Connect with us

Hi, what are you looking for?

သတင်း

ဖမ်းမိထားတဲ့ ပျူစောထီး ၂ဦး ထွက်ပြေးခုခံတာကြောင့် ပစ်ခတ်လိုက်ရဟု ဧရာဒေါင်းတပ် ထုတ်ပြန်

ဖမ်းမိထားတဲ့ ပျူစောထီး ၂ဦး ထွက်ပြေးခုခံခဲ့တာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ ဩဂုတ် ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

(ပျူစောထီး ၂ဦးကို ဖမ်းမိစဉ်က တွေ့ရစဉ်။ ဓာတ်ပုံ - Ayar Daung)

ဩဂုတ်-၁၅ ၊၂၀၂၆။ဖိုးသား/People’s Spring

ဖမ်းမိထားတဲ့ ပျူစောထီး ၂ဦး ထွက်ပြေးခုခံခဲ့တာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ ဩဂုတ် ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

ပခုက္ကူခရိုင် မြစ်ခြေမြို့နယ်မှာ ဖမ်းမိတဲ့ ပျူစောထီး ၂ဦးက မနေ့က(ဩဂုတ် ၁၄ ရက်)မနက် ၄ နာရီမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့နေရာကနေ ထွက်ပြေးဖို့ကြိုးပမ်းခဲ့တာလို့ ဆိုပါတယ်။

သူတို့ကို လိုက်လံရှာဖွေတွေ့ရှိခဲ့ချိန်မှာ ရဲဘော်တွေကို ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ခဲ့ရတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီပျူစောထီး ၂ဦးက ညောင်ဦးမြို့နယ် ပျူစောထီးခေါင်းဆောင်နောင်နောင်ကို ရှင်းလင်းစဉ် မေလ ၁၀ ရက်က ဖမ်းမိခဲ့သူတွေဖြစ်တယ်လို့ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ရှိသူက ပြောထားပါတယ်။

“ပစ်ခတ်မှုဖြစ်တဲ့အချိန် သူတို့ ၂ယောက်ကတော့ ရေထဲခုန်ချလို့ မသေဘူးဗျ အရှင်မိခဲ့သူတွေ”လို့ သူက ပြောပါတယ်။

ညောင်ဦးပျူစောထီးခေါင်းဆောင် နောင်နောင်နဲ့အတူ သူ‌တို့ ၂ဦးက အာဏာသိမ်းစစ်တပ်နဲ့အတူ ဒေသတွင်းစစ်ရေးလှုပ်ရှားမှုတွေနဲ့ အရပ်သားတွေကို ဖမ်းဆီးမှုမှာ ပါ၀င်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခုနှစ် ၂၀၂၆ မေလ နဲ့ ဇွန်လ ပထမပတ်အထိ မြစ်ခြေမြို့နယ်ကို စစ်တပ်စစ်ကြောင်းထိုးပြီး ကလေးငယ်တွေအပါအ၀င် အရပ်သား ၄၀ ကျော်ကို သတ်ဖြတ်ခဲ့တဲ့အပြင် ဒေသခံအများစုဟာ ပခုက္ကူမြို့ပေါ်မှာ စစ်ရှောင်နေကြရပါတယ်။

လက်ရှိမှာ စစ်တပ်က ပခုက္ကူမြို့နယ်၊ မြစ်ခြေ ရဲစခန်းနဲ့ မီတာ၃၀၀အကွာမှာ ဘန်ကာတွေနဲ့ အခိုင်အာတပ်စွဲပြီး မြစ်ခြေမြို့နယ်က ရှစ်မျက်နှာဘုရားမှာလည်း အထိုင်ချထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

Trending

Facebook