Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အရာရှိတွေ ပိတ်ဆို့အရေးယူတဲ့ ဗြိတိန်ရဲ့ဆုံးဖြတ်ချက် ချင်းလူ့အခွင့်အရေးအဖွဲ့နဲ့ MAP ကြိုဆို

အာဏာသိမ်းစစ်တပ်ရဲ့ အရာရှိ ၅ဦးအပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူတဲ့ ဗြိတိန်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization ) နဲ့ မြန်မာနိုင်ငံ တာဝန်ခံမှုဆိုင်ရာ စီမံကိန်း (Myanmar Accountability Project – MAP) တို့တို့က နိုဝင်ဘာ ၂၄ရက် နေ့စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

(ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ လုံခြုံရေးယူနေတဲ့ စစ်သားတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Getty Images)

နိုဝင်ဘာ ၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်ရဲ့ အရာရှိ ၅ဦးအပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူတဲ့ ဗြိတိန်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization ) နဲ့ မြန်မာနိုင်ငံ တာဝန်ခံမှုဆိုင်ရာ စီမံကိန်း (Myanmar Accountability Project – MAP) တို့တို့က နိုဝင်ဘာ ၂၄ရက် နေ့စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်းအတွက် မြန်မာနိုင်ငံမှာ တာဝန်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)ရဲ့ စီရင်ချက် ထွက်ပေါ်လာပြီးနောက် အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဘက်အရာရှိတွေဖြစ်တဲ့ မျိုးထွဋ်လှိုင်၊ မျိုးမင်းထွန်း၊ မြတ်သက်ဦး၊ ကျော်စိုးနဲ့ ကျော်စွာဦးတို့အပေါ် ပိတ်ဆို့မှုတွေ ချမှတ်ခဲ့တဲ့အပေါ် CHROနဲ့ MAP တို့က ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး သဘောထားတွေ ဖော်ပြခဲ့တာပါ။

ဗြိတိန်ရဲ့ပိတ်ဆို့အရေးယူမှု စာရင်းမှာပါရှိတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးအဖြစ်တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုငဟာ ချင်းပြည်နယ်အတွင်း စစ်ဆင်ရေးတွေမှာ အဓိက ကျတဲ့ စစ်ဘက်တာဝန်ရှိသူဖြစ်ပြီး အကျဉ်းသားများအပေါ် ရက်စက်ကြမ်းကြုတ်တာ၊ လူမဆန်စွာ ဆက်ဆံတာ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိတ်ပင်တားဆီးတာအပြင်စစ်တပ်ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ မှာ အဓိက ကျတဲ့ သူတဦးဖြစ်တယ်လို့ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလို ကျူးလွန်ရာမှာ အဓိက ကျတဲ့ မျိုးထွဋ်လှိုင်နဲ့ပတ်သက်ပြီး CHRO က ပြုစုခဲ့တဲ့ မှတ်တမ်းတွေ၊ သက်သေအထောက်အထားတွေကို အခြေခံကာ MAP က ဗြိတိန်အာဏာပိုင်များထံ တရားဝင် ပိတ်ဆို့အရေးယူပေးရန် တင်ပြတောင်းဆိုခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဗြိတိန်ရဲ့ အမည်ထုတ်ဖော် ပိတ်ဆို့ အရေးယူလိုက်တာဟာ ငွေကြေးဆိုင်ရာ ကန့်သတ်ချက် ဒါမှမဟုတ် ခရီးသွားလာခွင့် ပိတ်ပင်မှုတွေထက် များစွာ ပိုမိုနက်ရှိုင်းတဲ့ အဓိပ္ပါယ်ရှိကြောင်းလည်း CHRO အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇာအုပ်လင်းက ပြောကြားခဲ့တာကိုလည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MAPရဲ့ ဒါရိုက်တာ Chris Gunness ကလည်း ICJ ရဲ့ စီရင်ချက်အပြီးမှာ အခြားအဖွဲ့ဝင်နိုင်ငံတွေဟာလည်း မြန်မာနိုင်ငံရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်နေတဲ့ စစ်အုပ်စုအတွင်းရှိ ပုဂ္ဂိုလ်များအပေါ် ပိတ်ဆို့အရေးယူမှုများ ပိုမိုတင်းကျပ်လာစေဖို့ ဗြိတိန်နိုင်ငံကဲ့သို့ လိုက်ပါဆောင်ရွက်ကြရမယ်လို့ ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

CHROနဲ့ MAP တို့ရဲ့ ထုတ်ပြန်ချက်မှာ ဗြိတိန် နဲ့ မိတ်ဖက်နိုင်ငံတွေ အနေနဲ့ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ ထပ်မံညှိနှိုင်းဆောင်ရွက်ဖို့၊ လေယာဉ်ဆီနဲ့လက်နက်ထောက်ပံ့မှုများအပေါ် ကန့်သတ်ချက်များ ချမှတ်ပြီး ထိရောက်စွာ အကောင်အထည်ဖော်ဖို့၊ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို ပံ့ပိုးကူညီဖို့၊ လိုအပ်တဲ့ အခြေအနေတွေမှာ ဖမ်းဝရမ်းထုတ်ခြင်းနဲ့တရားစွဲဆိုခြင်းများ ဆောင်ရွက်ဖို့ စတာတွေ လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