Connect with us

Hi, what are you looking for?

သတင်း

မူဆယ်မှာ တရုတ်ရဲနဲ့ စစ်တပ်က ကျားဖြန့်သက်သေခံပစ္စည်းတွေကို ပြည်သူတွေ အလကားပေးပြီး အစဖျောက်

မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်မြို့နယ်၊ ၁၀၅မိုင် အနီး၊ခိုတိန်ကျေးရွာက ကျားဖြန့်ရုံကို တရုတ်ရဲတပ်ဖွဲ့နဲ့ စစ်တပ် ပူးပေါင်းစီးနင်းခဲ့ပြီး အဆောက်အအုံအတွင်းက ပစ္စည်းတွေအားလုံး ဒေသခံတွေကို အလကားပေးပြီး လက်စဖျောက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Screenshot

သြဂုတ် ၁၆၊ ၂၀၂၆။ ဇေရွှေပြည်စိုး၊ဇေအောင်/People’s Spring

မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်မြို့နယ်၊ ၁၀၅မိုင် အနီး၊ခိုတိန်ကျေးရွာက ကျားဖြန့်ရုံကို တရုတ်ရဲတပ်ဖွဲ့နဲ့ စစ်တပ် ပူးပေါင်းစီးနင်းခဲ့ပြီး အဆောက်အအုံအတွင်းက ပစ္စည်းတွေအားလုံး ဒေသခံတွေကို အလကားပေးပြီး လက်စဖျောက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူသိများတဲ့ အဲ့ဒီကျားဖြန့်ရုံကို ဩဂုတ် ၁၅ ရက်မနက်မှာ တရုတ်ရဲတပ်ဖွဲ့က ဦးဆောင်ပြီးစီးနင်းတာလို့ ခိုတိန်ရွာဒေသခံတစ်ဦးက ပြောပါတယ်။ တရုတ်နိုင်ငံသားတွေအပါအဝင် လူ၃၀၀ ကျော် ဖမ်းမိပြီး အဆောက်အအုံထဲက မွေ့ယာတွေ၊ ကွန်ပြူတာတွေနဲ့ လျှပ်စစ်ပစ္စည်းတွေအပြင် ပရိဘောဂပစ္စည်းတွေကို အလကား လာယူခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

” လာယူလို့ရတယ်ဆိုတော့ ယူကြတာပဲ။ တွေ့သမျှလူ လာယူခိုင်းတာ။ ကျတော်ထင်တာတော့ လက်စဖျောက်တာနေမယ်။ တရုတ်ရဲကပါ ရပ်ကြည့်နေတာ”လို့ ဒေသခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် တန်ဖိုးရှိတဲ့ ပစ္စည်းတွေကိုတော့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ မြို့နယ်အုပ်ချု​ပ်သူလူကြီးတွေက ဂိုဒေါင်ထဲမှာ သော့ခတ်သိမ်းထားပြီး ဘယ်သူ့မှ မပေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံက ကျားဖြန့်လုပ်ငန်းတွေဟာ ကမ္ဘာတစ်ဝန်းကငွေကြေးအမြောက်အမြား လိမ်လည်နေတာတွေနဲ့ လူကုန်ကူးမှုပြဿနာတွေကြောင့် အမေရိကန်အပါအဝင် နိုင်ငံတကာရဲ့ ပြင်းထန်တဲ့ ဖိအားတွေရှိနေပြီး အာဏာသိမ်းစစ်တပ်က အယောင်ပြဖမ်းဆီးနေတာ ဖြစ်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်း၊မူဆယ်မြို့နယ်မှာ စစ်တပ်နဲ့ ပတ်သက်တဲ့ ကျားဖြန့်ရုံတွေ အများအပြားရှိနေပြီး မနေ့က စီးနင်းမှုဟာ တရုတ်က သတင်းအတိအကျရပြီး လာဖမ်းတာလို့ ဒေသ‌ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ထီးချိုင့်- အင်းတော်လမ်းပိုင်းကို စစ်တပ်ထိုးစစ်ဆင်နေပြီး ထီးချိုင့်မြို့တွင်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကနေ ကား ၁၁စီးနဲ့ အင်အားတွေပို့ထားတယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကျွန်းလှမြို့နယ်၊သဖန်းဆိပ်ဆည်အနီးဝန်းကျင်ကဒေသခံတွေတူးဖော်နေတဲ့ တပိုင်တနိုင်ရွှေမျှောတွေကို စစ်တပ်က ဒီ​နေ့ လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိပါတယ်။

သတင်း

ဗျာလစစ်​ရှောင်စခန်းကိုဗုံးကြဲပြီး ၁၆ နာရီ ကျော်အကြာမှာ ပန်းနီလာစစ်ရှောင်စခန်းကိုစစ်တပ်ကဗုံးထပ်ကြဲ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်က အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ပြီး မြှုပ်နှံထားတဲ့ ပြည်သူ ၁၂ဦးရဲ့ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံသတင်းရင်း မြစ်တွေက ပြောပါတယ်။

Trending

Facebook