Connect with us

Hi, what are you looking for?

သတင်း

တစ်ကိုယ်တော်ခွေသစ် ဖြန့်ချိမယ့် ဖြူဖြူကျော်သိန်း

အနုပညာသက်တမ်း ၂၃ နှစ်ပြည့်မှာ ကိုယ်တိုင်ရေးသားထားတဲ့ ကိုယ်ပိုင်သံစဉ် သီချင်း ၁၁ ပုဒ်ပါဝင်မယ့် တစ်ကိုယ်တော်ခွေသစ်ဖြန့်ချိမယ်လို့ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းက ပြောပါတယ်။

ဩဂုတ်-၁၈၊၂၀၂၆။ဆဏ်း/People’s Spring

အနုပညာသက်တမ်း ၂၃ နှစ်ပြည့်မှာ ကိုယ်တိုင်ရေးသားထားတဲ့ ကိုယ်ပိုင်သံစဉ် သီချင်း ၁၁ ပုဒ်ပါဝင်မယ့် တစ်ကိုယ်တော်ခွေသစ်ဖြန့်ချိမယ်လို့ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းက ပြောပါတယ်။

“ဂီတသက်တမ်း၂၃ နှစ်ပြည့် အဆိုတော်မလေးတစ်ယောက်ရဲ့ ပြည်‌ပြေးဘဝ ၆ နှစ်အကြာမှာ အခက်အခဲ အတိုက်အခိုက်မျိုးစုံကြားက ပထမဆုံး ပြန်ထွက်လာမယ့် ဂီတလက်ဆောင် သီချင်းခွေလေးဟာ အားပေးနေတဲ့ ချစ်ပရိသတ်ကို စိတ်မပျက်စေရဘူးလို့ မျှော်လင့်ပါတယ်” လို့ ဖြူ‌ဖြူကျော်သိန်းကရေးသားထားပါတယ်။

ဒီအခွေကို ငါဆက်ရှိနေဦးမှာ လို့ နာမည်ပေးထားပြီး ဩဂုတ် ၂၈ ရက်မှာကျရောက်မယ့် ဖခင်ရဲ့ မွေးနေ့ မှာ အမှတ်တရ ဖြန့်ချိမယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ခွေရဲ့ memory stick ထုတ်တာက ထိုင်ဝမ်မှာ၊ printing house က ဘန်ကောက်မှာ၊ အဆိုတော်က ပြင်သစ်မှာ၊ ဖြန့်ချိရေးက ထိုင်းမှာ၊ music ပိုင်းက မြန်မာ၊ ထိုင်း၊ ပြင်သစ်၊ ဩစတျေးလျ နေရာစုံမှာ ဆိုတော့ နည်းမျိုးစုံနဲ့ကို တိုင်ပတ်ကြန့်ကြာနေတော့တာ။” လို့ တစ်ကိုယ်တော်ခွေသစ် နဲ့ပတ်သက်ပြီး ဖြူဖြူကျော်သိန်းက အသိပေးထားပါတယ်။

ဒီအခွေမှာပါတဲ့ သီချင်းတွေက တော်လှန်ရေးကြောင့် အိမ်ကထွက်လာရတဲ့ ၂၀၂၁ ဧပြီက စတင်ပြီး ဖြတ်သန်းခဲ့ရတဲ့ ကာလတစ်လျှောက်မှာ ရေးသားခဲ့တာလို့ဆိုပါတယ်။

“ဘဝအကြောင်း၊ ဖြတ်သန်းရာ ခေတ်ကာလအကြောင်း များများနဲ့ အချစ်အကြောင်း နည်းနည်း ရောပြီးဖျော်စပ်ထားတဲ့ သီချင်းတွေပါ လို့။ ပြည်တွင်းမှာသာ ဆက်နေခဲ့ရင် ရင်ထဲမှာပဲ သိမ်းထားလိုက်ရမယ့်၊ ပရိသတ်တွေ ဘယ်သောခါမှ ကြားလိုက်ရမှာ မဟုတ်တဲ့ သီချင်းလေးတွေပေါ့။” လို့ ဒီအခွေမှာပါတဲ့ သီချင်းတွေအကြောင်းကို ဖြူဖြူကျော်သိန်းက ပြောထားပါတယ်။

