Connect with us

Hi, what are you looking for?

သတင်း

တကောင်းဒေသမှာ စစ်တပ်ယာဉ်တန်းကို မန္တလေး PDF ကြားဖြတ်တိုက်ခိုက်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် တကောင်းမြို့အနီးမှာ စစ်တပ်ယာဉ်တန်းကို မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY PDF)က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

(မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY PDF)က ရဲဘော်တွေ စစ်ရေးလေ့ကျင့်နေစဉ်။ ဓာတ်ပုံ -MDY PDF)

ဩဂုတ် ၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် တကောင်းမြို့အနီးမှာ စစ်တပ်ယာဉ်တန်းကို မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY PDF)က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သပိတ်ကျဉ်းအခြေစိုက် စစ်တပ်ရဲ့ အမှတ်(၁၃) တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တတက-၁၃)က ထွက်လာတဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ ယာဉ် ၁စီးထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်တာကတော့ တကောင်းမြို့အနီး (၃)မိုင်နေရာ ဝန်းကျင်မှာ ဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ အသေးစိတ်အခြေအနေကိုတော့ ဆက်လက်စုံစမ်းနေဆဲပါ။

Public Service Announcement

Public Service Announcement

စစ်ယာဉ် ၁၂ စီး အနက် ၁စီး ရရှိခဲ့ပြီး ၁၁စီးဟာ တကောင်းမြို့ကို ရောက်ရှိသွားပြီလို့လည်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

မန္တလေး PDF (အထူးလှုပ်ရှားတပ်မ)အနေနဲ့ မိတ်ဖက်တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပြီး စစ်ဆင်ရေးတွေကို အပြည့်အ၀ ဖော်ဆောင်သွားမှာ ဖြစ်ကြောင်း ဇူလိုင် ပထမပတ်မှာ ထုတ်ပြန်ကြေညာအသိပေးထားပါတယ်။

တပ်တခုလုံးအတိုင်းအတာ ပြန်လည်စုဖွဲ့ လေ့ကျင့်နေတာကြောင့် စစ်ဆင်ရေးတွေကို အကန့်အသတ်နဲ့ ဖော်ဆောင်နိုင်ခဲ့တဲ့ အခြေအနေကနေ စုဖွဲ့လေ့ကျင့်မှုတွေ ပြင်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ပြီးဖြစ်လို့ စစ်ဆင်ရေးတွေ ဖော်ဆောင်သွားမယ်လို့ အသိပေးခဲ့တာဖြစ်ပါတယ်။

တကောင်းဒေသမှာ တိုက်ခိုက်ခ့ရတဲ့ စစ်ယာဉ်တန်းတွေဟာ နောက်တန်းပြန်ဝင်ထားတဲ့ စစ်ကိုင်းမြို့ အခြေစိုက် တပ်မ(၃၃)က ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကိုထိုးစစ်ဆင်ဖို့ဆိုပြီး မန္တလေးတိုင်းက သပိတ်ကျင်းမြို့နယ်မှာ စုဖွဲ့မှုတွေလုပ်ခဲ့တဲ့အဖွဲ့တွေလို့ ဒေသခံတွေက ပြောပါတယ်။

တပ်မ(၃၃)ဟာ မန္တလေးမြို့ကနေ ကားအစီးရေ ၃၀ ကျော် မနေ့က မနက်ပိုင်းက သပိတ်ကျင်းမြို့နယ်ကိုထွက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ် ၁၉ ရက် မနက်ပိုင်းမှာ တပ်မ(၃၃) လက်အောက်ခံ ခမရ-၁၁၆ တပ်ရင်း နဲ့ ခမရ-၁၁၉တပ်ရင်းတွေ ကားအစီးရေ ၂၅ စီးနဲ့ မတ္တရာမြို့နယ်ကဖြတ်ပြီး သပိတ်ကျင်းမြို့နယ်ကနေ တကောင်းဒေသကို သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

သတင်း

မကွေး-နတ်မောက်လမ်းပိုင်းမှာ စစ်တပ်ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ မကွေးခရိုင်စစ်ဌာန သရက်ခရိုင် အမှတ် (၃)ငါးပြေမတပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်မှာ စစ်တပ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Trending

Facebook