးကြဲပြီး သက်သေပြလိုက်ကြောင်း ပြည်သူ့ပန်းတိုင်က ပြောပါတယ်။

သတင်း

စစ်တွေက စစ်တပ်ရဲ့ စခန်းငယ်တခုကို AAထပ်မံသိမ်းပိုက်

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်ခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က ထုတ်ပြန်ခဲ့ပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူများ၊ မိသားစုဝင်များနဲ့အတူ ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြပါတယ်။

Trending

Facebook