ဒီအခွေကို Online Platform တွေကနေ အားပေးနိုင်သလို နိုင်ငံတကာက ပရိသတ်တွေအတွက် Limited Edition Box အနေနဲ့လည်း ရောင်းချပေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။

“အခွေ မထွက်တာ ၆ နှစ်ကြာပြီဖြစ်လို့ လွမ်းနေကြတဲ့ ဖြူ့ Hardcore Fans တွေအတွက် အလှဓါတ်ပုံ ဝေဝေဆာဆာနဲ့ သီချင်းစာအုပ်၊ ဘယ် Platform မှာမှ မတင်မယ့် Exclusive music and video tracks တွေပါတဲ့ music memory stick အပါအဝင် တခြား လက်ဆောင်လေးတွေ ထည့်ထားတဲ့ Blind Box ပါ ” လို့ Limited Edition Box နဲ့ပတ်သက်ပြီး ဖြူဖြူကျော်သိန်းက အသိပေးထားပါတယ်။

အခွေထဲကသီချင်းတွေကို ပြည်တွင်း ပြည်ပက ဂီတမောင်နှမတွေက တီးခတ်ပေးထားတာဖြစ်တယ်လို့ ဆိုပါတယ်။

“Music ဖန်တီးရတဲ့ studio စရိတ်ကအစ မြန်မာမှာထက် အများကြီး ပိုများပါတယ်။ ဒါကြောင့် ဖြူတို့ exile musicians အများစု ခွေမထွက်နိုင်ကြတာပါ။ ဒါပေမယ့် ဖြူ့ထုံးစံအတိုင်း quality ကို တနေရာမှ လျော့မထားပါဘူး။ ပြန်ရမယ့် ငွေကြေးအမြတ်ကိုပဲ လျော့ထားလိုက်ပါတယ်။ ငွေကြေးအမြတ်က ရချင်မှလည်း ရမှာပါ။” လို့ ဖြူဖြူကျော်သိန်းက ပြောထားပါတယ်။

ဒီအခွေဖြစ်လာဖို့ကိုယ်ပိုင်ငွေတချို့နဲ့ စီးပွားရေးအမြတ် မမျှော်တဲ့ မိတ်ဆွေတွေရဲ့ပံ့ပိုးကူညီမှုတွေနဲ့ အကောင်အထည်ဖော်နိုင်ခဲ့တာလို့ ဆိုပါတယ်။

ဖြူဖြူကျော်သိန်းက စက်တင်ဘာလမှာ Rဇာနည်နဲ့စုံတွဲဖျော်ဖြေပွဲကို အမေရိကန်နိုင်ငံ နယူးယောက် မြို့ မှာပြုလုပ်မှာဖြစ်ပြီး အောက်တိုဘာလထဲမှာတော့ ကနေဒါနိုင်ငံမှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲပြုလုပ်သွားဖို့ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

UFC ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နဲ့ အဆိုတော် ဖြူဖြူကျော်သိန်းတို့ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပရိသတ်တွေ့ဆုံပွဲ (Meet & Greet) အစီအစဉ်ကို ဒီကနေ့ (မေလ ၂၅) ပြုလုပ်ခဲ့ပါတယ်။

သတင်း

Chin Refugee Committee ရဲ့ ၂၅ နှစ်ပြည့်ပွဲမှာ ဖျော်ဖြေတင်ဆက်ပေးမယ့် အဆိုတော် ဖြူဖြူကျော်သိန်းက မလေးရှားနိုင်ငံကို မေ ၂၄ ရက်မှာ ရောက်ရှိလာပါပြီ။

သတင်း

UFC ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နဲ့ အဆိုတော် ဖြူဖြူကျော်သိန်းတို့ မလေးရှားနိုင်ငံမှာ ကျင်းပမယ့် Chin Refugee Committee (CRC)အသင်းရဲ့ ၂၅ နှစ်မြောက် ငွေရတုအခမ်းအနားကို တက်ရောက်ပြီး ပရိသတ်တွေနဲ့ တွေ့ဆုံမယ် လို့ CRC က ထုတ်ပြန်ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစ်ိုးရ၊ကျန်းမာရေးဝန်ကြီးဌာန၏ Safe Hospital Safe Healthcare ကမ်ပိန်းအတွက် သိန်း ၇၀၀၀ ကျော်လှူဒါန်းခဲ့ ကြောင်း Phyu Phyu in Japan ကအသိပေးထားသည်။

Facebook